မြန်မာနိုင်ငံအနေနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများအတွက် ကြီးမားသည့် အကျိုးရလဒ်များ ရရှိစေမည့် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်းမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပသည့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Strengthening Connectivity Partnership) တွင် နိုင်ငံတော်သမ္မတက ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသို့ ကုလသမဂ္ဂ အကြီးအကဲများ
အပါအဝင် ဘင်္ဂလာဒေ့ရှ်၊ လာအို၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်နိုင်ငံတို့မှ သမ္မတနှင့် ဝန်ကြီးချုပ်များ၊ ကုသလသမ္မဂ၊ အာရှ-ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင်အတွင်းရေးမှူး ရှမက်ဟဒ်အာခတာနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအသင်း
မြန်မာနိုင်ငံသည် အာရှအဝေးပြေးလမ်းနှင့် အာရှဖြတ် ရထားလမ်း ကွန်ရက်နှစ်ခုစလုံး၏ အစိတ်အပိုင်း အဖြစ် ပါဝင်နေသည့်အပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းနှင့် အာဆီယံ မဲခေါင်မြစ်ဝှမ်း တိုးတက်ရေး၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-
ယင်းအပြင် မြန်မာနိုင်ငံအနေနှင့် ဒေသတစ်ခုလုံးနှင့် ကမ္ဘာ့နိုင်ငံများအကြား တရုတ်နိုင်ငံ၏ “ပိုးလမ်းမ စီးပွားရေးရပ်ဝန်း” နှင့် “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ” သို့မဟုတ် “တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း” ပဏာမခြေလှမ်းကို ထောက်ခံပါကြောင်းကို သမ္မတဦးသိန်းစိန်က ထပ်မံပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၇ ရက်နေ့က ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါခရီးစဉ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့ကွန်ရက် အမြဲတမ်း ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါဝက်ဆိုက်မှ သိရသည်။
သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်သည် သမ္မတသက်တမ်း အတွင်း ငါးကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ် ဖြစ်သည်။
Credit - The Voice Weekly

No comments:
Post a Comment