Friday, May 29, 2015

ဧရာဝတီတိုင်းတွင် ထပ်မံဖမ်းစီးမိသော လှေစီးဒုက္ခသည်များကို ဟိုင်းကြီးကျွန်းရေတပ်က ထိန်းသိမ်းထား

MOI Boat copy copy

ရန်ကုန် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းဖျာပုံခရိုင်တွင် ဖမ်းဆီးမိသော  လှေစီးရွှေ့ပြောင်းသွားလာသူများကို ဟိုင်းကြီးကျွန်းရေတပ်ကထိန်းသိမ်းထားပြီး မေ ၃၀ရက်တွင် တိုင်းဒေသကြီး လ.၀.က ကစိစစ်မည်ဟု ဟိုင်းကြီးကျွန်းလ.ဝ.က မှူး ဦးအောင်တိုးက မဇ္ဈိမကိုပြောသည်။

ဖျာပုံမြို့နယ် အရှေ့ဘက် မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးမိသော သင်္ဘောပေါ်တွင် ဘင်္ဂလီ ၇၂၇ ဦးပါဝင်ပြီး ၎င်းတို့ကို ရေတပ်က ထိန်းသိမ်းထားသည် ဟုဆိုသည်။

ဦးအောင်တိုးက "မနက်ဖြန်မှာ လ.ဝ.က က စိစစ်မှာပါ အခုလောလောဆယ် ရေတပ်က ထိန်းသိမ်းထားတယ်"ဟု ပြောသည်။

မေ ၂၉ ရက် နံနက်ပိုင်းက မြန်မာ့ရေပိုင်နက်အတွင်းသို့  ရောက်ရှိလာသော လှေစီးဒုက္ခသည် များကို ရေတပ်က ဒုတိယအကြိမ်မြောက် ထပ်မံဖမ်းဆီးမိခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် လူဦးရေ ၇၂၇ ဦးပါဝင်ပြီး ကျား(၆၀၈) ဦး၊ မ (၇၄) ဦး နှင့် ကလေး (၄၅) ဦးပါဝင်သည် ဟု ပြည်ထောင်စု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယခုလ  ၂၁ ရက်ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာတွင် ထိုသို့ လှေတစ်စီးဖမ်းဆီးမိပြီး ပါဝင်သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကဟု အတည်ပြုထားသော်လည်း လွှဲပြောင်းပေးနိုင် ခြင်းမရှိသေးပေ။ ပထမအကြိမ် ဖမ်းစီးမိသော စက်လှေနှစ်စီးတွင် လှေမောင်းသူနှင့် လှေလုပ်သား
နှစ်ဆယ်ဦးမှာ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မြန်မာနိုင်ငံသားများဖြစ်ပြီး လှေပိုင်ရှင်များမှာ ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားနှစ်ဦး ဖြစ်သည်။

ဒေသတွင်း လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုများ နှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်သော အစည်းအဝေးကိုလည်း  ကျင်းပနေလျှက်ရှိသည်။

Credit - Mizzima News

No comments:

Post a Comment