မြင့်ဦး၊ မောင်ပိုင်
ရန်ကုန်၊ နိုဝင်ဘာ ၁၂
အာဆီယံအနေဖြင့် တည်ဆောက်ပြီး စံနှုန်းများ၊ ချမှတ်ပြီးသည့်
စည်းမျဉ်းများကို အကောင်အထည်ဖော်မှုမြှင့် တင်ရန်နှင့် စံနှုန်းများကို
ပိုမိုကျယ်ပြန့်စွာမြှင့် တင်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံတော်
သမ္မတဦးသိန်းစိန်က (၂၅)ကြိမ်မြောက်အာ ဆီယံထိပ်သီးဆွေးနွေးပွဲ
အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
စည်းမျဉ်းစည်းကမ်းများကို အခြေခံသည့် အာဆီယံသည် ယင်းသို့ဆောင်ရွက်ခြင်းဖြင့်ပွင့် လင်းမြင်သာမှုကိုမြှင့်တင်နိုင်မည်ဖြစ်ပြီး အာဆီ ယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းနှင့် မိတ်ဖက်နိုင်ငံ များကြားဆက်ဆံရာတွင် အပြန်အလှန်ယုံကြည် မှုတိုးမြှင့်နိုင်မည်ဖြစ်ကြောင်း သမ္မတက ပြော ကြားခဲ့သည်။
ထို့ပြင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ ကြားရှိ ဆက်သွယ်ဆောင်ရွက်မှု ယန္တရားနှင့် ဒေသတွင်းဗိသုကာတည်ဆောက်မှုများတွင်
အာဆီယံအနေဖြင့် မဟာဗျူဟာတစ်ရပ်ရှိရန် လိုအပ်ပြီး ပိုမိုပွင့်လင်းပြီး
အများပါဝင်နိုင်သည့် စည်းမျဉ်းအခြေခံ ဒေသတွင်းဗိသုကာဖွဲ့စည်း တည်ဆောက်မှု
ပုံစံတစ်ရပ်ပေါ်ထွန်းကာ မိတ် ဖက်များနှင့် ပိုမိုထိရောက်အကျိုးရှိစွာဆက် သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အာဆီယံ၏ အဖွဲ့အစည်း များကို အာဆီယံပဋိညာဉ် စာတမ်းနှင့်အညီ ပိုမိုထိရောက်ခိုင်မာစေရန်ဆောင်ရွက်ရေးနှင့်
ပတ်သက်သည့်ဆန်းစစ်မှုနှင့် အာဆီယံ၏အ နာဂတ်အတွက် မျှော်မှန်းချက်အသစ်တစ်ရပ်
ချမှတ်ရေးလုပ်ငန်းများ စတင်အကောင်အ ထည်ဖော်ခြင်းဟူသည့် အဓိကလုပ်ငန်းနှစ်
ရပ်ကိုစတင်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
ထို့ကြောင့် အာဆီယံကို အနာဂတ်တွင် တိုးတက်ပြီး ရေရှည်ရှင်သန်သည့်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်း သမ္မတက မိန့်ခွန်းတွင် ပြော ကြားခဲ့သည်။
''ဒီနှစ်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ ဆောင်ပုဒ် နဲ့အညီ အာဆီယံစည်းလုံးမှုကို အလေးထား
တယ်ဆိုတာ ပြသတဲ့အနေနဲ့ ကျွန်တော်တို့အား လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို
အမြန်ဆုံးအ ရေးယူဆောင်ရွက်ခဲ့ပြီးတဲ့နောက် အကြမ်းဖက် မှုတိုက်ဖျက်ရေး၊ မလေးရှားခရီးသည်တင် လေယာဉ်ပစ်ချခံရခြင်းကိစ္စ၊ ဘာသာရေးအ စွန်းရောက်တို့ရဲ့လုပ်ရပ်တွေအပေါ် ပြတ်သား တဲ့ရပ်တည်ချက်တွေကိုထုတ်ပြန်ခဲ့သလို ဖိ လစ်ပိုင်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်ကိုလည်း ဝမ်းမြောက်စွာကြိုဆိုပြသခဲ့ ပါတယ်''ဟု သမ္မတဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။
အာဆီယံအနေဖြင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဆီယံပြင်ပ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန်လိုအပ် ကြောင်းလည်း သမ္မတက သုံးသပ်ပြောကြား ခဲ့သည်။
သမ္မတက ''မိမိတို့အနေနဲ့ မဟာဗျူဟာ ကျတဲ့ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ နိုင်မယ့်နိုင်ငံများနဲ့ ဆက်သွယ်မှုထူထောင် ရေးကို လက်တွေ့စတင်အကောင်အထည် ဖော်ဖို့ အချိန်ကျရောက်ပြီဖြစ်ပါတယ်။
အ လားတူပဲ နိုင်ငံ ၂ဝပါတဲ့ G-20 အုပ်စုနဲ့ BRICS အုပ်စုနဲ့
အခြားဒေသတွေမှာရှိတဲ့ စီးပွားရေး ဈေးကွက်တွေနဲ့ ဆက်သွယ်မှုကို ယခုထက်ပို
ပြီးတိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ယုံ ကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။
အာဆီယံအနေနှင့် စီးပွားရေးပေါင်း စည်းမှုကိုမြှင့်တင်ကာ
ဖွံ့ဖြိုးမှုအရှိန်အဟုန် မြှင့်တင်ကာ ဆင်းရဲမှုနှင့် ဖွံ့ဖြိုးမှုကွာဟချက်
လျှော့ချပေးရန် လိုအပ်ကြောင်းလည်း သမ္မတ က ပြောကြားခဲ့သည်။
''အာဆီယံအသိုက်အဝန်း(၃)ရပ်၏လမ်းပြမြေပုံများကို
အကောင်အထည်ဖော်နေ တဲ့လုပ်ငန်းရပ်များဟာလည်း ၈ဝရာခိုင်နှုန်း
ပြီးစီးပေမယ့်လည်း ကျန်ရှိနေသေးတဲ့ ၂ဝ ရာခိုင်နှုန်းအကောင်အထည်ဖော်ရေးဟာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သလို
၂ဝ၁၅ခုနှစ် အလွန်ကာလမှာ ပေါ်ထွက်လာမယ့် အာဆီယံ အသိုက်အဝန်းအနေနဲ့
ရင်ဆိုင်ကြုံတွေ့ရမယ့် ကိစ္စရပ်တွေဟာလည်း စိန်ခေါ်မှုများအဖြစ်
ရှိနေမှာဖြစ်ပါတယ်''ဟု အာဆီယံအသိုက်အ ဝန်းဖော်ဆောင်ရေးလုပ်ဆောင်နေမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော် က ''အာဆီယံ စီးပွားရေးအသိုက်အဝန်းထဲမှာ
ထဲ ထဲဝင်ဝင်ပါဝင်ဖို့ဆိုရင် မြန်မာနိုင်ငံအနေ နဲ့လဲ အရင်အစိုးရ အဆက်ဆက်က
စိတ် နေသဘောထားတွေ၊ လုပ်ထုံးလုပ်နည်းဟန် တွေကို ပြောင်းလဲပစ်ရမယ်။
နောက်မို့ဆို ရင် မြန်မာနိုင်ငံအနေနဲ့ တရွတ်ဆွဲပြီးပါသွား နိုင်တယ်။
အာဆီယံအသိုက်အဝန်း စတင်အ ကောင်အထည်ဖော်ရာမှာ ရင်ဆိုင်ရမယ့်အ ခက်အခဲတွေ
အများကြီးရှိတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း နားလည်မှုရှိရှိနဲ့ အ ပြန်အလှန်ဖေးဖေးမမ လုပ်ကိုင်ပြီး လက်ဆင့် ကမ်းသွားမှသာ win-win situation ရမှာ ဖြစ်တယ်''ဟု သုံးသပ်ပြောကြားသည်။
နှစ်ရက်ကြာကျင်းပမည့် အာဆီယံထိပ် သီးအစည်းအဝေးတွင်း အာဆီယံအသိုက်အ ဝန်းထူထောင်ရေးကျန်ရှိနေသည့်လုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။
အာဆီယံနိုင်ငံများအနေဖြင့် နယ်စပ်ဖြတ် ကျော်ကိစ္စရပ်များဖြစ်သည့်
ရာသီဥတုပြောင်း လဲမှု၊ သဘာဝဘေးစီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာ၊ စွမ်းအင်နှင့်
ရေဖူလုံမှု၊ ကူးစက်ရောဂါကာ ကွယ်တားဆီးရေး၊ အကြမ်းဖက်မှု၊ အစွန်း
ရောက်မှုနှိမ်နင်းရေး၊ သတင်းအချက်အလက် လုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့်
လူမှောင်ခိုကူး ခြင်း စသည့်ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း နိုင်ရေး
စွမ်းရည်မြှင့်တင်သွားရန် လိုအပ် ကြောင်း သမ္မတက ပြောကြားသည်။
#Democracytoday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment