Sunday, May 31, 2015

လှေစီးပြေး ဒုက္ခသည်များကို ကယ်ဆယ်ရန် အရှေ့တောင်နိုင်ငံများ ကတိပြု

ဒေသတွင်းရှိ ပင်လယ်များတွင် သောင်တင်လျက်ရှိသည့် လှေစီးပြေးဒုက္ခသည်များကို ကူညီရန် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့်ရန် အရှေ့တောင်နိုင်ငံ များက မေ ၂၉ တွင် သဘောတူညီခဲ့သည်။ ထိုစဉ် မြန်မာက ၎င်း၏ ရေတပ်သည် ၎င်း၏ ကမ်းလွန်တွင်  လူ ၇၀၀ ကျော် လိုက်ပါလာသော သင်္ဘောပေါ်တစ်စီးကို ဖမ်းဆီးမိကြောင်း ပြောကြားသည်။
 
vnjxkbhldfnnbdifubhnkjvndfiumkxvjl
ဘန်ကောက်တွင် ကျင်းပသည့် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းမှုဆိုင်ရာ အထူးအစည်းအဝေးသို့ တက်ရောက်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ-ရိုက်တာ



ယခုလတွင်  လူမှောင်ခိုဂိုဏ်းများကို ထိုင်းနိုင်ငံက နှိမ်နင်းမှုတစ်ခု ပြုလုပ်ပြီးနောက်ပိုင်း ရွှေ့ပြောင်းအခြေချသူ ၄,၀၀၀ ကျော်သည် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့၏ ကမ်းများသို့ ဆိုက်ရောက်ခဲ့သည်။ ရွှေ့ပြောင်းခြေချသူ ၂,၀၀၀ ခန့်မှာ အန်ဒမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မျောပါနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

အကျပ်အတည်းကြောင့် ထိခိုက်မှုရှိသော နိုင်ငံများကလူကုန်ကူးမှုတိုက်ဖျက်ရေး အထူး တပ်ဖွဲ့တစ်ခုတည်ထောင်ရန် ဘန်ကောက် အစည်းအဝေးတွင် သဘောတူ ခဲ့သည်။ ထို့အပြင် အကျပ်အတည်း၏ ဇစ်မြစ်အကြောင်းရင်းများကို ကိုင်တွယ်ရန် ထောက်ခံအကြံပြုချက်များစွာကိုလည်း အတည်ပြုခဲ့သည်။

အစည်းအဝေးသို့ မြန်မာတက်ရောက်ခြင်းက သော့ချက်ကျပြီး လွန်စွာအကောင်းမြင်မှု ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဝီလျံလေစီဆွင်းက ရိုက်တာကို ပြောကြားသည်။

ဘန်ကောက်အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ အာရှမှ နိုင်ငံများနှင့်အတူ အမေရိကန်၊ ဆွစ်ဇာလန်အပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကိုယ်စားလှယ်များအပြင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးနှင့် နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများအဖွဲ့ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း များ တက်ရောက်ခဲ့သည်။

မြန်မာကိုယ်စားလှယ်တစ်ဦးက ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို အသုံးမပြုရန် အစည်းအဝေး တက်သူများကို တောင်းဆိုခဲ့သည်။ အများစုက မြန်မာ၏ တောင်း ဆိုချက်ကို လေးစားမည်ဟု ဆိုသည်။

ဒုက္ခသည်များ၏ မူရင်းနေရာများတွင် လူ့အခွင့်အရေး လေးစားမှု အပြည့်အဝ ထားရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြုပ်နှံရန် အချက်များ အပါအဝင် အဓိကပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန်လည်း သဘောတူခဲ့သည်ဟု သိရသည်။

အကျပ်အတည်း ကူညီဖြေရှင်းရေးအတွက် ငွေကြေးအကူအညီများလည်း ပေးအပ်မည်ဟု အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့က ကတိပြုခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment