အောင်ချိန်ဘွား
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မြို့ကြီးပြကြီးနေရတဲ့ဘဝဟာ ဒုက္ခဗရပွနဲ့ပါပဲ။ ဆင်းရဲတဲ့လူတွေနေရထိုင်ရပုံရဲ့
ဘဝ လမ်းကြောင်းကို ဆိုလိုတာပါ။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲ
ဆင်းရဲနိုင်ငံတွေမှာ အနည်းဆုံးလူဦးရေသန်း ၁ဝဝဝ ဟာ
မြို့ကြီးတွေရဲ့ပြည့်သိပ်ညစ်ညမ်းလှတဲ့ဝန်းကျင်မှာ နေကြ ရပါတယ်။
ကုလသမဂ္ဂရဲ့ ၂ဝဝ၆ ခုနှစ်လေ့လာ သုံး သပ်ချက်အရ ၂ဝ၂ဝ ပြည့်နှစ်ရောက်ရင် အဲဒီလိုနေ ကြရတဲ့လူဦးရေဟာ သန်း ၁၄ဝဝ အထိတိုးများလာ မယ်တဲ့။
အဲဒီလိုနေရတဲ့မြို့ပြဆင်းရဲ
သားတွေဟာ အချို့က ဆင်ခြေဖုံးတဲတန်း အိမ်ကျပ်တွေမှာနေကြရမယ်။ ခိုအိမ် လိုအခန်းကျဉ်းလေးနဲ့ ပန်းကန်စင်လိုတိုက်ခန်းတွေမ
ှာ တစ်မိသားစုလျှင် အခန်းတစ်ခန်းတည်းနဲ့နေရတဲ့အ
ဖြစ် မျိုးရောက်မယ်။ တချို့က မြို့စွန်ရှိယာယီရပ်ကွက်တို
့ ကျူးကျော်နေရာတို့မှာ ကျူးကျော်တဲတို့မှာနေကြတယ်။
အချို့က စွန့်ပစ်ထားတဲ့ကားအိုကားစုတ
်တို့၊ ကုန်သေတ္တာ ဟောင်းတို့မှာနေပြီး အချို့ကသွပ်ပြားတို့၊ ပျဉ်ချပ်တို့၊ ချပ်ပုံးချပ်ပြားတို့စတဲ့စွ
န့်ပစ်ပစ္စည်းတွေနဲ့
အခန်းဖွဲ့နေ ကြတယ်။ အချို့က ပလတ်စတစ်ဟောင်း၊ တာလပတ် ဟောင်း၊
တာပေါ်လင်ဟောင်းတွေနဲ့ အမိုးအကာလုပ် ထားတဲ့ တဲကုပ်မှာနေကြတယ်။ အဲဒီအထဲမှာ
နေစရာ ကိုမရှိလို့ လမ်းဘေးနဲ့တိုက်ကြိုတိုက်ကြ
ားတွေမှာပဲ နေကြ အိပ်ကြတယ်။
ဆင်းရဲနိုင်ငံရဲ့မြို့ကြီးေ
တွမှာ
သန့်စင်တဲ့ရေပေးဝေ ရေးမရှိ၊ ရေနုတ်မြောင်း၊ မိလ္လာပိုက်လိုင်းမရှိ၊
လျှပ်စစ် မီးမရှိ၊ လမ်းမရှိဘဲ စက်ရုံတွေအနီးမှာ ဖြစ်ပေါ်နေတဲ့
ပျံကျရပ်ကွက်သစ်မို့ ရေရောလေပါညစ် ညမ်းတဲ့အပြင် စက်ရုံရဲ့စွန့်ပစ်ပစ္စည်းတွေ
ရဲ့
ဒုက္ခပေးတဲ့ဒဏ်ပါ ခံရ သေး။ ပြီးတော့ အဲဒီသူတွေနေထိုင်ရာ နေရာတွေဟာ
အများအားဖြင့် မြေပြိုတဲ့ဒဏ်၊ ငလျင်ဒဏ်နဲ့ရေကြီးတဲ့ ဒဏ်ကို
အခံရဆုံးနေရာတွေဖြစ်နေတတ်တယ
်။
တချို့မြို့တော်အုပ်ချုပ်ရေ
းဌာနတွေက အဲဒီကျူး ကျော်ရပ်ကွက်တွေ၊ ဖြစ်သလိုဆောက်နေတဲ့အိမ်တွေ၊
တရားမဝင်အခြေချနေထိုင်သူတွေ
ရှိရာကို ရဲနဲ့စစ်တပ် လွှတ်ပြီး မောင်းထုတ်တာလဲရှိတယ်။ ဘူဒိုဇာနဲ့ထိုးပြီး ရှင်းပစ်တဲ့အဆင့်ထိလုပ်တာလဲ
ရှိတယ်။
ဒါပေမဲ့အဲဒီလို နေထိုင်ရသူတွေဟာ မြို့ဝန်းကျင်ရဲ့အခြားတစ်နေ
ရာ ကို ရုတ်တရက်ဝင်ရောက်ပြီး ရွှေ့ပြောင်းနိုင်တဲ့ အိမ်ရာ လေးတွေနဲ့ကြီးထွားများပြားလ
ာအောင် ပြန်ပေါ်လာကြ တာပါပဲ။
ကမ္ဘာပေါ်ရှိနိုင်ငံအများအပြာ
းမှာ အဲဒီလိုနဲ့မြို့ကြီး ပြကြီးတွေကို အရုပ်ဆိုးအကျည်းတန်စေတာတွေအ
များ အပြားရှိခဲ့တယ်။ မြန်မာနိုင်ငံရန်ကုန်မြို့ေ
တ်ာမှာလဲ
ရှိ ခဲ့တာပဲ။ ရှိနေတာပဲ။ ဒါမျိုးမရှိအောင် အစိုးရက မလုပ် နိုင်ဘူးလားတဲ့။
လုပ်ချင်ရင်၊ လုပ်တတ်ရင်၊ လုပ်နိုင်ပါ တယ်လို့ ကမ္ဘာ့မြို့ပြပညာရှင်တွေကပြေ
ာတယ်။ နည်း လမ်းလဲပေးတယ်။
ဒီလိုပြဿနာကို ဖြေရှင်းဖို့ဟာ နိုင်ငံတော်အစိုးရက ရေရှည်စီမံကိန်းချပြီး တစ်ရစ်ချင်းပိုင်ပိုင်နိုင်
နိုင်အကောင် အထည်ဖော်ရပါတယ်။
စိတ်ဓာတ်အပြည့်နဲ့စောင့်ကျပ
် လုပ်ကိုင်ရပါမယ်။ ဥပမာပေးတယ်။ ဘရာဇီးနိုင်ငံနဲ့ ပီရူး နိုင်ငံတို့မှာလုပ်နိုင်ခဲ့
တာတွေရှိတယ်တဲ့။
ဦးစွာပထမကျေးလက်ဒေသတွေက မြို့တော်ကြီး တွေဆီကို ရွှေ့ပြောင်းလာကြတာတွေနှေးအေ
ာင်လျော့ အောင် လုပ်ရမယ်။ ရွာစွန့်ရွာရှောင်တဲ့ ဖြစ်ရပ်တွေကို မရှိအောင်လုပ်ရမယ်။
(မြန်မာနိုင်ငံလိုပြည်တွင်း
စစ်မီး မငြိမ်းသေးလို့ ကျေးလက်တောရွာတွေမှာ တိုက်ပွဲတွေ ဖြစ်တော့ စစ်ပြေးစစ်ရှောင်သူတွေမြို့
တက်လာတာကို ဘယ်လိုလုပ်မလဲလို့ပြောသူတွေ
ရှိတယ်။ မလွယ်လှဘူး။ ထာဝရငြိမ်းချမ်းရေးရအောင်၊ အပစ်ရပ်ရေးအမြန်လုပ် ပေးလို့ရမလား။ မြန်မာနိုင်ငံရဲ့နောက်ပြဿနာ
ကြီးတစ် ခုက ကျေးလက်ဒေသရှိလယ်ယာမြေတွေကိ
ု နည်းမျိုး စုံနဲ့အာဏာလက်ကိုင်ရှိသူတွေ
က
အများကြီးသိမ်းပိုက် တယ်။ ကျေးတောသားတွေလုပ်ကိုင်စရာ နေစရာမြေ
တွေလက်လွှတ်ဆုံးရှုံးရတော့ မြို့ငယ်မြို့ကြီးတွေဆီ တက်လာကြတာပေါ့။
ဒါမျိုးကြီးမားတဲ့ပြဿနာတွေ ဖြေရှင်းမပေးနိုင်သေးသရွေ့ မြန်မာနိုင်ငံမှာတော့
မြို့ကြီး တွေဆီကို ရွှေ့ပြောင်းလာတာလျော့အောင် လုပ်ဖို့မ လွယ်သေးပါ။)
ကျေးလက်ဒေသတွေက မြို့ကြီးတွေဆီ ကို ပြောင်းရွှေ့နေထိုင်ကြတဲ့
အကြောင်းအရာတွေက အများကြီးပဲ။ တစ်ကမ္ဘာလုံး ရှေးကနေယနေ့အထိ
တောရွာကနေမြို့ဘက်ချည်းတက်လ
ာကြတဲ့
သမိုင်းစဉ် လာပဲရှိတယ်။ ကမ္ဘာပေါ်မှာ တစ်နေ့တခြားကျေးလက်
ဒေသနေလူဦးရေလျော့လာပြီး မြို့ကြီးပြကြီးနေလူဦး ရေတိုးပြီးရင်း
တိုးလာနေတာကို ဘယ်လိုဟန့်တားမှာ တဲ့လဲ။
ပညာရှင်တွေက နည်းလမ်းတွေပေးလာကြပါပြီ။
နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတထွက်ကုန်ပစ္စည်းတွေနဲ့
ကုန်ကြမ်းပစ္စည်းတွေဟာ ကျေးလက်ဒေသတွင်သာ ရှိကြတယ်။ အဆိုပါထုတ်လုပ်မှုလုပ်ငန်းတေ
ွ ဆောင် ရွက်တဲ့ ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင်စီစဉ်
ပေး
ရမှာဖြစ်တယ်။ အနီးဝန်းကျင်မှ ကျေးရွာတွေကို မြေမသိမ်း မီ၊
အစားထိုးနေရာများ အကျအနစီစဉ်ပေးရုံမက မူလ ကျေးရွာအဆင့်ထက် လူနေမှု
စနစ်ပိုမိုမြင့်မားအောင်လုပ
်ပေးရမယ်။
ပညာရေးအတွက် ကျောင်းများ၊ ကျန်းမာ ရေးအတွက် ဆေးရုံဆေးခန်းများ၊
လူမှုရေးဘာသာရေး ဆိုင်ရာ အဆောက်အအုံများ တည်ထောင်ပေးရမယ်။
အခြေခံအဆောက်အအုံများဖြစ်တဲ
့ လမ်းများကောင်းမွန် ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေသန့်ရရှိရေး၊ပတ်ဝန်း ကျင် ကောင်းမွန်ရေးများစနစ်တကျလု
ပ်ဆောင်ပေးရမယ်။
ဒီလိုလုပ်ဆောင်ချက်တွေဆိုတာ
သဘာဝထွက်ကုန်များ၊ သယံဇာတပစ္စည်းများဖြစ်တဲ့၊ သတ္တု၊ ရေနံ၊ ကျောက် မျက်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန
်းများကို အဆင့်မြင့်မြင့် လုပ်ကိုင်တိုင်း အလိုအလျောက်တွဲဖက်ပါဝင်လာမယ
့်
လုပ်ငန်းတွေဖြစ်တယ်။ ဒါကြောင့်ထူးပြီး သီးသန့်လုပ်
ပေးနေရမယ့်ကိစ္စမဟုတ်တာကို လျစ်လျူရှုခဲ့ကြလို့သာ ဖြစ်တယ်။ ကျေးရွာနေ
ပြည်သူတို့ကို အလေးမထား ဂရုမစိုက်ဘဲ အထင်သေးလေ့ရှိခဲ့တဲ့ အစိုးရတွေကြောင့်
သာဖြစ်တယ်။ အချို့အယူအဆလွဲမှားခဲ့တယ်။ လွန်ခဲ့ တဲ့အနှစ် ၂ဝဝ ကျော်က
ရှေးရိုးစွဲအသိပညာဟောင်း တွေကို ခေတ်အမြင်နဲ့မလုပ်ဘဲ
မျှောလိုက်ခဲ့လို့သာဖြစ် တယ်လို့ဆိုတယ်။
စက်မှုတော်လှန်ရေးများပေါ်ပေါ
က် ပြီး စက်ရုံကြီးများကို မြို့ကြီးများအနီးမှာတည်ဆော
က်
ခဲ့ခြင်းမှာ စက်သုံးဆီရေနံတွေကို မြို့ကြီးနားမှာသာရရှိ ခြင်း၊
လျှပ်စစ်ဓာတ်အားစတဲ့ စွမ်းအင်ကို မြို့ကြီးများ ကို ပံ့ပိုးရာမှ
မြို့အနီး၌သာရရှိခြင်း၊ လမ်းပန်းဆက် သွယ်ရေးကို မြို့ကြီးများ၌သာ
ကောင်းစေခြင်းတို့ကြောင့် ထိုစဉ်က ထိုအခြေအနေအရ မြို့ကြီးနားမှာ စက်မှုလုပ်
ငန်းတွေတည်ထောင်ခဲ့ကြတယ်။ အခုခေတ်မှာတော့ လမ်းပန်းဆက်သွယ်ရေးကို
နိုင်ငံအနှံ့နေရာတိုင်းအရော
က် ကောင်းမွန်အောင်လုပ်ပေးနိုင
်ပြီဖြစ်တယ်။
သဘာဝ ထွက်ကုန်များထုတ်လုပ်တဲ့ ကုန်ကြမ်းရရှိရာ ကျေးလက် ဒေသတွေမှာသာ
ကုန်ချောထုတ်စက်ရုံ တည်ထောင်ရင် ပိုလို့သာ အဆင်ပြေတယ်။
ဒါ့ပြင်နိုင်ငံတိုင်းလိုလို
လုပ်သားအင်အားလူ့စွမ်း အားကို ကျေးလက်နေပြည်သူတို့ဆီက အများဆုံးရရှိ တယ်။
ထိုသူတွေကို မြို့ကြီးတွေဆီကို ကျပ်ညပ်များ ပြားအောင် လာရောက်စေပြီးမှ
အလုပ်လုပ်ကိုင်စေမယ့် အစား အဲဒီလုပ်သားအင်အားလူ့အရင်းအ
မြစ်အများ ဆုံးရှိရာနဲ့ ကုန်ကြမ်းထွက်ရှိရာဒေသတောရွ
ာတို့မှာသာ
စက်ရုံအလုပ်ရုံတွေ သွားရောက် တည်ဆောက်ပေးတဲ့ နည်းမျိုးကို
နိုင်ငံအတော်များများမှာ လုပ်ကိုင်နေကြ တယ်။ အထူးသဖြင့်
တရုတ်ပြည်ကြီးလိုမြေဧရိယာ အလွန်ကျယ်ပြန့်ပြီး ဝေးလံသီခေါင်တဲ့ အနောက်
မြောက်ပိုင်းက တောင်ကုန်းထူထပ်ပြီး သဲကန္တာရတောင် ရှိတဲ့ကျေးလက်ဒေသတွေမှာ
ဒေသဖွံ့ဖြိုးရေးကိုဦးတည် ပြီး နိုင်ငံခြားရင်းနှီးမြှုပ်န
ှံမှုတွေကို
သွေးဆောင်စည်း ရုံးလို့ရအောင် ကားလမ်း၊ တောင်ပေါ်ရထားလမ်းကြီး
တွေဖောက်ပေးခဲ့တယ်။ ကျေးလက်ဒေသတွေဖွံ့ဖြိုးလာ ခဲ့တယ်။
ဒါမျိုးတခြားနိုင်ငံတွေမှာေ
ရာ ဘာလို့မလုပ်နိုင် ရမှာလဲ။
အဲဒီလိုကျေးလက်ဒေသတွေဖွံ့ဖြ
ိုးတိုးတက်လာ
ရင် မြို့တော်ကြီးတွေကို တက်လာမယ့်လူဦးရေသိသိသာ သာလျော့ကျသွားပါမယ်။
အဲဒီကျေးလက်ဒေသတွေက ထွက်တဲ့ ကုန်ချောတွေ၊ မြို့တော်တွေ၊ ဆိပ်ကမ်းမြို့တွေဆီ
အလွယ်တကူအမြန်ရောက်အောင် ကားလမ်း၊ ရထား လမ်းတွေကောင်းကောင်းဖောက်ပေ
းရုံမက၊
လိုအပ် ရင် ပိုက်လိုင်းတွေ သွယ်ပေးရမယ်။ ဒါ့အပြင် မြို့ငယ်လေး တွေကိုလဲ
ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးရမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်န
ှံသူတွေဆိုင်ရာ မြို့ငယ်တွေမှာ သွားရောက် ရင်းနှီးမြှုပ်နှံဖြစ်အောင်
နိုင်ငံတော်အစိုးရ က သိမ်းသွင်းပေးရမယ်။
ဥပမာ-ရော်ဘာစက်ရုံ၊ တာယာစက်ရုံတွေလာ တည်ဆောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်န
ှံသူတွေကို သံဖြူ ဇရပ်မြို့နယ်မှာ တည်ထောင်စေမယ်။ ရေထွက်ကုန် ပစ္စည်း၊ စည်သွတ်ဘူးစက်ရုံလုပ်ငန်းကိ
ု ဖျာပုံမြို့မှာတည် ထောင်စေမယ်။ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက
်ရုံ ကြီး လာဆောက်ချင်ရင် မြင်းခြံသို့မဟုတ်မုံရွာမြိ
ု့မှာလုပ် စေပေါ့။ အဲဒီလိုမြို့တွေအများကြီးမှ
ာခွဲပြီး
စက်မှုလုပ် ငန်းတွေပေးလုပ်ရင် ရန်ကုန်၊ မန္တလေးမှာ လူတွေပြုံမတိုး တော့ဘူး။
ဒီလိုမဟာဗျူဟာနည်းတွေ၊ မူဝါဒတွေကို အဆင့်မြင့်မြင့်တွေးတောကြံဆ
လုပ်ကိုင်ရင် မြို့တော် ကြီးတွေတိုးချဲ့ပြန့်ကားလာလ
ို့ အလွန်ဇယားရှုပ်အောင် ရှင်းမရတဲ့ပြဿနာမျိုးတွေလျေ
ာ့နည်းပပျောက်သွားမှာ ဖြစ်ပါတယ်။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment