(၁)
“ကျွန်တော်တို့လူမျိုးတွေ Mindset ဖြစ်နေကြတယ်”တဲ့။
မိမိကိုယ်မိမိ အစွဲများဖြင့် တုပ်ချည်ထားကြောင်း သမ္မတကြီး ဦးသိန်းစိန်ရဲ့မိန့်ခွန်းတစ
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
ပထမတော့ ကြောက်စိတ်ပေါ့။ ကြောက်စိတ်သည် ဂူအောင်းနေထိုင်ကြသည့် ကျောက်ခေတ်လူသားများ၏ အငုပ်စိတ်ဓာတ်ဖြစ်သည်။ ခွန်အားနည်းသည့် လူသည် ခွန်အားကြီးသည့် တိရစ္ဆာန်တွေကို ကြောက်ရသည်။
သို့သော် လူတွင်ထူးခြားသော အသိဥာဏ်ရှိသည်။ လူသည် လက်များကို သုံးတတ်သည်။ အထူးသဖြင့် “မီး”ကို သုံးနိုင်လာသည့်အခါတွင် လူတို့သည် မိမိခြေထောက်ပေါ် မိမိ ရပ်လာနိုင်ကြသည်။ လောကကို မင်းမူလာနိုင်ကြသည်။
အိမ်တွေ၊ ရွာတွေ၊ မြို့တွေကို တည်ထောင်လာနိုင်ကြသည်။ သို့သော် သတိဖြင့်သာ နေထိုင်ကြရသည်။
သားရဲတိရစ္ဆာန်တို့၏ ရန်ကို ကြောက်ရသေးသည်။ ထို့ထက် ပိုကြောက်ရသည်က လူအချင်းချင်းပင် ဖြစ်လာသည်။ အင်အားကြီးသော လူသားသည် အင်အားချည့်နဲ့သူ ကို အနိုင်ကျင့်သည်။ လူတို့သည် အချင်းချင်း အနိုင်ကျင့်တတ်သည်။ ရက်စက်စွာ သတ်ဖြတ်တတ်လာသည်။
အင်အားကြီးသူကို အင်အားနည်းသူတွေက ကြောက်ရသည်။
သို့သော် နောက်ပိုင်းတွင် လက်နက်တွေက အရေးပါလာသည်။ လက်နက်အမျိုးမျိုးသုံးကာ ရန်ပြုသောပဋိပက္ခများကို စစ်ပွဲဟုခေါ်သည်။ ဘယ်လိုလက်နက်တွေကို သုံးပါသလဲ။
ဓားက စသည်။ နောက်တော့ သေနတ်၊ ပြီးတော့ ဗုံးဖြစ်သည်။ အဏုမြူဗုံးသည် အဆုံးစွန်သော လက်နက်ဖြစ်သည်။
ထို့ကြောင့် စစ်တိုက်ရာတွင် လက်နက်ရှိသူတွေက အနိုင်ရလာတော့ လူတွေဟာ လက်နက်ကို ပိုပြီးအလေးထားလာကြသည်။
(၂)
ကမ္ဘာတည်ကတည်းက စခဲ့သည့် ရန်ပွဲများသည် စစ်ပွဲအသွင်ဖြစ်လာကာ ယနေ့တိုင် မပြီးသေးပေ။
ပေဖြစ်လျှင် ခံသည်။ တူဖြစ်လျှင် နှံကြသည်။
မြန်မာဘုရင်လက်ထက်က တူဘဝနှင့် အတော်နှံသည်။ သို့သော် ဗြိတိသျှတို့ ရောက်လာတော့ ထိုတူကြီးသည် ပေဖြစ်သွားသည်။ ဗြိတိသျှတို့၏ စည်းစနစ်များ ကောင်းသည်။လက်နက်ကောင်းများ
ကိုလိုနီဖြစ်တာ အင်မတန်ဆိုးသည်။ ယဉ်ကျေးမှုမတူ၊ ကြီးပြင်းလာသော ဝန်းကျင်မတူတော့ အတွေးအမြင်များလည်း မတူကြပေ။ သူတို့သည် အုပ်ချုပ်သူဖြစ်၍ ကျွန်တော်တို့သည် အုပ်ချုပ်ခံဖြစ်သည်။ ထို့ကြောင့် ဘာလုပ်လုပ် ပြဿနာဖြစ်တိုင်း ကျွန်တော်တို့ မှားသည်။
ကျွန်တော်တို့၏ ယဉ်ကျေးမှုတွေ ပျက်စီးသည်။ စိတ်ဓာတ်တွေ ပျက်စီးသည်။
တစ်ဖက်က တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာသလို ကျန်တစ်ဖက်ကလည်း မိမိလူမျိုး၊ မိမိစာပေ၊ မိမိယဉ်ကျေးမှုကို အထင်သေးလာကြသည်။
ဒါလည်း သဘာဝကျပါသည်။
သို့သော် ကျွန်းသေးသေး နည်းနည်းလေးက တစ်ကမ္ဘာလုံးလိုလိုကို တာရှည်ထိန်းထားရာတွင် အခက်အခဲများစွာ တွေ့လာရသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့
(၃)
အင်္ဂလိပ်အခက် မြန်မာအချက်ဟူ၍ မြန်မာတို့ လွတ်လပ်ရေးကြိုးပမ်းမှုများ ပြု လုပ်လာကြသည်။
စင်စစ် မြန်မာတို့ လွတ်လပ်ရေးကြိုးပမ်းမှု အကြိမ်များစွာ ပြုလုပ်ခဲ့သည်။
ထင်ရှားသည်မှာ ဆရာစံသူပုန် ဖြစ်သည်။ သို့သော် မအောင်မြင်ခဲ့ပေ။
အဓိကကတော့ အချိန်အခါမသင့်သည့်အပြင် အမြင်မကျယ်ပါ။ နည်းမှန်လမ်းမှန် မတော်လှန်နိုင်ခြင်းကြောင့်
သို့သော် ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာပြည် လွတ်လပ်ရေးရခဲ့သည်။
မြန်မာပြည် လွတ်လပ်ရေးရသည့် အကြောင်းများစွာအနက် အဓိကမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လှုံ့ဆော်စည်းရုံးခဲ့
အစီအမံအလွန်ကောင်းသော ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင်ကြောင့် လွတ်လပ်ရေးကြိုးပမ်းသူ ခေါင်းဆောင်များစွာ လုပ်ကြံခံရသော်လည်း မြန်မာတို့လိုချင်သော လွတ်လပ်ရေးကို ရနိုင်ခဲ့ကြသည်။
ကံဆိုးတာကတော့ လွတ်လပ်ရေးရပြီး မကြာမီမှာပင် တိုင်းပြည်တွင်း၌ ပြည်တွင်းစစ်ကြီး ဖြစ်လာလေတော့သည်။
စစ်ဖြစ်နေသော နိုင်ငံတွင် ပြည်သူတွေ က စစ်တပ်ကိုသာ အဓိကအားကိုးကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ရောင်စုံသူပုန်များဟုခေါ်သော
(၄)
တစ်ဖက်ကလည်း ပြည်တွင်းအုပ်ချုပ်မှုများတွ
နှစ် ၁ဝဝ ကျော်မျှ ကိုလိုနီလက်အောက်တွင် နေထိုင်ခဲ့ရသောအချိန်တွင် ပြည်သူများသည် တိုင်းပြည်အုပ်ချုပ်ရေး၌ ပါဝင်ခွင့် မရခဲ့ပါ။ သူတို့တွင် အုပ်ချုပ်ရေး နိုင်ငံရေးတို့တွင် အတွေ့အကြုံမရှိပါ။ အမြော်အမြင်ကြီးမားသူများ အနည်းငယ်သာရှိသည်။ သူတို့ သည် အမြင်ကျဉ်းသောအများစုကို မလွန်ဆန်နိုင်ပါ။ (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် သုံးချက်တွက်နည်းသည် အမြဲမမှန်ပါ။)
အခက်အခဲများ ကြုံလာသောအခါ ဘာတွေလုပ်ရမည်ကို မသိတော့ပါ။ လုပ်သမျှ အမှားတွေ ဖြစ်လာတတ်ပါသည်။
ပြည်သူများကလည်း လွတ်လပ်မှုနှင့် တာဝန်ယူမှုကို သဘောမပေါက်ကြပါ။ အစိုးရကို ကူညီရမည်ဟူသော ခံယူချက်မရှိကြပါ။
သူတို့သည် အစိုးရကို ရန်သူဟု သဘောထားကြသည်။ နှစ် ၁ဝဝ ကျော် တောက်လျှောက်အုပ်ချုပ်လာသော
မင်းသည် အစိုးရပင် ဖြစ်လေသည်။ ထို Mindset သည် တိုးတက်မှုကို များစွာဟန့်တားသည်။
ထို့ကြောင့် အစိုးရအနေဖြင့် အုပ်ချုပ်ရန် အခက်အခဲများစွာရှိသည်။ သူတို့ကို စည်းရုံးရန် အချိန်များစွာ ယူရပေမည်။ ထိုသို့ ယုံကြည်မှုကို မတည်ဆောက်နိုင်သေးမီ ပြည်သူများ အားကိုးအားထားပြုသော ဗိုလ်ချုပ်နေဝင်းဦးဆောင်သည်
တကယ်လည်း ဒီမိုကရေစီခရီးသည် အခက်အခဲများစွာရှိသည်။ ထိုလမ်းကြောင်း အဆင်ပြေချောမွေ့ရေးအတွက် ပြည်သူနှင့် အစိုးရနှစ်ဦးနှစ်စလုံး ယုံကြည်မှုကို တည်ဆောက်ရန်လိုသည်။ တစ်ဖက်ကလည်း ပညာတတ် လူမှုအသိုင်းအဝိုင်းလည်း တည်ဆောက်ရန် လိုသည်။ လွတ်လပ်ရေးရပြီးခါစတွင် ထိုအချက်နှစ်ချက်လုံး မပြည့်စုံနိုင်ပါ။ နှစ်ပေါင်းများစွာ ကိုလိုနီနိုင်ငံဖြစ်ခဲ့သောေ
အာဏာကို ချုပ်ခိုင်ထားသော စစ်တပ်သည် အဏာ၏ အရသာကို စွဲလမ်းလာကာ တော်ရုံတန်ရုံ အာဏာမစွန့်တော့ပါ။
တစ်ဖက်ကလည်း ထိုခေတ်အုပ်ချုပ်သူတွေက သူတို့လုပ်မှသာ တိုင်းပြည်တိုးတက်မယ်ဟု ထင်ကြသည်။ ထို့ကြောင့် ပြည်သူတို့သည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ နေကြရသည်။ သို့ဖြစ်၍ လွတ်လပ်ရေးရပြီးနောက် အာရှမှာ ထိပ်တန်းနိုင်ငံသည် လူမွဲစာရင်းထဲ ပါသွားခဲ့သည်။ ယနေ့ စစ်တပ်က အာဏာကို စွန့်လိုက်ပြီဟုဆိုသော်လည်း
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ဝဝ၈ အခြေခံဥပဒေသည် တရားဥပဒေစိုးမိုးရေးကိုဖော်
“အချိန်လေးတော့ စောင့်ပေါ့ဆရာ” ဟု မိတ်ဆွေတစ်ယောက်က ဆိုသည်။
သူပြောတာတော့ မှန်ပါသည်။ လက်ရှိအခြေအနေကိုသိပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရပါမည်။
မကြာသေးမီက အမေရိကန်ပြည်ထောင်စုတွင် သက်တမ်းဝက်ရွေးကောက်ပွဲ (Midterm election) လုပ်သည်။
သက်တမ်းဝက်ရွေးကောက်ပွဲဆိုသ
ရီပတ်ဘလစ်ကင်အမတ်များ အနိုင်ရသည်။။ကွန်ဂရက်လွှတ်တေ
အိုဘားမားက အိမ်ဖြူတော်တွင် မိန့် ခွန်းပြောသည်။
“ပြည်သူများသည် ကျွန်တော်တို့ပါတီက အလုပ်များကို ပြီးစီးအောင် မလုပ်နိုင်ဟု ယူဆသည်။ ထို့ကြောင့် ရီပတ်ဘလစ်ကင်ကို ထိုအလုပ်များပြီးအောင်လုပ်ဖ
အိုဘားမား လက်ထက်တွင် သိပ္ပံပညာရှင်များ ပေါ်ထွန်းသည်။ ဘွဲ့ရများလာသည်။ အလုပ်လက်မဲ့များ ကျဆင်းလာသည်။ “သို့သော် အမေရိကန်ပြည်သူများက ဒီထက်ပိုလိုသည်။ ဒီအတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ရမည်”ဟုသူ
သူတို့တွင်လည်း Mindset ဖြစ်နေတာတွေ ရှိပါသည်။ ထို Mindset သည်ကား ပြည်သူမှ ပြည်သူသို့ ပြည်သူ့အတွက် From the People, To the People, By the People သာ ဖြစ်၏။
Credit - Eleven Media Group
![]() |
(အမေရိကန်ပြည်ထောင်စု သက်တမ်းဝက်ရွေးကောက်ပွဲတွင် |
No comments:
Post a Comment