Thursday, November 13, 2014

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းကြိုတင်ပြုစုခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁ဝခုတွင် စတင်နေ

လွင်ပြင် | နေပြည်တော်၊ 

လာမည့် ၂ဝ၁၅ခုနှစ် အ ထွေထွေရွေးကောက်ပွဲအတွက် ကွန် ပျူတာစနစ်ဖြင့် အခြေခံမဲဆန္ဒရှင်စာ ရင်းများ ကြိုတင်ပြုစုခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်၁ဝမြို့နယ်တွင် စတင်နေပြီဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
အဆိုပါလုပ်ငန်းများကို နိုဝင် ဘာ ၁၁ ရက်မှစတင်ဆောင်ရွက်နေ ခြင်းဖြစ်ပြီး မြို့နယ် ၁ဝမြို့နယ်တွင် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမ တော်၊ ကမာရွတ်နှင့် ဆိပ်ကြီးခနောင် တိုမြို့နယ်တို့ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကို ကိုက ''အခု ၁၁ရက်၊ ၁၂ရက်နေ့တွေ မှာ သက်ဆိုင်ရာ ရပ်ကျေးရုံးတွေက တစ်ဆင့် စာရင်းစတင်ပြုစုနေပြီ။ ဒီ ဇင်ဘာလကုန်ပိုင်းလောက်တော့ ပြီး မယ်လို့ အကြမ်းဖျင်းခန့်မှန်းထားတယ်'' ဟု ရန်ကုန်တိုင်းမ်သို့ ပြောသည်။
ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းဖြစ်စေရေးအတွက် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင် ရွက်ပေးကြရန်ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်း ထားသည်။
အလားတူ မဲစာရင်းများကြေညာ သည့်အခါတွင်လည်း သက်ဆိုင်ရာမြို့ နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် သွားရောက်ကြည့်ရှုလေ့လာကြရန် ¤င်းကော်မရှင်က နှိုးဆော်ထားသည်။
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၄၄)
==========================================
‪#‎YangonMediaGroup‬™ | ‪#‎MZK‬ | www.yangonmedia.com

No comments:

Post a Comment