ရွေးကောက်ပွဲစနစ်
ပြောင်းလဲစေခြင်းသည် ရွေး ကောက်ပွဲအတွက်သာ ပြောင်းလဲ သည်ဟု
ကျဉ်းမြောင်းစွာ မယူဆ ဘဲ ပြည်ထောင်စုစနစ်ပီပြင်ရေး အတွက်
နိုင်ငံအုပ်ချုပ်မှုပိုင်း အပြောင်းအလဲနှင့် အထောက်အ ကူဖြစ်စေရန်ပါ
ရည်ရွယ်ချက်ရှိ ရမည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီက ထုတ်
ပြန်ကြေညာသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတစ်ရပ်ဖြစ်ရန် ရွေး ကောက်ပွဲစနစ် ပြောင်းလဲရေး သည် နိုင်ငံနှင့် နိုင်ငံသားများ အ ပေါ်တွင် နက်နက်ရှိုင်းရှိုင်းပါဝင် သက်ရောက်မှုရှိရမည်ဟု အမျိုး သားဒီမိုကရေစီအင်အားစုပါတီ က ယုံကြည်သည်ဟု ကြေညာ ချက်တွင် ဖော်ပြထားသည်။
သို့သော်ဒီမိုကရေစီကျင့်သုံး စနှင့် ဖွံ့ဖြိုးတိုးတက်ရန် အစပြု နေသည့် နိုင်ငံတစ်နိုင်ငံတွင် အုပ် ချုပ်ရေးစနစ်ခိုင်မာအားကောင်း ရမည်ဖြစ်ပြီး ယင်းသို့ခိုင်မာရန် မှာလည်း လက်ရှိရွေးကောက်ပွဲ စနစ်အရသာဖြစ်နိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းကပြောသည်။
ထို့အပြင် ရွေးကောက်ပွဲ စနစ်ကို တိုင်းနှင့် ပြည်နယ်များ တွင် ခွဲခြားကျင့်သုံးမည်ဆိုပါက ကိုလိုနီခေတ်၏ ခွဲခြားအုပ်ချုပ်မှု စနစ်အတိုင်းသာ ဖြစ်နေမည် ဟုလည်း ဦးဖြိုးမင်းသိန်းက ထောက်ပြသည်။
‘‘ဒီလိုပြောင်းလဲစအချိန်မှာ တည်ငြိမ်ခိုင်မာတဲ့ အစိုးရ၊ ပြည် သူကို တာဝန်ခံတဲ့ အစိုးရဖြစ်ဖို့ အရေးကြီးပါတယ်’’ဟု ရွေး ကောက်ပွဲတွင် အနိုင်ရသူများ သည် ပါတီအရေအတွက်အများ အပြားမှ ဖြစ်ပါက အားကောင်း သော အစိုးရမဖြစ်နိုင်ပုံကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာဇော်မြင့်မောင်ကပြောသည်။
အဓိကအတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ခွဲထွက်ထူထောင် ထားသော အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသည် ရွေး ကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲ ရန်အ သမ္မတ၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည့် ပါတီဖြစ် သည်။ ရွေးကောက်ပွဲစနစ်ပြုပြင် ပြောင်းလဲရန် ထောက်ခံသည့် ပါတီများ၏ ဆွေးနွေးချက်များနှင့် ကန့်ကွက်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆွေး နွေးချက်များအားလုံးကို နားထောင်ပြီးမှသာ မည်သူက တိုင်း ပြည်အပေါ် စေတနာရှိသည်ကို ဆုံးဖြတ်ပါဟု နိုဝင်ဘာ ၈ ရက် က လွိုင်ကော်မြို့တွင် ပြုလုပ်သောလူထုတွေ့ဆုံပွဲ၌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ သည်။
အဆိုပါတွေ့ဆုံပွဲတွင် ရွေး ကောက်ပွဲစနစ်ပြောင်းလဲခြင်း သည် လက်ရှိအချိန်၌ လုံးဝ သင့်လျော်မှုမရှိဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပြီး နောက် အမျိုးသားဒီမိုကရေစီအင် အားစုပါတီက အဆိုပါကြေညာ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
‘‘ပြည်သူများကြားမှ ဟို ပါတီကို တိုက်ခိုက်ချင်တာ၊ ဒီပါတီကို တိုက်ခိုက်ချင်တာတွေပျောက် အောင် ကျွန်တော်တို့ရဲ့ တရားဝင် သဘောတရားကို ထုတ်ပြန်ပေး လိုက်တာပါ’’ဟု အမျိုးသားဒီမို ကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောသည်။
ပြည်သူ့လွှတ်တော်တွင် သင့်လျော်သော ရွေးကောက်ပွဲစနစ် တစ်ခုကို ရွေးချယ်ကျင့်သုံးနိုင်ရန် ယခုရက်သတ္တပတ်အတွင်းပင် ဆုံးဖြတ်တော့မည်ဖြစ်ရာ ပါတီ၏ သဘောထားကို ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
ပြည်သူ့လွှတ်တော်တွင် ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ် ကို ယခုရက်ပိုင်းအတွင်း ဆုံး ဖြတ်မည်ဖြစ်ပြီး အမျိုးသားလွှတ် တော်ကမူ အချိုးကျကိုယ်စားပြု စနစ်ကိုသာ သင့်လျော်သည့် ဒီဇိုင်းဖြင့် ကျင့်သုံးရန် ဆုံးဖြတ်ထားပြီး လည်းဖြစ်သည်။

Credit - 7DAY DAILY
No comments:
Post a Comment