Thursday, June 4, 2015

လူ ၇၃၄ ဦးပါ လှေ မြန်မာရေပိုင်နက်အတွင်း ရောက်ရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးအတည်ပြု

မြန်မာရေပိုင်နက်တွင်းသို့ လူ ၇၃၄ ဦးပါ လှေတစ်စင်းကို တွေ့ရှိပြီး ရခိုင်ပြည်နယ်တွင် ထားရှိထားကြောင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လှေပေါ်တွင် အမျိုးသား ၆၁၁ ဦး၊ အမျိုးသမီး ၇၂ ဦး နှင့် ကလေး ၅၁ ဦးတို့လိုက်ပါလာပြီး ၎င်းတို့အတွက် အစီအစဉ်များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဇွန် ၄ ရက်က နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် သံအမတ်ကြီးများနှင့် အိုင်အင်န်ဂျီအိုများရှေ့မှောက်၌ ပြောခဲ့သည်။

"လူသားချင်း စာနာထောက်ထားမှုကို သေချာစွာ စဉ်းစားသုံးသပ်ပြီး သူတို့တွေကို ယာယီခိုလှုံရာစခန်းတွေမှာ လုံလုံခြုံခြုံ ထားရှိထားပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအစာများပေးပြီး ဒီနေ့မှာ သူတို့ကို စစ်ဆေးမှုတွေ စလုပ်နေပါပြီ” ဟု ၎င်းကပြောသည်။

နိုင်ငံဖြတ်ကျော်မှုခင်းများ၊ လူမှောင်ခိုကုန်ကူးမှုများနှင့် မှောင်ခိုအကူးခံရသူများအတွက် အထောက်အပံ့ပေးခြင်းများကို ဒေသတွင်းနိုင်ငံများနှင့် အတူ မြန်မာနိုင်ငံက ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်ကပြောသည်။

"ကျွန်တော်တို့ဖက်က တာဝန်ယူ လုပ်ဆောင်မှုတွေကို ဖော်ပြရမယ်ဆိုရင် မေ ၂၁ ရက်က ပင်လယ်တွင်း ဒုက္ခရောက်နေတဲ့ ရွှေ့ပြောင်း သူတွေကို မြန်မာရေတပ်နဲ့ လေတပ်ဖွဲ့က တစ်စိုက်မတ်မတ် ရှာဖွေခဲ့ရာမှာ မြန်မာ့ရေတပ်က စုစုပေါင်း ၂၀၀ အထိ ကယ်ဆယ်ခဲ့ရပါတယ်” ဟု ၎င်းကပြောခဲ့သည်။



Credit - Mizzima News

No comments:

Post a Comment