ဒီဇင်ဘာလ အတွင်းပြုလုပ်မည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ပြီးမြောက်မှုစာမေးပွဲများ တွင် ရရှိလာသောအဖြေလွှာများကို သုတေသနပြုလုပ်၍ အတန်းတင်စာ မေးပွဲအတွက် မေးခွန်းများပြုစုသွား မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှစတင်ကာ မူလတန်း အဆင့်ပြီးမြောက်မှုနှင့် အလယ်တန်း အဆင့်ပြီးမြောက်မှု စာမေးပွဲများကို ခရိုင်နှင့် တိုင်းဒေသကြီးပြည်နယ် အဆင့်တို့ဖြင့် စစ်ဆေးသွားမည်ဖြစ် သည့်အတွက် ကျောင်းသားများ လေ့ ကျင့်မှုရရှိစေရန် ဒီဇင်ဘာကျောင်း ပိတ်ရက်မတိုင်မီတွင် ကျင်းပမည့်စာ မေးပွဲများကို အတန်းတင်စာမေးပွဲ ကျင်းပသည့်ပုံစံအတိုင်း ပြုလုပ်ကာ သုတေသနများပြုလုပ်ပြီး လိုအပ်နေ
မှုများကို လေ့လာသွားမည်ဖြစ် ကြောင်း အမှတ်(၁)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
''ဒီကိစ္စအတွက် စီမံချက်တွေ လည်း ထုတ်ပြီးသွားပြီ။ ဒီဇင်ဘာလ ထဲမှာလုပ်မယ့် အစမ်းစာမေးပွဲမှာ အတန်းတင်စာမေးပွဲအတွက် ကလေး တွေဘယ်လောက် သင်ယူရရှိထား ပြီးပြီလည်းဆိုတာ သိချင်တဲ့အတွက် လုပ်ရခြင်းဖြစ်ပါတယ်။
ဥပမာ အင်္ဂလိပ်စာကို ပြန်သင်ပေးဖို့လိုနေ သလား၊ သင်္ချာကိုထပ်သင်ဖို့လိုနေသ လား၊ လိုနေရင်ထပ်သင်နိုင်ဖို့ ဆရာ တို့လုပ်မယ်။ ဆရာတို့လိုချင်တာက ကလေးတွေ တကယ်တတ်မြောက်ရဲ့ လား၊ ကြေညက်ရဲ့လား၊ သင်ခန်းစာ တွေကို ဘယ်လိုသင်ကြသလဲ၊ သင် ခန်းစာနဲ့ကလေးတွေ မျှတရဲ့လား၊ ဒါ့အပြင် သင်နေတဲ့ဆရာတွေကရော ဘာတွေလိုအပ်နေသလဲဆိုတဲ့ မေး ခွန်းများစွာ ထွက်လာနိုင်ဖို့ ဒီအကြို စာမေးပွဲကို လုပ်ရခြင်းဖြစ်ပါတယ်''ဟု အမှတ်(၁) အခြေ ခံပညာဦးစီးဌာ နမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ပြောသည်။
ယင်းအကြိုစာမေးပွဲမှာ ယခင် စာမေးပွဲများ ကျင်းပသည့်ပုံစံနှင့်မ တူပဲ ကျောင်းသားရှိရာနေရာသို့ သွား ရောက်စစ်ဆေးသည့် ပုံစံအသစ်ဖြစ် ကြောင်း၊ ကျောင်းဦးရေနည်းပါးသည် ဖြစ်စေ သွားရောက်စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။
''ရွာကမူလတန်းကျောင်းလေး တစ်ကျောင်းမှာ သုံးယောက်ပဲရှိတယ်၊ လေးယောက်ပဲရှိပေမယ့် သွားစစ်ဆေး ပေးမယ်။ ဘာကြောင့် ဒီလိုလုပ်ရတာ လဲဆိုရင် သုံးလေးယောက်ပဲရှိတဲ့ ကျောင်းရဲ့အခြေအနေကို သိချင်လို့ ပါ။ ဟိုတုန်းကဆိုရင် စာမေးပွဲကို အောင်ရှုံးလုပ်လိုက်တာပဲ။ အခုဟာ ရလာတဲ့ ရလဒ်တွေအပေါ်မှာ ဘာ ပြန်လုပ်ပေးနိုင်မလဲ၊ တို့လုပ်ငန်းတွေ ဘယ်လောက် လွဲချော်နေသလဲဆို တာတွေကို သုတေသနလုပ်ရခြင်းဖြစ် ပါတယ်''ဟု ယင်းက ပြောသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ဝရက်မှ ၂၇ရက် အထိ ကျင်းပရန်အတွက် လျာထား ကြောင်း သိရသည်။
ATK
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group

No comments:
Post a Comment