Friday, November 14, 2014

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ FPTP ကိုသာ ဆက်သုံးမည်

လာမည့်ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရွေးကောက်ပွဲအတွက် လက်ရှိကျင့်သုံးလျက်ရှိသည့် နိုင်သူအကုန်ယူစနစ် (FPTP)ကိုသာ ဆက်လက်ကျင့်သုံးသွားမည်ဟု ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ်လေ့လာသုံးသပ်ရေးကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သည့် ရွေးကောက်ပွဲစနစ် ရှစ်မျိုးအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်ခြင်းရှိမရှိ
အဓိပ္ပာယ်ဖွင့်ရန် အခြေခံဥပဒေခုံရုံးသို့ပေးပို့ခဲ့ရာ လက်ရှိကျင့်သုံးသည့် စနစ်မှလွဲ၍ ကျန်စနစ်များမှာ အခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း လွှတ်တော်သို့ပြန်လည်ပေးပို့ခဲ့သဖြင့်လက်ရှိစနစ်ကိုသာ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Credit - 7DAY DAILY

 

No comments:

Post a Comment