Tuesday, November 11, 2014

အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများ အောက်ခြေမှာပင် လက်တွဲဖြေရှင်းရန် သဘောတူ

အလုပ်ရှင်၊အလုပ်သမားကိုယ်စားလှယ်များ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း(ဓာတ်ပုံ - အေးမြတ်သူ)
 
အလုပ်ရှင်၊ အလုပ်သ မားအငြင်းပွားမှုများကို အောက် ခြေအဆင့်မှာပင် လက်တွဲဖြေရှင်း နိုင်ရန် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့ချုပ် နှစ်ခုအကြား နိုဝင်ဘာ ၁၀ ရက်က ပထမအကြိမ် နား လည်မှု  စာချွန်လွှာသဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

 ၂၀၁၂ ခုနှစ်မှစ၍ ပြည်တွင်း တွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများဖြစ်ပွားလျက်ရှိ ရာ အငြင်းပွားမှုများ မဖြစ်ပွားမီ အလုပ်ရှင်နှင့် အလုပ်သမားကြား နားလည်မှုရရှိစေရန်နှင့် ပဋိပက္ခ ဖြစ်ပွားမှုလျော့ကျစေရန် နိုဝင် ဘာ ၁၀ ရက်က အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့ချုပ် အချင်း ချင်းနားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

 ‘‘အခုလိုဆောင်ရွက်တဲ့ အပေါ် ယုံကြည်မှုရှိရင် အငြင်း ပွားမှုတွေ လျော့ကျသွားမှာပါ။ အငြင်းပွားမှုမဖြစ်ခင်မှာ အလုပ် ရှင်နဲ့ အလုပ်သမားကြား နား လည်မှုရအောင် အောက်ခြေ အဆင့်မှတင်ပြီးသွားအောင် ပူး ပေါင်းဆောင်ရွက်သွားမှာပါ။
ကျွန်မတို့က ဘေးကနေ၀င်ကူညီ နိုင်မယ်လို့ယူဆပါတယ်’’ဟု အလုပ်ရှင်အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကပြောသည်။

ယင်းကဲ့သို့ပူးပေါင်းဆောင် ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦး အောင်လင်းက ‘‘အလုပ်ရှင်အဖွဲ့ အစည်းကလည်း အလုပ်ရှင်ဘက် ကို ချဉ်းကပ်မယ်။ အလုပ်သမား ကလည်း အလုပ်သမားဘက်က ချဉ်းကပ်မယ်။ ပြဿနာတွေကို အောက်ခြေပိုင်းမှာ ရင်ကြားစေ့ ပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိပြီး သားပါ။ အောင်မြင်မှုတစ်ခုရဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်တာ ပါ’’ဟု ဆိုသည်။

ထို့အပြင်အဆိုပါသဘော တူလက်မှတ်ရေးထိုးမှုတွင် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်(MTUF) နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)တို့မှ အထည်ချုပ် အလုပ်သမားများကို အခမဲ့လေ့ကျင့်သင်ကြားမှုများ၊ အလုပ်ရှင် နှင့် အလုပ်သမားအကြား နှစ်ဦးနှစ်ဖက်စေ့စပ်ဆွေးနွေးရေးလုပ်ငန်းစဉ်များထည့်သွင်းထားသည်။

ပြည်တွင်း၌ အထည်ချုပ် စက်ရုံသုံးရာကျော်ရှိပြီး အထည် ချုပ်စက်ရုံ လုပ်သားဦးရေ နှစ်သိန်းကျော်ရှိကြောင်း သိရသည်။ အ လုပ်ရှင်၊ အလုပ်သမားအကြား တွင် လုပ်ခလစာနည်းပါး၍ တိုး မြှင့်တောင်းခံခြင်းကြောင့် အငြင်း ပွားမှုအများဆုံးဖြစ်ပွားပြီး ယခု အခါအငြင်းပွားမှုများလျော့ကျ ရန် အစိုးရက အနည်းဆုံး အခကြေးငွေဥပဒေကို ပြဋ္ဌာန်းပေးခဲ့သော်လည်း တစ်နှစ်ကျော်အထိ နှုန်းထားသတ်မှတ်နိုင်ခြင်းမရှိသေးပေ။
 
 Credit - 7DAY DAILY

No comments:

Post a Comment