စစ်ကိုင်း၊ နိုဝင်ဘာ ၁၃
နိုင်ငံတော်အတွက် အရေးကြီးသည့်ကာလ
သတ်မှတ်ထားသောကြောင့် စစ်ကိုင်းတိုင်း အတွင်း လွတ်လပ်စွာ စုဝေးခွင့်နှင့်
စီတန်းလှည့်လည် ခွင့်အား နိုဝင်ဘာလ ၁ရက်မှ ၁၅ ရက်အထိ
ခွင့်ပြုမိန့်ချထားပေးခြင်း မရှိကြောင်း စစ်ကိုင်းမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးဉာဏ်သောင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။
နိုဝင်ဘာလ ဒုတိယ ပတ်အတွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်အတွက်
တင်ပြထားသူများ ရှိသော် လည်း ခွင့်ပြုမိန့် မချ ပေးခြင်းနှင့် ပတ်သက်၍
ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
““ ဒီရက်ပိုင်း အတောအတွင်း
မှာ အထက်ဌာနကနေပြီးတော့မှ အရေးကြီးကာလသတ်မှတ်ထား တဲ့အ တွက် ကြောင့်မို့ပါ။
ခွင့်ပြုမိန့် တင်လာတယ်ဆိုလို့ရှိရင် သတ်မှတ်ထားတဲ့
စည်းမျဉ်းစည်းကမ်းနဲ့အညီ လက်ခံပါ တယ်။ သူတို့ကို လုံးဝ လက်မခံဘူးဆိုတာတော့
မဟုတ်ပါဘူး။ နိုင်ငံတော်အနေနဲ့ အရေး ကြီးကာလလေးဖြစ်နေ တယ် ဆိုတဲ့
အခါကျတော့လေ၊ (၁)ရက်ကနေ (၁၅)ရက်အတွင်းမှာ ဆန္ဒထုတ်ဖော် ခွင့်မပေးဘူးဆိုတဲ့
နေရာမှာ မလို လားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးလို့ပါ။ ကျွန်တော်တို့ကတော့
ဒီရက်ပိုင်းအတွင်းမှာ သူတို့တစ်တွေနဲ့ အပြန်အလှန် ညှိရမှာပေါ့။ ရက်ကလေး
နောက်ဆုတ်ပေးဖို့ အဲဒီလိုပါ””ဟု စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး
ရဲမှူး ဉာဏ်သောင်းက မြန်မာသံတော်ဆင့် ၏ မေးမြန်းမှု နှင့်ပတ်သက်၍
ဖြေကြားသည်။…
မြန်မာနိုင်ငံ၌ ကျင်းပမည့် အာဆီယံ
ထိပ်သီးအစည်းဝေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲများကို နေပြည်တော် တွင်
နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ရာ ယင်းအစည်းအဝေးနှင့်
ဆက်စပ်သည့် အစည်း အဝေးများအတွက် အမေရိကန် သမ္မတအိုဘားမား အပါအ၀င် အိန်္ဒိယ၊
ဂျပန်၊ တရုတ်နှင့် တောင်ကိုရီး ယား နိုင်ငံ များမှ နိုင်ငံ့
ခေါင်းဆောင်များ တက်ရောက်ကြ မည်ဖြစ်ရာ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင်
လုံခြုံ ရေး တင်းကျပ်မှုများ ပြုလုပ်လျက်ရှိသည်။
ယင်းကဲ့သို့
လုံခြုံရေး အကြောင်းပြ၍ ခွင့်ပြုမိန့် မချပေးခြင်းအပေါ် စစ်ကိုင်းမြို့မှ
နိုင်ငံရေးသမားတစ်ဦးက ““ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရဆိုရင် သူမပေးလို့ မရဘူး။ ပေး ကို ပေးရ
မှာ။ နောက် ပြင်လိုက်တဲ့ဥပဒေမှာ ငြင်းပယ်ခွင့် မရှိဘူးဆိုတာပါတယ်လေ။
မပေးဘူးဆိုရင် သူတို့ကိုယ်၌ကိုက သူ တို့ထုတ်ထားတဲ့ ဥပဒေကို
ချိုးဖောက်တာပဲလေ။ မပေးဘူးဆိုရင် ငြိမ်းစုစီဥပဒေအရ သူတို့ကိုပြန်ပြီး
တရားစွဲလို့ ရတယ်ဆိုတာကို ပြည် သူတွေအနေနဲ့ နားလည်ထားစေ ချင်ပါတယ်၊ သူတို့က
ခွင့်ပြုမိန့် မပေးဘူးဆိုရင် ဒါဟာ အပြောင်းအလဲကာလမှာ
စိန်ခေါ်မှုတစ်ရပ်ပဲပေါ့။ ဒါမျိုးတွေကိုတော့ ကျွန်တော့် အနေနဲ့
မဖြစ်စေချင်ဘူး၊ နိုင်ငံ သူ နိုင်ငံသားတွေက သူတို့ရဲ့ဆန္ဒ၊ နစ်နာမှုတွေကို
ဖော်ပြတဲ့နေရာမှာ ပေး ကိုပေးရမယ်၊ မပေးရဘူးလို့ ဖော်ပြ မထားတဲ့အတွက်
ပေးသင့်တယ်လို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်””ဟု မှတ်ချက်ပြုပြောဆို သည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment