Wednesday, November 12, 2014

ဧရာဝတီတိုင်းတွင် စက်ပိုင်နှင့် ကုန်သည်များကို ငွေထုတ်ချေးရန် ပြင်

မြန်မာနိုင်ငံတွင် ဆန် စပါးအထွက်နှုန်းအများဆုံးနှင့် ဈေးကွက်အကြီးဆုံးဒေသဖြစ် သော ဧရာဝတီတိုင်းအပါအ၀င် ဒေသအချို့၌ ဆန်စပါးဈေးကွက်ကျဆင်းမှုကို ထိန်းချုပ်ရန် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်ဖြင့် စက်ပိုင်နှင့် ကုန်သည်များကို ဘဏ်ချေးငွေများထုတ်ချေးနိုင်ရန် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းက စီစဉ်နေကြောင်း သတင်းရရှိသည်။
တိုင်းအစိုးရထောက်ခံချက် ပါလာပါက အဆိုပါတိုင်းဒေသ ကြီးရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များ ဘဏ်များ၌ ချေးငွေများထုတ်ချေးနိုင်ရန် ဆန် စပါးအသင်း၊
ဆန်စက်အသင်း၊ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်လည်း တင်ပြဆွေးနွေးမှု များပြုလုပ်ထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင် များအသင်းမှ ကိုရဲမင်းအောင်က ပြောသည်။
‘‘ဘာပဲပြောပြော ဒီနေ့အချိန်မှာ ၀ယ်နိုင်တဲ့ အခန်းကဏ္ဍလည်း မြင့်မားလာမယ်ဆိုရင် ဈေးနှုန်း တွေအဆမတန်ကျဆင်းလာတာ တွေကို တားဆီးနိုင်မှာဖြစ်ပါ တယ်’’ဟု ကိုရဲမင်းအောင်ကပြော သည်။

လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေ၌ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၏ ထောက်ခံချက်ဖြင့် ဆန်စပါးလုပ်ငန်းရှင်များ စပါးဝယ်ယူရန် ဘဏ်များတွင် ငွေချေးယူနိုင်သည့် စနစ်ကို စတင်ရာ ဧရာဝတီတိုင်းတွင် လည်း ယခုကဲ့သို့ ပြုလုပ်နိုင်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ငွေချေးယူနိုင်ရန် ထောက်ခံချက်ပေးမည့် ပုံစံ၊ ဆန် ကုန်သည်များအသင်းနှင့် ဆန် ကုန်သည်အသင်းတို့မှ ထောက်ခံ ပေးသည့်ပုံစံများနှင့် ချေးယူသူ များပြန်ဆယ်မည့် ပုံစံများကို စီစဉ်နေကြောင်း သတင်းရရှိသည်။
ဆန်စပါးဝယ်ယူရေးနှင့် ပတ်သက်၍ လတ်တလောတွင် မြန် မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီ ဘဏ်နှင့် သမ၀ါယမဘဏ်များက ငွေထုတ်ချေးလျက်ရှိသည်။
ကန်ထရိုက်လယ်ယာစိုက် ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာနက ကန်ထရိုက်လယ်ယာ လုပ်နေကြောင်း ထောက်ခံချက် နှင့် ဆန်စပါးအသင်းထောက်ခံ ချက်၊ ကုန်သွယ်လယ်ယာ ထောက်ခံချက်များ၊ မိမိဝယ်ယူ မည့် ပမာဏနှင့် မိမိစိုက်ထုတ်နိုင် သည့် ပမာဏများ၊ လိုအပ်သော ငွေပမာဏများ ရေးသားဖော် ပြထားသော စာပါဝင်ပါက လက် ရှိထုတ်ချေးနေသော ဘဏ်များ တွင် ချေးငွေရယူနိုင်မည်ဖြစ် သည်။
 
Credit - 7DAY DAILY

No comments:

Post a Comment