****************************************
ဈေးသူဈေးသားများသာပိုင်ဆိုင်သည့် ၁၃၁၈ သိန်းကျော်ကိစ္စတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူများ၏ အခုတစ်မျိုး တော်ကြာတစ်မျိုး ဆုံးဖြတ်ချက်များကြောင့်
ဈေးသူဈေးသားများ ကျေနပ်မှု မရှိကြကြောင်း သိရှိရပါသည်၊
““ ကသာမြို့(စည်ပင်သာယာပိုင်)ဈေးကြီး လွန်ခဲ့တဲ့ (၃)နှစ်လောက်က မီးလောင်သွားပါတယ်၊ ဈေးဆိုင်ခန်းတွေကို ကုမ္ပဏီတစ်ခုကဆောက်ပေးတယ်၊
ဆိုင်ခန်းဆောက်ခငွေတွေကို စည်ပင်က မစိုက်ပေးဘဲ ဈေးသူဈေးသားတွေ ငွေနဲ့ဘဲ ဒုက္ခရောက်နေကြတဲ့ကြားထဲက ဆိုင်ခန်းဖိုးတွေ ရှာပြီးပေးခဲ့ကြရတယ်၊စည်ပင်က မစိုက်ပေးတဲ့အပြင် ဈေးထဲမှာ လိုအပ်တဲ့
ဈေးအိမ်သာ၊ ထရန်စဖေါ်မာ၊ ရေတွင်းရေပိုက်တွေကအစ ဈေးသူဈေးသား ငွေတွေနဲ့ပဲ စည်ပင်သာယာအတွက် အကုန်အကျခံ ဆောက်ပေးခဲ့ရပါတယ်၊အဲဒါအပြင် ဆိုင်ခန်းတွေကို ချုံ့ပစ်တဲ့အတွက်
ပိုထွက်လာတဲ့ ဆိုင်ခန်းတွေကိုလည်း စည်ပင်က သိမ်းမယ်လုပ်တော့ ဈေးသူဈေးသားတွေ မခံနိုင်ဘဲ ကန့်ကွက်ခဲ့လို့ ပိုထွက်လာတဲ့ ဆိုင်ခန်းဖိုးတွေကို ရောင်းချပြီး ဈေးသူဈေးသားတွေကို
ခွဲယူဖို့ ကတိပေးထားခဲ့ပါတယ်၊ ၀န်ကြီးချုပ်ဦးသာအေးလာတော့လည်း ဈေးဆိုင်ခန်းရောင်းရငွေတွေကို ဈေးသူဈေးသားတွေကိုပဲ ခွဲပေးဖို့ ဈေးသူဈေးသားတွေအားလုံးရှေ့မှာ မှာကြားခဲ့ပါတယ်၊
နောက်ထပ် ဈေးဆောက်တဲ့ ကုမ္ပဏီနဲ့စာချုပ် ချုပ်ထားတာ ရှိပါတယ်၊ သတ်မှတ်ရက်အတွင်း မပြီးရင် တစ်ရက် (၁)သိန်း နှုန်း ရက်လွန်ဒါဏ်ကြေး ပေးရမယ်ပေါ့၊သတ်မှတ်ရက်အတွင်း မပြီးလို့
ဈေးဆောက်တဲ့ ကုမ္ပဏီ က ပေးတဲ့ ရက်လွန်ဒါဏ်ကြေးငွေ သိန်း(၁၅၀)လည်း ရှိပါတယ်၊ အဲဒီငွေတွေကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီး လာတုန်းက အားလုံး အရှေ့မှာ စည်ပင်လူကြီးတွေကို
ဈေးသူဈေးသားရှေ့မှာသွားတာ ရှိပါတယ်၊ အဲဒီ ရက်လွန်ဒါဏ်ကြေးငွေဟာ ငါတို့ စည်ပင်နဲ့ မဆိုင်ဘူး၊ဈေးသူဈေးသားတွေ ပိုင်တဲ့ငွေပဲ၊ အဲဒါ သူတို့ ခွဲယူကြပါစေ လို့၊ ဒါက အရင်က ပြောခဲ့တာ၊
အခုတော့ အဲဒီလို လူကြီး အရင်က ပေးခဲ့တဲ့ ကတိစကားတွေနဲ့ ဆန့်ကျင်ပြီး တိုင်းစည်ပင်က စာထွက်တယ်ပေါ့၊ တိုင်းစည်ပင်က ထွက်တဲ့စာမှာ ရည်ညွှန်းတာက တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို
ရည်ညွှန်းတာဆိုတော့ ကတိပေးသွားတဲ့ ၀န်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးတို့ ပေးထားတဲ့ ကတိ မတည်ဘူးပဲ ပြောရမှာပေါ့၊ တိုင်းစည်ပင်ရဲ့ စာထဲမှာ ဘာပါလဲဆိုတော့
(၁) ရက်လွန်ဒါဏ်ကြေးငွေ သိန်း(၁၅၀)ကို စည်ပင်ကို ပေးရမယ်၊ (၂) ဆိုင်ခန်းရောင်းရငွေ ငွေသိန်း ၁၂၀၀ကို ဈေးဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေအဖြစ်ထားရမယ် ပေါ့၊ ဒါကို ဘယ် ဈေးသူဈေးသားမှ မကျေနပ်ကြပါဘူး၊
ဈေးသူဈေးသားတွေ ပိုင်တဲ့ငွေတွေကို အပိုင်စီးခံရတယ်လို့ပဲ မြင်မိပါတယ်၊ ဖြစ်စေချင်တာက ကျွန်တော်တို့ ဈေးသူဈေးသားတွေ ပိုင်တဲ့ငွေကို အားလုံး ဆိုင်ခန်း ပိုင်ရှင်တွေကို အညီအမျှ ခွဲပေးပါ၊ အဲဒီလို
မပေးဘဲ အပိုင်စီးမယ်ဆိုရင်တော့ ဒီကိစ္စ ဘယ်အထိရောက်ရောက် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ”” ဟု ဈေးသူဈေးများ ကိုယ်စား ဈေးသည်တစ်ဦးမှ herjule media သို့ လာရောက်ပြောဆိုရင်ဖွင့်ခဲ့ပါသည်၊
ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ ၁၂၊၁၁၊၁၄ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊လွှတ်တော်ကိုယ်စားလှယ်၊မြို့စီခံ့ကော်မီတီများ၊ မြို့နယ် စည်ပင်ဥက္ကဌ တို့မှ ဈေးသူဈေးသားများတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဈေးသူဈေးသားများ ဖြစ်စေချင်သည့် ဆန္ဒအား
ဆန္ဒကောက်ယူ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပေးသွားမည် ဖြစ်ကြောင်းပြောဆိုသွားခဲ့ပါသည်၊ ဆွေးနွေးချက် အပြည့်အစုံအား မကြာခင် ရေးသားဖေါ်ပြသွားမည်ဖြစ်ပါသည်၊.(ဟာဂျူလီ-ကသာ)
အပြင်လမ်းဆိုင်များတွင် လမ်းဘေးဈေးသည်အများအပြားအား တစ်ဆိုင်ကို တစ်ရက်လျှင် (၁၀၀၀)နှုန်း ကောက်ခံ၍ ဆိုင်ဖွင့်ရောင်းချခွင့်ပြုထားသောကြောင့် ကသာမြို့ ဈေးသူဈေးသားများအနေဖြင့်ဆောက်လုပ်ပြီးစ ဈေးအသစ်တွင် ဈေးဝယ်များ မ၀င်ရောက်သောကြောင့် ငွေရေးကြေးရေး အခက်အခဲ လွန်စွာ ဖြစ်ပေါ်နေလျှက် ရှိကြပါသည်၊
Credit - (ဟာဂျူလီ-ကသာ)






No comments:
Post a Comment