လွတ်မြောက်လာသူ ၁၁ ဦးဟာ မြစ်ကြီးနားမြို့ ကြာရာပတ္တီးရပ်ကွက် "အေ" မှာ နေထိုင်တဲ့ မိန်းကလေး ၃ ဦးနဲ့ ယောင်္ကျားလေး ၈ ဦး ဖြစ်တယ်လို့ ဒီနေ့ ပြန်လည်လွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ် မခေါ်ဆားရ်က ပြောပါတယ်။
"ယူနီဖောင်းတော့ ဝတ်မထားဘူးပေါ့၊ လက်နတ်တော့ကိုင်တယ်၊ ဒီမှာ သူငယ်ချင်းတွေလည်းရှိတယ်ဆို
ဖမ်းဆီးခံခဲ့ရသူတွေဟာ လီဆူ၊ ရဝမ်၊ ဂျိန်းဖောစတဲ့ ကချင်မျိုးနွယ်စု တိုင်းရင်းသားတွေဖြစ်ပြီး ကြာရာပတ္တီးရပ်ကွက် "အေ" က ၁၁ ယောက်နဲ့ ကျန်တဲ့သူတွေက မြစ်ကြီးနားမြို့ မန်ခိန်၊ ရွှေစက်၊ ပလန စတဲ့ရပ်ကွက်တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။
Credit - RFA Burmese

No comments:
Post a Comment