Thursday, November 13, 2014

အမေရိကန် Midterm Election မှာ ဒီမိုကရက်တစ်များ အရေးနိမ့်ပြီး ရီပတ်ဘလစ်ကင်များ အနိုင်ရခြင်းကြောင့်

အမေရိကန် Midterm Election မှာ ဒီမိုကရက်တစ်များ
အရေးနိမ့်ပြီး ရီပတ်ဘလစ်ကင်များ အနိုင်ရခြင်းကြောင့်
မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် ဘာတွေသက်ရောက်မှုရှိလာနိုင်သလဲ
================================================

ငယ်ထွေး(ကလေးမြို့)

အမေရိကန်နိုင်ငံတွင် လွှတ်တော်သက် တမ်းတစ်ဝက် ကြားဖြတ်ရွေးကောက်ပွဲ များကို ကျင်းပနေကြပြီး ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတအိုဘားမာ၏ပါတီ ဒီမိုကရက် တစ်ပါတီအား အတိုက်အခံပါတီဖြစ်သည့် ရီပတ်ဘလစ်ကင်ပါတီက နေရာအများစုတွင် အနိုင်ရခဲ့ပြီး ဆယ်နှစ်တာကာလအတွင်း အ ထက်လွှတ်တော်နှင့် အောက်လွှတ်တော်၊ လွှတ်တော်နှစ်ရပ်စလုံးကို ပြန်လည်ထိန်းချုပ် လာနိုင်မည့်အနေအထားမျိုး ဖြစ်လာသည်။


မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် နှစ်ပေါင်း ၆ဝခန့် ချစ်ကြည်ရင်းနှီးမှု အဆက် အသွယ်ပြတ်ခဲ့ရပြီး ၂ဝ၁ဝပြည့်နှစ်နောက်ပိုင်း မှစတင်ကာ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ ကို အသိအမှတ်ပြုကာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံရေး၊ စီးပွား ရေးများကို အိုဘားမားဦးဆောင်သည့် အစိုးရ မှ ကူညီပံ့ပိုးမှုများ စတင်ပြုလုပ်ခဲ့သည်ကို တွေ့ ရသည်။

ယေဘုယျအားဖြင့် ဒီမိုကရက်တစ်ပါတီ နှင့် ရီပတ်ဘလစ်ကင်ပါတီကြား သိသာသည့် ခြားနားချက်တစ်ခုမှာ ဒီမိုကရက်တစ်များသည် ပြဿနာများကို စဉ်းစားရာတွင် ပျော့ပျောင်း သည့် သဘောထားရှိပြီး ရီပတ်ဘလစ်ကင်များ ကတော့ သဘောထားတင်းမာသည့်သဘော ထားရှိပြီး ယခုရွေးကောက်ပွဲ မတိုင်ခင်ကပင် အိုဘားမား၏ မူဝါဒများနှင့်ပတ်သက်၍ ရီ ပတ်ဘလစ်ကင်များက တိုက်ခိုက်မှုများရှိခဲ့ပြီး ယင်းတို့ထဲတွင် မြန်မာပြည်ပြဿနာလည်း ပါသည်ကို တွေ့ရသည်။

ထို့ကြောင့် အိုဘားမား၏ မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ တွင် မူဝါဒရေးရာများ ပိုမိုတင်းကျပ်လာနိုင် သည်ဟု နိုင်ငံတကာရေးရာကျွမ်းကျင်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

''ပြီးခဲ့တဲ့ရက်ပိုင်းက ဦးအောင်သောင်းကို ဆန်ရှင်လုပ်လိုက်တာက ရီပတ်ဘလစ်ကင် ပါတီကနေပြီးတော့ သူ့အပေါ် ဝေဖန်နေတိုက် ခိုက်နေတဲ့အပေါ်မှာ သူဟာ အဲဒီလောက် မပျော့ပျောင်းဘူးဆိုတာ ပြသဖို့အတွက် ခြေ လှမ်းစလိုက်တာလို့ ထင်ပါတယ်။ နိုင်ငံရေး ပြောင်းလဲမှုက ရှေ့မတိုး၊ နောက်မဆုတ်အခြေ အနေမျိုး၊ ဖွဲ့စည်းအုပ်ချုပ်ပုံပြောင်းလဲရေးက လဲ ဘာမှမတိုးတက်လာဘူးဆိုရင်တော့ ရီပတ် ဘလစ်ကင်တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန် နိုင်ဖို့အတွက် ပိုပြီးတော့တင်းမာလာတဲ့ မူဝါဒ တွေ သုံးလာနိုင်တယ်ထင်ပါတယ်''ဟု ဦးသန်း စိုးနိုင်က ပြောသည်။

မြန်မာပြည်ပြဿနာနှင့်ပတ်သက်၍ ပြု ပြင်ပြောင်းလဲရေးမှာ ရှေ့မတိုးဘဲ တန့်နေပြီး အိုဘားမား၏ မြန်မာပြည်ပေါ်လစီသည် အုပ် စိုးသူ အာဏာပိုင်များနှင့် ပူးပေါင်းလွန်းကာ လိုလားလွန်းသည့် ပုံပေါက်နေသည်ဟု ရီပတ် ဘလစ်ကင်များက ယူဆကြောင်း ဦးသန်းစိုး နိုင်က သုံးသပ်သည်။

စီးပွားရေးပိတ်ဆို့မှုတွေ ထပ်တိုးလာမှာလား
*************************************************
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ ကို အသိအမှတ်ပြုသည့်အနေဖြင့် အီးယူနိုင်ငံ များက စီးပွားရေးပိတ်ဆို့မှုများကို အားလုံး ဖြေလျှော့ပေးခဲ့သကဲ့သို့ အိုဘားမား၏ ဒီမိုက ရက်တစ်ပါတီဦးဆောင်သည့် အမေရိကန်အ စိုးရအဖွဲ့ကလည်း စီးပွားရေးပိတ်ဆို့မှု တော် တော်များများကို ဖြေလျှော့ပေးခဲ့ပါသည်။ ယင်း ကဲ့သို့ ဖြေလျှော့ပေးခဲ့ခြင်းမှာ အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များသည် အရှေ့တောင်အာရှတွင် စံတစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆသောကြောင့် ဖြစ် သည်ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

သာမန်အားဖြင့် စဉ်းစားမည်ဆိုလျှင် သဘောထားတင်းမာသည့် ရီပတ်ဘလစ်ကင် များ လွှတ်တော်အတွင်း ပြန်လည်အုပ်စိုးလာ သဖြင့် စီးပွားရေးပိတ်ဆို့မှုများ ဆက်လုပ်နိုင် သည်ဟု ထင်ရသော်လည်း အမေရိကန်၏ အရှေ့တောင်အာရှမူဝါဒရေးရာနှင့် မြန်မာနိုင်ငံ ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုတို့ကြောင့် ရီပတ်ဘလစ်ကင်များ အနိုင်ရခြင်း မရခြင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများ ဆက် တိုးမှု မတိုးမှုအပေါ် ရိုက်ခတ်မှုများ မရှိနိုင် ကြောင်း အင်္ဂလန်နိုင်ငံတွင် နိုင်ငံရေးသိပ္ပံပညာ ရပ် ဒီပလိုမာသင်တန်းတက်နေသည့် ဦးမင်း မင်းလတ်က ယင်းအမြင်ကို ပြောသည်။

''ရွေးကောက်ပွဲဆိုတာက သူတို့ရဲ့ ပြည် တွင်းနိုင်ငံရေးပါ။ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒအရဆိုရင် အာရှဒေသမှာ မဟာဗျူဟာ ချိန်ခွင်လျှာညှိဖို့ဆိုတာ တော်တော်ကို ဂရုတစိုက် ရှိတဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်။ ရီပတ်ဘလစ် ကင်ပဲ တက်တက်၊ ဒီမိုကရက်တစ်ပဲ တက်တက် နိုင်ငံခြားရေးရာမူဝါဒနဲ့ ပတ်သက်ပြီးတော့ ထူးထွေပြောင်းလဲစရာမရှိပါဘူး။ စီးပွားရေးသ မားအများစုပါတဲ့ ရီပတ်ဘလစ်ကင်ပါတီ အာဏာရလာမယ်ဆိုရင် မြန်မာနိုင်ငံတင်မက ပါဘူး။ အာရှမှာပါ အမေရိကန် ရင်းနှီးမြှုပ်နှံမှု တွေ ပိုတောင်တိုးလာနိုင်ပါတယ်''ဟု ဦးမင်း မင်းလတ်က သုံးသပ်သည်။

ရီပတ်ဘလစ်ကင်ပါတီဝင်အများစုသည် ချမ်းသာသည့် ပြည်နယ်များမှ ကုမ္ပဏီပိုင်ရှင် ကြီးများဖြစ်ကြပြီး ကုန်သွယ်ရောင်းဝယ်မှုနှင့် စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လိုပြီး အာရှ နိုင်ငံများဖြင့် အမေရိကန်နိုင်ငံက ကုန်သွယ် ရေးစာချုပ်များ ချုပ်ဆိုလိုသော်လည်း ဒီမိုကရက် တစ်ပါတီများက ကန့်ကွက်မှုများရှိခဲ့သဖြင့် မအောင်မြင်ခဲ့သော်လည်း ယခုအချိန်တွင် လွှတ်တော်အတွင်း ပြန်လည်အုပ်စိုးလာနိုင်ပြီ ဖြစ်သဖြင့် ယင်းအစီအစဉ်များကို ပြန်လည် တင်သွင်းလာနိုင်သည်ဟု Deloitte Consulting (Myanmar).,Ltd မှ Consulting Director ဦးချစ်ထွန်းဖေက သုံးသပ်သည်။

''ရီပတ်ဘလစ်ကင်ပါတီက အာရှနဲ့ စီး ပွားရေးလုပ်ငန်းတွေ တိုးချဲ့မြှင့်တင်လာနိုင် တယ်။ နောက်တစ်ပိုင်းက တရုတ်နိုင်ငံရဲ့လွှမ်း မိုးမှုနဲ့ စစ်ရေးကဏ္ဍတွေမှာ စောင့်ကြည့်မှုတွေ ပြုလုပ်ပြီး ဒီမိုကရက်တစ်ထက် ထိရောက်စွာ ဝေဖန်လေ့ရှိပါတယ်။ တောင်တရုတ်ပင်လယ် အရေးမှာ အာရှနိုင်ငံတွေဘက်က ပြတ်ပြတ် သားသားရပ်တည်သွားတာတွေ ရှိလာနိုင်ပါ တယ်။ သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးအရ ကျွန် တော်တို့နိုင်ငံအပေါ်မှာ လူ့အခွင့်အရေးနဲ့ပတ် သက်လို့ ပြင်းပြင်းထန်ထန် ပြောဆိုလာနိုင်တာ တွေ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ထောက် ပြတာတွေ၊ အိုဘားမားရဲ့ ပေါ်လစီနဲ့ပတ်သက် ပြီး ရှုတ်ချတာတွေ လုပ်လာနိုင်ပါတယ်။ ဒါပေ မဲ့ အဓိကထားလုပ်နိုင်တာကတော့ ကုန်သွယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့နဲ့ အာရှနိုင်ငံ တွေအပေါ်မှာ တရုတ်ပြည်ရဲ့လွှမ်းမိုးမှုတွေကို လျှော့ချဖို့ကိုပဲ လုပ်ဆောင်သွားမယ် ထင်ပါ တယ်''ဟု ဦးချစ်ထွန်းဖေက သုံးသပ်သည်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အမေရိကန်သံရုံးတာဝန်ခံမှတစ်ဆင့် ကမ်းလှမ်း မှုများ ရှိခဲ့သော်လည်း ပြည်တွင်းရှိ လုပ်ငန်း ရှင်ကြီးအများစုမှာ အမေရိကန်အစိုးရ၏ စီး ပွားရေးပိတ်ဆို့မှုကိုခံနေရဆဲဖြစ်သဖြင့် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ပါက စီးပွားရေးပိတ်ဆို့မှု များကို ယခုထက်ပိုမိုလျှော့ချပေးရန် လိုအပ် ကြောင်း အမေရိကန်အစိုးရ၏ စီးပွားရေးပိတ် ဆို့မှုခံထားရသည့် လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

ယင်းက ''နောက်နှစ်အတွင်းမှာ စီးပွား ရေးပိတ်ဆို့မှုတွေ ထပ်ပြီးဖြေလျှော့ပေးပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးလာ မှာ သေချာပါတယ်''ဟု ပြောသည်။

လူ့အခွင့်အရေးဆိုင်ရာ ဖိအားပေးမှုတွေ ပိုပြီးလုပ်လာမှာလား
********************************************************************
အမေရိကန်သမ္မတဘားရက်အိုဘားမား သည် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ တက် ရောက်ရန် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ရက် တွင်ရောက်ရှိမည်ဖြစ်ပြီး နေပြည်တော်၌ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်၊ ရန်ကုန်မြို့၌ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး လူ့အ ခွင့်အရေးကိစ္စနှင့် နိုင်ငံရေးတိုးတက်မှုများကို အလေးပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရီပတ်ဘလစ်ကင်ပါတီသည် မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေ သည်ဟု ယူဆကာ လွှတ်တော်အတွင်းတွင် တင်သွင်းဆွေးနွေးသည်များရှိပြီး ယခုကဲ့သို့ ရီပတ်ဘလစ်ကင်ပါတီက လွှတ်တော်အတွင်း စိုးမိုးလာရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အ ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပိုမိုဖိအားပေး လာနိုင်သည်ဟု အင်္ဂလန်နိုင်ငံတွင် နိုင်ငံရေး သိပ္ပံပညာရပ် ဒီပလိုမာသင်တန်း တက်နေ သည့် ဦးမင်းမင်းလတ်က ပြောသည်။

ယင်းက ''အမေရိကန်နိုင်ငံမှာက ဘယ် ပါတီအစိုးရပဲတက်တက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အရေးပါဆုံးပါပဲ။ မြန်မာနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ဘင်္ဂါလီတွေအပေါ်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်လို့ သုံး သပ်ကြပါတယ်။ ဒါကလဲ ရီပတ်ဘလစ်ကင် ပါတီက သုံးသပ်တာမဟုတ်ဘဲ အမေရိကန် အစိုးရက ထောက်ပံ့ထားတဲ့ NGO အဖွဲ့အ စည်းတွေက တင်ပြခဲ့တာပါ။ သူတို့အစိုးရက ထောက်ပံ့ထားတဲ့အဖွဲ့က တင်ပြလို့ အရေးတ ယူပြောဆိုနေတာ ဖြစ်ပါတယ်။ အိုဘားမား မြန်မာနိုင်ငံကိုရောက်မယ့်အချိန်မှာ လူ့အခွင့် အရေးနဲ့ပတ်သက်ပြီး အရင်ကထက်ပိုပြီး ပြော ဆိုဖိအားပေးမှုတွေ လုပ်လာနိုင်ပါတယ်''ဟု သုံးသပ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ''ဒါက လုံးဝ ဆိုးရွားတဲ့အနေအထားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံက ဒါကိုလက်ခံပြီး ပွင့်လင်း မြင်သာမှုရှိစွာနဲ့ ရှင်းလို့ရတဲ့ကိစ္စတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံအနေဲ့ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်''ဟု Deloitte Consulting (Myanmar)L.,td မှ Consulting Director ဦးချစ်ထွန်းဖေက သုံးသပ်သည်။

တပ်မတော်ဆိုင်ရာပူးပေါင်းမှု
*********************************
မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ တွင် တပ်မတော်၏ပြောင်းလဲမှုမှာလည်း အဓိ ကအရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများ ပိုမိုလျင်မြန်စေရန် မြန်မာ့ တပ်မတော်အတွင်း ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုများကို ဆက်လက်ကူညီမှုများပြုလုပ်နိုင် သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ် သည်။

''အခုဆိုရင် မြန်မာ့တပ်မတော်အနေနဲ့ အမေရိကန်ကလုပ်တဲ့ Cobra Gold စစ်ရေး လေ့ကျင့်မှုတွေမှာ မြန်မာနိုင်ငံကပါဝင်လာတာ တွေ့ရသလို ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ ရေတပ် စက်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာပြပွဲ တွေမှာ မြန်မာ့တပ်မတော်က အရာရှိကြီးတွေ ကိုယ်တိုင်တက်ခွင့်ရလာတွေက အီးယူနဲ့ အ မေရိကန်က မြန်မာ့တပ်မတော်မှာ ပြုပြင် ပြောင်းလဲရေးတွေမှာ တပ်မတော်ရဲ့အပြောင်း အလဲအရေးပါမှုကို အသိအမှတ်ပြုလို့ပါ။ ဒီတော့ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရဲ့မူဝါဒအရ အပြောင်းအလဲကို မြန်ဆန်စေ ဖို့ဆိုရင် မဖြစ်မနေ တပ်မတော်ကို ပရော်ဖက် ရှင်နယ်တပ်မတော်ဖြစ်ဖို့ ကူညီပေးလာမှာပါ''ဟု ဦးမင်းမင်းလတ်က သုံးသပ်သည်။

နိုင်ငံတကာရေးရာကျွမ်းကျင်သူ ဦးသန်း စိုးနိုင်က ''အိုဘားမားအနေနဲ့ ဆန်ရှင်တွေ အများစုတော့ ရုပ်သိမ်းပေးပြီးပါပြီ။ ဒီထက် ပိုပြီးတော့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှုတွေ လုပ်ချင်တယ်ထင်ပါတယ်။ စစ်ရေးဆိုင် ရာပူးပေါင်းမှုဆိုတာမှာ စစ်လက်နက်တွေ တင်ပို့ ဆန်ရှင်ကို ဖွင့်ပေးဖို့ဆိုတာမျိုးမဟုတ် ဘူး။ တပ်မတော်နှစ်ရပ်အတွင်းမှာ အပြန်အ လှန်ပူးပေါင်းဆောင်ရွက်ပြီး မြန်မာ့တပ်မတော် အတွင်းမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တွေ ဖြစ်လာနိုင်မယ့် နည်းလမ်းတွေကို စဉ်း စားပြီး လုပ်ဆောင်သွားမယ်ထင်ပါတယ်''ဟု သုံးသပ်သည်။

မြန်မာ့တပ်မတော်အတွင်း၌လည်း ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ဆောင်နေ ပြီး တပ်မတော်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် စစ်လက်နက်ပစ္စည်းများ တပ်ဆင်၍ ခေတ်မီတပ်မတော် တည်ဆောက် ခြင်းမှာလည်း အရေးပါသည့် အကြောင်းအရာ တစ်ရပ်ဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် တစ်ဦးက ပြောသည်။

ယင်းက ''မြန်မာ့တပ်မတော်နဲ့ နိုင်ငံတ ကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားတာ တွေ တော်တော်များများရှိပါတယ်။ တစ်ခုပါပဲ၊ ပဲဟင်းနဲ့ ထမင်းစားရမယ့် ဘတ်ဂျက်နဲ့ တပ်မ တော်ကိုပြောင်းလဲလို့မရပါဘူး'' ဟုပြောသည်။

အိုဘားမား မြန်မာနိုင်ငံသို့မလာမီ သီ တင်းတစ်ပတ်အလိုတွင် အမေရိကန်သမ္မတက အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲတစ် ရပ်ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲ တွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလတွင် တိုးတက်မှုများရရှိနေသည်ကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြု သကဲ့သို့ နှစ်နိုင်ငံ ထိတွေ့ဆက်ဆံရေးတွင် ပြုပြင်ပြောင်းလဲရေးကို လမ်းမှန်ပေါ်ရောက် ရှိနိုင်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်သကဲ့ သို့ ကျန်ရှိနေသောအခက်အခဲများ၊ အကဲစမ်း မှုများကို ရင်ဆိုင်ရာတွင် အမေရိကန်ပြည် ထောင်စုအနေဖြင့် ဆက်လက်ထောက်ခံအား ပေးရန်အသင့်ရှိကြောင်း အမေရိကန်ပြည် ထောင်စု၊ အမျိုးသားလုံခြုံရေး အကြံပေး Susan Rice က ပြောကြားခဲ့သည်။

နိုင်ငံတကာရေးရာကျွမ်းကျင်သူ ဦးသန်း စိုးနိုင်က ''၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတမှု ရှိရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးမှာ ဘာ မှ ထူးမလာဘူးဆိုရင်တော့ နှစ်နိုင်ငံပူးပေါင်း ရေးမှာ အကန့်အသတ်တွေ ပိုရှိလာနိုင်တယ် ထင်ပါတယ်''ဟု သုံးသပ်သည်။

#Democracytoday

ဓါတ်ပုံ - AFP
အိမ်ဖြူတော်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးနှင့်ပတ်သက်၍ သမ္မတ အိုဘားမားက ပြောကြားနေစဉ်။

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group




 

No comments:

Post a Comment