Thursday, November 13, 2014

အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး

နေပြည်တော်၊ နိုဝင်ဘာ ၁၃

အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို ဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ မှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုတို့ အကြား တောင်တရုတ်ပင်လယ်ကိစ္စ၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု မြှင့်တင်ရေးတို့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီ ခဲ့ကြပါတယ်။

အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းမဲ့ဇုန်စာချုပ် နောက်ဆက်တွဲ ပရိုတိုကော (Protocol) မှာ အဏုမြူလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေလည်း ပါဝင် လက်မှတ်ထိုးနိုင်ဖို့၊ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေး ပြဿနာတွေ ဖြစ်တဲ့ အစွန်းရောက် ပြည်ပ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်၊

ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကိစ္စတွေနဲ့ အီဘိုလာလို ကူးစက်ရောဂါ ကာကွယ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးမှာ တက်ရောက် သတင်းယူနေတဲ့ The Voice သတင်းထောက်က သတင်းပေးပို့ ပါတယ်။

သတင်းအချက်အလက် လုံခြုံရေးနဲ့ သားရိုင်းတိရိစ္ဆာန် တရားမဝင် ကုန်သွယ်ရောင်းချမှု တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါး၊ လူနဲ့ လက်နက်မှောင်ခိုမှု နှိမ်နင်းရေးတွေမှာလည်း ပူးပေါင်းကြဖို့ ဆွေးနွေးခဲ့ပါတယ်။

Credit - The Voice Weekly


 

No comments:

Post a Comment