Thursday, November 13, 2014

ဒေါ်စု၏ မြန်မာ့နိုင်ငံရေး သုံးသပ်ပြောကြားမှုများကို ယုံကြည်စွာ အလေးထား မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ် ဗန်ထရီရယ်လ် ပြောကြား

အမေရိကန်သမ္မတ အိုဘားမား၏ ၂၁၀၂ ခုနှစ် မြန်မာနိုင်ငံခရီးစဉ် က မြန်မာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီအသွင် ပြောင်းလဲလာမှုကို ချီးမြှောက်သည့် အခမ်းအနား တစ်ခု ဖြစ်ခဲ့သည်။ သို့သော် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အပေါ် အကောင်းမြင်စရာများ ဖျော့မှိန် လာနေသည့် လက်ရှိအချိန်တွင် အိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာတော့မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ နှစ် အတွင်းမှာ မြန်မာအစိုးရအနေဖြင့် ဘာတွေ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ခဲ့ပါသလဲဟု မြန်မာလူထုနှင့် ကမ္ဘာ ကပါ လေးစားရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်ထားသည်။


အိုဘားမား ပထမဆုံး လာရောက်တုန်းက မြန်မာသမ္မတ ဦးသိန်းစိန်က မူဝါဒ ၁၂ ခု ကို ကတိပြုခဲ့သည်ဟု ဆိုသည်။ မြန်မာအစိုးရ၏ စံနှုန်းတွေအရ အဖြေ က ရောထွေးလျက်သည်။ အဆိုပါ ကတိ ၁၂ ခု တွင် ဦးသိန်းစိန် အစိုးရသည် တချို့နေရာ မှာသာ တိုးတက်မှုများရှိခဲ့ပြီး နေရာ အများအပြားမှာ နက်ရှိုင်း သော ပြဿနာများစွာရှိနေတုန်းပင်။

ဦးသိန်းစိန်၏ ကတိပေးချက်များက လာမည့် နှစ်ရွေးကောက်ပွဲ မတိုင်ခင်မှာ စစ်တပ်၏ နိုင်ငံရေးအာဏာ အခန်းကဏ္ဍကို ပြောင်းလဲလိုခြင်း မရှိသေး သည်ကို တွေ့နေရသည်ဟု ဆိုသည်။ ထို့အတူ လူ့အခွင့်အရေး ချိုးဖောက်မှု များ။ မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှု၊ ဘာသာခြားများ အပေါ် အကြမ်းဖက်မှုများ တို့ကိုလည်း အရေးထား ဖြေရှင်းရန် လိုသေးသည်။

“ကျမတို့ တကယ့်ကို စိုးရိမ်ပါတယ်။ ရခိုင်ဒေသက အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျမတို့ အဆက်မပြတ် ပြောနေပါတယ်။ ပြီးတော့ ဒီမိုကရေစီ အကူးအပြောင်းကလဲ စိန်ခေါ်မှုတစ်ခုပါ” ဟု သမ္မတအိုဘားမား၏ နိုင်ငံတော် လုံခြူံရေးအကြံပေး ဆူဆန်ရိုက်စ်က ပြောကြားသည်။

“ဒီစိုးရိမ်ပူပန်မှုတွေအားလုံးက ကျမတို့ တိုက်ရိုက်ပဲ ပြောဆိုတင်ပြမှာပါ။ အမေရိကန် အနေနဲ့ မြန်မာ့ပြည်က လုပ်ထားတဲ့ တိုးတက်မှုတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ တကယ့်ပြဿနာ ကျန်နေသေးပြီး အပြောင်းအလဲ ကာလမှာ လွဲမှားမှုတွေ ပြုလုပ်တာတွေလည်း ရှိတာကိုလည်း အသိအမှတ်ပြု ထားတယ် ” ဟု ကန်ထိပ်တန်းအရာရှိ ဆူဆန်ရိုက်စ်က ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးများသည် ရပ်တန့်နေသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့ သဖြင့် မြန်မာ အား ဒီမိုကေ၇စီနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အကူအညီ များစွာပေးခဲ့သည့် မိတ်ဆွေနိုင်ငံများအကြား အံ့အားသင့်စေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် စစ်တပ်က ဗီတိုအာဏာ ရယူ ထားသည့် အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။

အိန္ဒိယနိုင်ငံ သည် ဟိမ၀န္တာ တောင်ကြောတစ်လျောက် နယ်မြေ ကျူးကျော်မှု များကို ရံဖန်ရံခါ ပြု လုပ်နေသည့် တရုတ်စစ်တပ်အား အိန္ဒိယသမုဒ္ဓရာ ပိုင်နက် အတွင်းသို့ နယ်ချဲ့ အပိုင်စီးလာမည်ကို စိုးရိမ်လျက်ရှိသည်။ ထိုနည်းတူစွာ အမေရိကန် အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အတွင်း ကျူးကျော် ရန်စမှုများကို တန်ပြန်ဟန့်တားရာတွင် မြန်မာနိုင်ငံသည် အချက် အချာ ကျသည့် နိုင်ငံတစ်ခုဖြစ်နေသည်။

သို့အတွက် လက်ရှိအစိုးရ ကို စည်းရုံး သိမ်းသွင်းနိုင်ရန် လိုလားနေသော် လည်း ပြည်သူလူထု၏ ထောက်ခံမှုကို တခဲနက် ရရှိထားသော အတိုက်အခံ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို အမေရိကန်အစိုးရက အရေး တယူ ရှိဆဲ ဖြစ်ပါသည်။ အိုဘာမား၏ မြန်မာနိုင်ငံအပေါ် ပေါ်လစီများကို ကန် လွတ်တော် အမတ်များက မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအမြင် က မြန်မာပြည်သူတွေ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်ရတာမို့ တကယ့်ကို အရေးကြီး ပါတယ်” ဟု အမေရိကန်နိုင်ငံ လုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ပက်ထရစ် ဗန်ထရီရယ်လ် က ဆိုသည်။

သမ္မတ အိုဘားမားက ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၁၄ ရက်၌ လာရောက်တွေ့ဆုံသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက် အကြံပြုချက်များ ကိုလည်း အသိအမှတ်ပြု နားထောင်မည်ဖြစ်သည်ဟု ဩစတေးလျ ANU တက္ကသိုလ်မှ နီကိုလစ်ဖယ်ရီလီ က ပြောကြားခဲ့သည်။

လင်းလင်း

Ref - Politico & Slate

The Ladies News Journal


 

No comments:

Post a Comment