ရန်ကုန်၊ နိုဝင်ဘာ ၁၁
နိုင်ငံရေး ပါတီများ၏
ငြိမ်းချမ်းရေးနှင့် နိုင်ငံ ရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေး ကော်မတီ
(PPIC) မှ ရေးဆွဲလျက်ရှိ သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ကို ယခုလ
၁၃ရက်တွင် ပြုလုပ်မည့် အစည်းအဝေး၌ အပြီးသတ်ရေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဆွေးနွေးပွဲမူဘောင် တွင်ပါဝင်ရမည့် နိုင်ငံရေး၊ စီးပွားရေး
နှင့် လူမှုရေး စသည့် အခန်းများမှ အချက်၂ဝခန့်ကို PPIC ၏ နိုဝင်ဘာ
၈ရက်ကပြုလုပ်သော အစည်းအ ဝေးတွင် အတည်ပြုနိုင်ခဲ့ကြသည်။
''လူမှုရေးခေါင်းစဉ်အောက် မှာပါဝင်တဲ့ ပညာရေး၊ ကျန်းမာရေး
စတဲ့ခေါင်းစဉ်ငယ်လေးတွေကို အဲဒီ နေ့(နိုဝင်ဘာ ၁၃ရက်)မှာ ဆွေးနွေး ပြီး
အတည်ပြုကြမယ်''ဟု
ဖက်ဒရယ် ပြည်ထောင်စုပါတီကိုယ်စားပြု ဆွေး နွေးသူ
ပါတီဒုတိယဥက္ကဋ္ဌ ဦးစော သန်းမြင့်က ပြောသည်။
ထိုအတည်ပြုပြီးသည့်
နိုင်ငံ ရေးဆွေးနွေးပွဲမူဘောင်ကို နိုဝင် ဘာလကုန်တွင် နိုင်ငံရေးပါတီ ၅၆
ခုမှ ခေါင်းဆောင်များကို တင်ပြကြ မည်ဖြစ်ပြီး ထိုခေါင်းဆောင်များက
လိုအပ်သည့်အကြံဥာဏ်များ လိုအပ် ချက်များကို တင်ပြကြမည်ဖြစ်ကြောင်း ယင်းက
ဆက်လက်ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ပါ က ပါဝင်ရမည့်
အစုအဖွဲ့များနှင့် ပတ်သက်ပြီး အစိုးရနှင့် လွှတ်တော် က တစ်စု၊
နိုင်ငံရေးပါတီများက တစ် စု၊ တပ်မတော်က တစ်စုနှင့် တိုင်း
ရင်းသားလက်နက်ကိုင်များက တစ်စု စသည်ဖြင့် လေးစုဖြင့် ဆွေးနွေးရန် PPIC
ကော်မတီက ချမှတ်ထား ကြောင်း သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေးလက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်ဖြစ် ပြီး
ထိုအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီ များကလည်း
နိုင်ငံရေးဆွေးနွေးပွဲမူ ဘောင်များကို အသီးသီးရေးဆွဲလျက် ရှိကြသည်။
NTDW
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment