ဘန်ကောက်၊နိုဝင်ဘာ ၁၂
ထိုင်းနိုင်ငံတောင်ပိုင်းရှိ
ခို တောင်ကျွန်းတွင် ဗြိတိသျှခရီးသည် နှစ်ဦးတို့အသတ်ခံရမှုအတွက် ထိုင်း
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို သုံး သပ်ပြီးနောက် ဗြိတိသျှရဲတပ်ဖွဲ့သည်
ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီဖြစ် ကြောင်း၊ ယခုအခါသူတို့၏လေ့လာ
တွေ့ရှိချက်ကို အစီရင်ခံစာရေးတော့ မည်ဖြစ်ကြောင်း စကော့တလန်ယာ့ဒ် က
နိုဝင်ဘာ ၁၁ရက် ၌ ဆိုသည်။
ဗြိတိသျှခရီးသည်များ ဖြစ်ကြ သည့်
ဒေးဗစ်မီလာနှင့် ဟန်နားဝိ သာရိဂ်ျတို့အသတ်ခံရမှုအတွက် ထိုင်း
ရဲ၏စုံစမ်းစစ်ဆေးမှုကို လေ့လာရန် ဗြိတိန်မှထောက်လှမ်းရေးအဖွဲ့သည် လွန်ခဲ့သောလ၌ ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် သွားခဲ့သည်။
လူသတ်မှုအပေါ် ထိုင်းရဲ၏စုံ စမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ စိုး
ရိမ်မကင်းဖြစ်ရကြောင်း ဗြိတိန်က ဖော်ပြ ပြီး လူသတ်မှု စုံစမ်းစစ်ဆေး ရာတွင်
အကူအညီပေးမည်ဟုကမ်း လှမ်းပြီးနောက်ဗြိတိသျှထောက်လှမ်း ရေးအဖွဲ့အား ထိုင်းအာဏာပိုင်များ က ဝင်ရောက်လေ့လာခွင့်ပေးခဲ့ သည်။
ထိုင်းရဲ၏ စုံစမ်းစစ်ဆေးမှုကို ပြည်တွင်းပြည်ပမှ ဝေဖန်ကြသည်။
သူတို့၏ အလုပ်ကိုဖြစ်နိုင်သ မျှ ပြီးပြည့်စုံအောင်ဆောင်ရွက်ပြီး
ခဲ့ပြီဟု လန်ဒန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်၌ထုတ်ပြန်ခဲ့သည်။ ထုတ်
ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။ လေ့လာတွေ့ရှိသမျှကို အစီ ရင်ခံစာရေးရန်
သူတို့ ယူကေသို့ပြန် ပြီဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ကထုတ်ပြန် ကြေညာချက်တွင်
ဖော်ပြထားသည်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ ထိုင်း နိုင်ငံမှ
ထွက်ခွာသွားသည်ကို လန် ဒန်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ် ဦးက နောက်ပိုင်း၌အတည်ပြုပြော ကြားလိုက်သည်။
ဓါတ်ပုံ - ခိုတောင်ကျွန်းတွင်အသတ်ခံရသော ဗြိတိသျှခရီးသည်နှစ်ဦး။
#Democracyday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment