Thursday, November 13, 2014

သမ္မတဦးသိန်းစိန်နှင့်ရုရှားဝန်ကြီးချုပ်တို့ သီသန့်တွ့ဆုံဆွေးနွေး

နေပြည်တော်-တောင်ကြီးမြို့တွင် ဆိုဗီယက်ပြည်ထောင်စု အကူအညီဖြင့် ဆောက်လုပ်ခဲ့သည့် စပ်ဝ်စံထွန်းဆေးရုံကြီးကို ရုရှားနိုင်ငံက ပြန်လည်ပြုပြင်ပေးခြင်းအပါအ၀င် နှစ်နိုင်ငံ ကာကွယ်ရေးနှင့်လုံချြုံရးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို သမ္မတဦးသိန်းစိန်နှင့် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဒီဗက်တို့ သီးသန့်တွေ့ဆုံမှုတွင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(နိုဝင်ဘာ ၁၃ ရက်)နံနက် အရှေ့အာရှထိပ်သီးအစည်းအဝေးများ မစတင်မီ သမ္မတနှင့် ၀န်ကြီးချုပ်တို့ သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး


သမ္မတ ဦးသိန်းစိန်ကို ရှရုားဖက်ဒရေးရှင်းနိုင်ငံသို့ လာရောက်ရန်လည်း ၀န်ကြီးချုပ်က ဖိတ်ခေါ်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေး၊ ပညာရေးကဏ္ဍတွင် ပညာတော်သင်များ ပိုမိုစေလွှတ်ရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍများတွင်ပူးပေါင်ေးဆာင်ရွက်ရေးနှင့်စိုက်ပျိုးရေးကဏ္ဍတွင် အကူအညီပေးခြင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်

Credit - 7Day News Journal




ဓာတ်ပုံ- MOI

No comments:

Post a Comment