ပုသိမ်၊ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊
ငရုတ်ကောင်းကမ်းခြေတွင် တည်ဆောက် မည့် ကျောက်မီးသွေးလောင်စာသုံး
လျှပ်စစ်ဓာတ် အားပေးစက်ရုံစီမံကိန်း များနှင့် စပ်လျဉ်း၍
ဧရာဝတီတိုင်းဒေသကြီး ပထမအကြိမ် လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပဉ္စမမြောက်နေ့ (၁၁-၁၁-၂၀၁၄)တွင် ရေကြည်မြို့နယ် မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေး (NLD) က အရေးကြီးအဆိုအဖြစ် လွှတ်
တော်၌ တင်သွင်းခဲ့သည်။
ယင်းအရေးအကြီး အဆိုတင်သွင်းခြင်းအား
လွှတ်တော်နည်းဥပဒေအရ လက်ခံခဲ့ပြီး ဆက်လက် ဆွေးနွေးရန် သင့်၊မသင့်နှင့်
ပတ်သက်၍ လျှို့ဝှက်မဲပေးစနစ်ဖြင့် ဆုံးဖြတ်ချက်ရယူရန် ဆန္ဒမဲ
၆၄ခု
ထုတ်ပေးခဲ့ရာ ထောက် ခံမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၃၀၊ ကြားနေမဲ ၃ မဲ ဖြင့်
ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုပေးခဲ့သည်။…
ဒေါက်တာလှမြတ်သွေး
တင်သွင်းခဲ့သည့် ငပုတောမြို့နယ်၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ
တည်ဆောက်ရန် လျာထားမှုအား ပြန်လည် သုံးသပ်သင့်ကြောင်း
တိုက်တွန်းကြောင်းအဆို၌ ““မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက်
စွမ်းအင်မှာအဓိကကျ သည့်အခန်းကဏ္ဍမှ ပါဝင်သည်ကို နားလည်လက်ခံပါ ကြောင်း၊ Clean
Coal Technology ဖြင့် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံတွင် အဆင့်မြင့်
(Anthracite) အမျိုးအစားကျောက်မီးသွေးသာ သုံးရပြီး မြန်မာနိုင်ငံမှထွက်သည့်
ကျောက် မီးသွေးမှာ အသုံးပြု ၍ မရကြောင်း၊ မီတာဝပ် (၅၀၀) ကျောက်မီးသွေး
စက်ရုံတစ်ရုံသည် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက် ဆိုက် (၃ ဒသမ ၇) သန်း
ထုတ်ပြီးသစ်ပင် (၁၆၁)သန်း စိုက်မှသာ ပြန်လည်ချေဖျက် နိုင် မည်ဖြစ်ကြောင်း””
ထည့်သွင်း တင်ပြခဲ့သည်။
ထို့ပြင် ယင်းကျောက်မီးသွေး စက်ရုံမှ
ဘေးထွက်အဖြစ် ထွက်ရှိ လာမယ့်ဆာလ်ဖိုင်ဒိုင်အာက်ဆိုက်၊ နိုက်ထရို
ဂျင်အောက်ဆိုက် အပါအ၀င် ဓာတုပစ္စည်းများကြောင့် ယင်းဒေသရှိ
အင်းအိုင်နှင့်ရေစီး ကြောင်းများ ပျက်စီး နိုင်ပြီး ပြည်သူများအနေဖြင့်
အဆုတ်ကင်ဆာ၊ ဆီးလမ်းကြောင်း ကင်ဆာနှင့် အရေပြားကင်ဆာ များဖြစ်ပေါ်စေ နိုင်
ကြောင်း၊ ကမ္ဘာပေါ်တွင်အကောင်းဆုံး ကျောက်မီးသွေးထွက်သည့် အင်္ဂလန်နိုင်ငံတွင်
သဘာဝဓာတ်ငွေ့ ဖြင့်သာ စွမ်းအင်ထုတ်လုပ် စေတော့ကြောင်း၊ ကုန်ကျစရိတ်ကြီးမား၍
အမြဲမပြတ်စောင့်ကြည့် စစ်ဆေးနေ ရသည့် Clean Coal Technology ကိုအသုံးပြု၍
ထုတ်လုပ်လျှင် အဆိပ်ငွေ့ထွက် ရှိမှု လျော့ပါးသွား နိုင်သော် လည်း
အန္တရာယ်ကြီးမား နေဆဲဟု ပညာရှင်များက သုံးသပ်ထားကြောင်း””လည်း အဆိုတင်
သွင်းမှု၌ ထည့် သွင်း ဆွေးနွေးခဲ့သည်။
ဧရာဝတီတိုင်းအစိုးရ
ရုံးစိုက်ရာ ပုသိမ်မြို့နှင့် ၇၂ မိုင်ခန့်ဝေးကွာသည့်
ငရုတ်ကောင်းကမ်းခြေဒေသတွင် ရေနက် ဆိပ်ကမ်းနှင့် စက်မှုစီးပွားဇုန်တစ်ခု
တည်ဆောက်ရန် စီစဉ်ထားကာ ယင်းစက်မှုဇုန် များအတွက် လိုအပ်သည့်
လျှပ်စစ်ဓာတ်အားကို အစိုးရက အိန်္ဒိယနိုင်ငံ တာတာကုမ္ပဏီနှင့် မဂ္ဂါဝပ် ၇၀၀
ထွက် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန်အတွက် နားလည်မှုစာချွန်လွှာ ရေးထိုးရန်
ရှိသည်။
ထို့ပြင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ဝင်းပိုင်အေ၀မ်း
စွမ်းအင်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံအခြေ စိုက်ကုမ္ပဏီ များ ပူးပေါင်း၍
မဂ္ဂါဝပ် ၃၀၀ ထွက်ကျောက်မီး သွေးစက်ရုံကိုလည်း ယင်းဒေသတွင်တည် ဆောက်ရန်
စီစဉ် ထားပြီး ဒေသခံများက ကန့်ကွက်လျက်ရှိသည်။
““ကျွန်မတို့
နိုင်ငံ၏ လေ၊ ရေ၊ မြေထုသည် အဆိပ်ငွေ့များ မရှိသလောက် သန့်စင်ဆဲနိုင်ငံဖြစ်၍
ထို သဘာဝ များအား မထိခိုက်စေသော နည်းဖြင့်
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်မှာ အစိုးရတွင် အဓိကတာဝန် ရှိပြီး ၎င်းတို့၏
ဉာဏ်ပညာအမြော် အမြင်ကြီးမှု၊ ရိုးသားမှုနှင့် လည်းကောင်း ပြည်သူပြည်သားများ၏
ဒုက္ခသုခကို တစိတ်တ ၀မ်းတည်း ခံစားနိုင်သော နှလုံးသားဖြင့်လည်းကောင်း
တိုက်ရိုက်ပတ်သက်မှု ရှိနေပါ သည်။ နိုင်ငံ ၏ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက်
လျှပ်စစ်ကဏ္ဍအား ကျောက်မီးသွေးအပေါ် အခြေခံ၍ အကောင် အထည်ဖော်ခြင်းသည်
ဒေသခံများ၏ အကျိုးဖြစ်ထွန်းမှုထက် ဆိုးကျိုးများကို ပိုမိုဖြစ်ထွန်း
စေနိုင်သည်ဟု ယူဆပါသောကြောင့် ဧရာဝ တီတိုင်းဒေသကြီး ငပုတောမြို့နယ်
ငရုတ်ကောင်းဒေသတွင် ကျောက်မီးသွေးလျှပ်စစ် ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန်
လျာထားခြင်းအား ပြန်လည်သုံးသပ် သင့်ကြောင်းအစိုးရအား တိုက်တွန်းသည့်
အဆိုအား တင် သွင်းအပ်ပါသည်””ဟူ၍ဒေါက်တာ လှမြတ်သွေးက အပြီးသတ်အဆို
တင်သွင်းခဲ့သည်။
သို့သော် ယင်းကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ
တည်ဆောက်ရန် လျာထားမှုအားဒေသ ခံပြည်သူများက ကန့်ကွက်လျက်ရှိသော်လည်း
ကုမ္ပဏီဘက်ကမူ ဆက်လက် အကောင်အထည်ဖော် နိုင်ရေးအတွက် ကြိုးပမ်း
နေကြကြောင်းလည်း ဒေသခံများက ဆိုသည်။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment