အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆွေးနွေးသွားရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။
“မြန်မာ့ပြုပြင်ပြောင်းလဲရေ
အိုဘားမားနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှာ ကန့်သတ်ဖိတ်ကြားသော ဆွေးနွေးပွဲဖြစ်ပြီး လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားကြောင်း၊ ကင်မရာနှင့် မိုဘိုင်းလ်ဖုန်းများ ယူဆောင်ခွင့် မပြုသည့်အပြင် ယာဉ်ရပ်နားရန် နေရာပင် ခွင့်မပြုထားကြောင်း ဆွေးနွေးပွဲ တက်ရောက်မည့် ဧည့်သည်များအတွက် လုံခြုံရေးဆိုင်ရာ အသိပေးချက်တွင် ဖော်ပြထားသည်။
“လောလောဆယ် ဦးအောင်သောင်းကို အမေရိကန်က Black List သွင်းတဲ့ ကိစ္စကို လွှတ်တော်က ကန့်ကွက်ထားတော့ နာယကက လွှတ်တော်ကို လာပြောဖို့ မဖိတ်တာ ဖြစ်မယ်ထင်တယ်” ဟု ဦးရဲထွန်းက ဆိုသည်။
အဆိုပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးမည့် ကိစ္စမှာ လွှတ်တော်တွင်းသို့ သမ္မတအိုဘားမားကို ဖိတ်ခေါ်ဆွေးနွေးသင့်သော ကိစ္စဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလည်း ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောခဲ့ဖူးကြောင်
“ကိုယ့်သမ္မတနဲ့ တွေ့ဖို့တောင် အဲဒီလောက် လုံခြုံရေးမကြပ်ဘူး။ အိုဘားမားနဲ့က စည်းကမ်းတင်းကျပ်လွန်းတယ်” ဟု ၎င်းကဆိုသည်။
အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ၁၃ ရက်နေ့တွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံသွားဖွယ် ရှိကြောင်း မြန်မာအစိုးရ အသိုင်းအဝိုင်းထံမှ သိရှိရသည်။
Credit - The Voice Weekly

No comments:
Post a Comment