ရန်ကုန်၊ နိုဝင်ဘာ ၁၂
ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင် ၏ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အတွက်
စစ်ဆင်ရေး အသုံးစရိတ်အဖြစ် ကျပ်သန်း ၁၀၀ တောင်းခံမှုအား ပြည်ထောင်စု
လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိ
သွားခဲ့ကြောင်း ကန့်ကွက်မဲ ပေးခဲ့သူ တစ်ဦးဖြစ်သည့် ရှမ်း
တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းဝါနုက နိုဝင်ဘာလ ၁၂
ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
ကာကွယ်ရေး
ဝန်ကြီးဌာနဘက်မှ စစ်ဆင်ရေးစရိတ်အတွက် ကျပ်သန်း ၁၀၀ တောင်းခံထားမှုကို မဲခွဲ
ဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ ၄၁၂ မဲ၊ ကန့်ကွက်မဲ ၆၀ မဲနှင့် ကြားနေ ၁၄
မဲတို့ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
““စစ်ဆင်ရေး
အသုံးစရိတ်ဆိုတာ များသောအားဖြင့် ပြည်တွင်း ပဋိပက္ခဖြစ်တဲ့ ဒေသတွေ
များသောအားဖြင့် အသုံးပြု တယ်လေ။ ပထမဦးဆုံး သုံးလမှာ လေးပုံမှာ တစ်ပုံပဲ
သုံးထားတယ်။ ကျန်ခုနစ်လမှာ လေးပုံမှာ ၃ပုံ ကျန်နေသေးတယ်။ လေးပုံသုံးပုံ
ကျန်နေတဲ့ အနေအထားမှာ ထပ်တောင်းတာတော့ ပမာဏ များသွားတဲ့ အတွက် ကန့်ကွက်ရတာ
တစ်ကြောင်းပါတယ်။ နောက်တစ်ကြောင်းက ကျွန်မတို့က အမျိုးသား ရင်ကြားစေ့ရေးနဲ့
ငြိမ်းချမ်းရေးအတွက် လုပ်နေတာ။ စစ်ဆင်ရေး အသုံးစားရိတ်ဆိုတာ ဒီလောက်ကြီး
များပြား နေစရာ မလိုဘူးပေါ့””ဟု ကန့်ကွက်မဲပေးသူ ရှမ်းတိုင်းရင်းသား
ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းဝါနု က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
သန်းတစ်ရာ တောင်းခံရခြင်းမှာ မြောက်ပိုင်းတိုင်းဌာနချုပ် နယ်မြေ တွင်ရှိသော
ရှေ့တန်းစစ်ဆင်ရေး နယ်မြေစခန်း၌ ကွန်ကရစ်ဘန်ကာ ၅ လုံး တည်ဆောက်ရန်နှင့်
ခြံစည်းရိုး ကာကွယ်ရန်အတွက်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က နိုဝင်ဘာလ ၁၀ ရက်နေ့ ပြည်ထောင် စုလွှတ်တော်
အစည်းအဝေး၌ တင်ပြ တောင်းဆို ခဲ့ခြင်းဖြစ်သည်။
““ဘာမှ ထူးလာမှာ
မဟုတ်ဘူးလေ။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း သမ္မတကိစ္စလည်း ဒီအတိုင်းပဲလေ။ ၁၀
ကြိမ်မြောက်မှာပဲ ကန့်ကွက် ထားပြီးသား ပေါ့နော်။ ၁၁ ကြိမ်မြောက်မှာ သဘောထား
မှတ်ချက်နဲ့ ပြန်လာ မယ်။ ပြန်ပြီးတော့ သဘောထား မယူရသေးဘူး။ ဒီငွေတွေကို
သုံးထားပြီးကုန်ပြီ ဒီသန်း ၁၀၀က အဲလိုမျိုး တွေ ဖြစ်နေတယ်။ အဲဒီတော့
တင်သာတင်တယ် လွှတ်တော်ထဲမှာ တကယ့်တကယ်တော့ သူတို့က အဲဒီငွေတွေကို
သုံးထားပြီးပြီ။ ဘာမှလုပ်လို့ မရပါဘူး။ အဲဒါကြောင့် အန်တီတို့က
သိပ်စိတ်မ၀င်စားတော့ဘူး”” ဟု ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်နန်းစေးဟွား က ပြောသည်။
ယင်းကဲ့သို့
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်မတစ်ခုအတွက် စစ်ဆင်ရေးစရိတ်
တောင်းခံမှုနှင့် ပတ်သက်၍ ယခု ကျင်းပလျက်ရှိသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ
ပြီးဆုံးချိန် သို့မဟုတ် ယင်းနှင့် ဆက်စပ်ဆွေး ပွဲသို့ တက်ရောက်နေသူ
အမေရိကန် သမ္မတ ဘားရက်အိုဘားမား ပြန်သွားချိန်တွင် တပ်မတော်ဘက်မှ
စစ်ရေးလှုပ်ရှားမှုများ ပြန်လုပ်လာနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့များဘက်မှ
ခန့်မှန်း နေကြ သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment