Friday, June 5, 2015

ပြည်သူ့ဆိုသည်မှာ – အဲးခိုး

အစိုးရကို ရွေးထားပြီးလို့ အစိုးရအဖွဲ့အစည်းတွေက နိုင်ငံရေးအာဏာကို ကြိုက်သလို လုပ်နိုင်တယ် လို့ထင် နေကြတယ်။ တကယ်တော့ အားလုံးမဟုတ်ပါ။ ပြည်သူလူထုနဲ့ တိုက်ရိုက် ဆက်ဆံတဲ့ အလုပ်ကို အစိုးရ၀င် ရောက်စွက်ဖက် မလုပ်ရပါ။ မြန်မာပြည် အစိုးရဟာ ပြည်သူနဲ့ တိုက်ရိုက်ပတ်သက်တာကို ၀င်ရောက်ခြယ်လှယ် နေတာကြောင့် ပြည်သူ့ဘ၀မတိုးတက်တာ အဲဒါကြောင့်ပါပဲ။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်း ၀ယ်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ဘာသာရေးစတဲ့ အရေးတွေဟာ လူထုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စပါ။ အစိုးရကိုယ်တိုင် ဘာမှဝင်ရောက် စွက်ဖက်လုပ်ကိုင်စရာမလိုပါ။ ပြည်သူနဲ့ဆိုင်တဲ့အခွင့်အရေးကို လက်ဝါးကြီး အုပ်ဝင်ရောက် ခြယ်လှယ်နေတာကြောင့် မြန်မာပြည်စစ်ဝါဒီဟာ သောင်း ကျန်းလာတာပါပဲ …

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးလုပ်တဲ့နေရာမှာ တိုင်းပြည်အာဏာကို အုပ်စုဖွဲ့ အုပ်ချုပ်ထားတဲ့ စစ်အုပ်စုဝင်တွေက လက်ခံမှုမရှိတာ ယနေ့တိုင်အောင်ပါပဲ။ ယခုလက်ရှိ ကျင့်သုံးသွားနေတဲ့ နိုင်ငံရေး ပုံစံလည်း သူတို့သွားလိုတဲ့ နိုင်ငံရေးပုံစံပါပဲ။ ဘယ်တော့မှ ဖက်ဒရယ်နိုင်ငံရေးပုံစံပေးမှာ မဟုတ်သလို ပြည် ထောင်စု စနစ်စစ်စစ် လည်း ပြည်ထောင်စု အခြေခံဥပဒေကို ရေးဆွဲခွင့်ပြုမှာ မဟုတ်ပါ။ သုံးသပ်မိပါတယ် . . .


 
● ယခင်တစ်ပတ်မှအဆက်

ပြင်ဆင်ခွင့်ဥပဒေကို ပြင်ပေးပါ

ပြည်သူလူထုတွေဟာ မိမိရဲ့တိုင်းပြည်အကျိုးအားလုံးကို ကြီးပွားတိုးတက်ချင်ရင် အမှန်ကိုထောက်ခံရဲသော သတိ္တရှိရမယ်။ အများအကျိုးအတွက် သစ္စာသမာဓိ မရှိသောသူကို အားပေးထောက်ခံဖို့ မလိုပါ။ အမှုကို အား ပေးထောက်ခံရဲတဲ့ သတိ္တဟာ ဒီမိုကရေစီနိုင်ငံရေး သတိ္တပါပဲ။ ဒီမိုကရေစီနိုင်ငံရေး သတိ္တရှိတဲ့သူဟာ အမှန် တရားကို လက်ခံရမယ်။ တိုင်းပြည်အရေးအားလုံးကို တာဝန်ယူရမယ်။ အုပ်ချုပ်ရေးအာဏာကို ယူပြီး ၀တ္တရား မကျေပွန်တဲ့အစိုးရဟာ လူထုကိုလိမ်တာပါပဲ။ လူထုကိုလိမ်တဲ့ အစိုးရဟာ ဥပဒေကိုမရိုသေတာပဲ။ လူထု မကြိုက်တဲ့ ဥပဒေကိုလူထုက ပြင်ဆင်ပေးပါ။ အကြိမ်ကြိမ်အခါခါ လိုလားတောင်းဆိုကြပေမယ့် ဥပဒေပြု အဖွဲ့ တွေက လူထုအကြိုက်ဥပဒေကို မပြင်ပေးနိုင်တာကြောင့် လူထုကိုလိမ်တာပါပဲ။ ဒီမိုကရေစီ နိုင်ငံရေး မှန်ပါက လူထု မလိုလားရင် လုံးဝပြင်ဆင်နိုင်ခွင့်ရှိရမယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပြင်ဆင် ခွင့်ရှိတဲ့ ဥပဒေတွေကို အလျင်အမြန် (အမြန်ဆုံး) ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။…

ပြည်သူတွေ သတိထားစေ

ပြည်သူလူတွေကို အရှင်အကြံဉာဏ် တစ်ခုပေးချင်ပါတယ်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ-

(က) ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ မဲပေးကြမလား

(ခ) ဓမ္မဓိဋ္ဌာန်အနေနဲ့ မဲပေးကြမလား ပြည်သူတွေ စဉ်းစားဖို့လိုမယ်။ မဲဆန္ဒပေးတဲ့သူဟာ ညံ့လို့မရပါ။ ညံ့ရင် အညံ့စား ဒီမိုကရေစီသာရမယ်။ တော်ရင်တော်တဲ့ ဒီမိုကရေစီရမယ်ဆိုတာကို သိထားသင့်တယ်။ မိမိဆန္ဒမိမိ ရဲ့မဲကို ကောင်းမွန်စွာ တန်ဖိုးထားဖို့လိုပါတယ်။ အဂတိတရား တွေကိုလိုက်စားပြီး ပြည်သူတွေကိုအကြိမ်ကြိမ် အခါခါ အာဏာပြမယ့်သူကို မိမိပိုင်ဆိုင်တဲ့မဲကို မပေးမိဖို့လိုပါတယ်။ မိမိပိုင်ဆိုင်တဲ့မဲကို မျက်နှာလိုက်ပြီး မပေး မိကြပါနဲ့ သတိထားဆင်ခြင်ရမယ်။ တိုင်းပြည်အတွက်နဲ့ တကယ့်ကိုယ်ကျိုးစွန့်မယ့် သူကိုရဲရဲဝံ့ဝံ့သာ မဲပေးပါ။ ပါတီစွဲ ပုဂ်္ဂိုလ်စွဲမျိုး မရှိပါစေနဲ့။ ပြည်သူတွေ သတိထားပါစေ။

မဲကို ရိုသေတန်ဖိုးထားပါ

ဒီမိုကရေစီ နိုင်ငံရေးစနစ်ဟာ မဲစနစ်နဲ့ တင်ချနိုင်ခွင့်ရှိပေမယ့် ခဏခဏတင်ချခွင့် မရနိုင်ပါ။ ပြည်သူတွေ သတိ ထားဖို့လိုမယ်။ အများနဲ့တင်မြှောက်ရင် အများနဲ့ပြန်ချနိုင်ခွင့်ကို ဥပဒေမဲ့လို့မရပါ။ ဥပဒေအတိုင်း သာရှိရမယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံရေးဟာ သဘောထားမြင့်မြတ်ရတယ်။ ရွေးကောက်ပွဲမှာ ရှုံးရင်လည်းနိုင်သူကို မမုန်း ဘဲ အကူအညီပေးရမယ်။ အများအကျိုးကိုသာ ကြည့်ရမယ်။ အာဏာလုလို့ အကြောင်းမဲ့ ရန်ဖြစ်နေလို့ မရပါ။ မဲဆန္ဒရှင်တွေဟာ လွတ်လပ်စွာ မဲပေးခွင့်ရှိရမယ်။ လက်နက်နဲ့ ခြိမ်းခြောက်တာမပါရပါ။ မတရားသွေးဆောင် တာမပါရပါ။ မဲအရောင်းအ၀ယ်တွေ၊ လူထုတွေ စိတ်အနှောင့်အယှက် ဖြစ်တာတွေမရှိရပါ။ ဒါကြောင့် မတည် ငြိမ်တဲ့ဒေသ၊ မတရားအာဏာကြီးစိုးတဲ့ ဒေသဟာ ဘယ်လိုမှမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ပါ။ တစ်ပါတီကြီး စိုးမှု၊ အာဏာရပါတီထား ကြလေသမျှ ကာလပတ်လုံး ဒီမိုကရေစီ နိုင်ငံရေး အနှစ်သာရ မရှိနိုင်ပါ။ ဒီသဘော တရားတွေအားလုံးကို ပြည်သူတိုင်းသိထားရမယ်။ ပြည်သူတွေ အသိနောက်ကျရင် နိုင်ငံရေးစားဖားကြီးတွေက အမျိုးမျိုးခြယ်လှယ်နေဦးမှာပါပဲ။ မဲကိုရိုသေ တန်ဖိုးထားဖို့ သတိပေးပါတယ်။

ဒီမိုကရေစီသာ နားလည်ပါ

ဒီမိုကရေစီနိုင်ငံရေးဆိုတာ ကိုယ်တွေ့ကျင့်သုံးရမယ့် နိုင်ငံရေးပါ။ ကိုယ်, နှုတ်, စိတ် ၃ပါးလုံး ယဉ်ကျေးေ အာင် နေ့စဉ် ဆောက်တည်ကျင့်သုံးရမယ့် နိုင်ငံရေးပါ။ လူ့ရဲတန်ဖိုးနဲ့ လူ့ဘ၀မြင့်မြတ်ခြင်းကို လေးစားတန်ဖိုး ထားရ တယ်။ လူတိုင်းနေထိုင်ခွင့်၊ ပြောဆိုခွင့်၊ ပြုမူခွင့်အမျိုးမျိုးကို လွတ်လပ်စွာရှိရမယ်။ လွတ်လပ်စွာ ခံစားခွင့်ရှိရ မယ်။ ဒီအမူအကျင့်ကို မသိဘဲ (နားမလည်ရင်) နိုင်ငံရေး၊ စီးပွားရေး၊ ဆက်ဆံရေးတွေမှာ သိမှာမဟုတ်ပါ။ သ ဘောတရားပြတဲ့ နိုင်ငံရေးမဟုတ်တဲ့ ဒီမိုကရေစီဟာ နေ့စဉ်ကျင့်သုံးဆောက်တည်ရမယ့် နိုင်ငံရေးစနစ် ဖြစ် တယ်။ သို့မဟုတ်သင့်မြတ်စွာ စုပေါင်းနေထိုင်မှုအတွက်ကို လမ်းညွှန်မှုပြုတဲ့ နိုင်ငံရေးပါပဲ။ ဒါကြောင့် ပြည်သူ တွေ ဒီမိုကရေစီကို လေ့လာယူရမယ်။ လေ့လာလို့သိတဲ့ အတိုင်းကျင့်သုံး ဆောက်တည်ရမယ်။ အိမ်နေရင် အိမ်မှာကျင့်သုံးအပ်တဲ့ စည်းကမ်းရှိသလို စာသင်ကျောင်းသွားရင် စာသင်ကျောင်းမှာ ကျင့်သုံးဆောက်တည်ရ တဲ့ ကျောင်းစည်းကမ်းဆိုတာ ရှိတယ်။ အဲဒီကျင့် သုံးဆောက်တည်မှုဟာ ဒီမိုကရေစီပါပဲ။ ဒါကြောင့် လူကျင့် ၀တ်ကိုတန်ဖိုးထားသော လူ့ကိုတန်ဖိုးထားသော သင့်မြတ်စွာစုပေါင်းနေထိုင်သော ကျင့်ဝတ်သိက္ခာဟာ ဒီမိုက ရေစီပါပဲ။ ဒီမိုကရေစီသာ နားလည်ပါ။ မဆင်းရဲနိုင်ပါ။

အသံကုန်အော်ဟစ်နေရင်လည်း

လူဆိုတာ နေ့စဉ်နေထိုင်မှုအတွက်နဲ့ အသက်ရှင်သန်နေအောင် အမျိုးမျိုးကျင့်သုံးမှု လုပ်ရတယ်။ အချင်းချင်း ဆွေးနွေးကြတာ၊ ကိုယ်တွေ့လက်တွေ့စမ်းသပ်မှုလုပ်တာ၊ စိတ်ကူးထင်မြင်ချက်တွေ လုပ်တာက ပွင့်ပွင့်လင်း လင်းလုပ်ကိုင်မှုရှိရတယ်။ အများအမြင်၊ အများသဘော၊ အများဘက်၊ အများထင်မြင်ချက်၊ ယူဆချက်၊ အများ တန်ဖိုးထားမှုကို ဆုံးဖြတ်ချက်နဲ့ရပ်တည်တဲ့ လူမှုဘ၀လမ်းစဉ်လို့ပြောရင် ဒီမိုကရေစီလမ်းစဉ်ပါပဲ။ ဒီအကြောင်း အရာတွေကိုလေ့လာပါ။

(၁) တိုင်းပြည်ရဲ့ အထွေထွေအုပ်ချုပ်ရေးကို လေ့လာပါ။

(၂) တိုင်းပြည်တာဝန် ထမ်းဆောင်လုပ်ကိုင်တာကို လေ့လာပါ။

(၃) တိုင်းပြည်အတွင်း လူမှုစီးပွားရေး အဆင့်အတန်းပုံစံ အောင်မြင်၊ ဆုတ်ယုတ်မှုကို လေ့လာပါ။

(၄) လူထုအချင်းချင်း ဆက်ဆံရေးကို လေ့လာပါ။ ဒီအခြေခံ ၄ချက်ဟာ တိုင်းပြည်တိုင်းရဲ့ လူမှုဘ၀နိုင်ငံရေး မူပါပဲ။ ဒီသဘောတရားကို မသိနားမလည်ရင် ဒီမိုကရေစီလို့ အသံကုန်အော်ဟစ်နေရင်လည်း အလကားပါပဲ။

မှန်ကန်ခြင်းဆိုတာ အရှင်တို့တိုင်းပြည်ဟာ

(၁) အများကောင်းကျိုးအတွက် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ကြရဲ့လား။

(၂) လူတစ်ဦးချင်းစီရဲ့ ကောင်းကျိုးတွေ ဖြစ်စေရဲ့လား။ (ထိခိုက်နေသလား)

(၃) လူတိုင်းမှာ လွတ်လွတ်လပ်လပ် ကြံစည်နိုင်ရဲ့လား။ လုပ်ကိုင်ခွင့် လွတ်လပ်ရဲ့လား၊ ရရှိတဲ့အကျိုး ကျေးဇူး တွေ တန်ဖိုးရှိရဲ့လား။ ကိုယ်တိုင်ပါဝင်ခွင့်ကို လွတ်လပ်မှုရှိရဲ့လား။

(၄) မိမိယုံကြည်ရာကို လွတ်လပ်မှုရှိရဲ့လား။

(၅) အစွန်းနဲ့ မညီညွတ်တဲ့အတွေးအမြင် တွေဆွေးနွေးတဲ့အခါ လွတ်လပ်မှုရှိရဲ့လား။

(၆) လွတ်လပ်မှုလိုလားတဲ့ သူဟာတာ ၀န်ခံမှုရှိရမယ်ဆိုတာ သိထားကြရဲ့လား။

ဖော်ပြထားတဲ့အချက်တွေကို နားမလည်ရင် လူမှုဘ၀နိုင်ငံရေးဖြစ်တဲ့ ဒီမိုကရေစီကို နားလည်ကြမှာမဟုတ်ပါ။ ဒါကြောင့် ဒီမိုကရေစီဟာ လွတ်လပ်မှုတရား အရခံစားရမှုမရှိရင် ဒီမိုကရေစီနိုင်ငံရေးအရ အစစ်အမှန်လို့ ပြော လို့မရပါ။

စိတ်နေသဘောထားမမှားဖို့


အရှင်တို့တွေဟာ အလုပ်နဲ့ပတ်သက်လို့ ဘာလုပ်တတ်ပါသလဲ။ အိမ်နဲ့ပတ်သက်တဲ့အလုပ်၊ ကျောင်းနဲ့ပတ် သက်တဲ့ အလုပ်၊ ဘာအတတ်တွေရှိထား ကြပါသလဲ။ အတတ်ပညာရပ်နဲ့ မိမိဘ၀တစ်ခုလုံးကို ရပ်တည်နိုင်ကြ ပါပြီလား။ ကျွေးမွေးလုပ်ကိုင်တဲ့ အတတ်ပညာ၊ ပျော်ပွဲရွှင်ပွဲနဲ့ဆိုင်တဲ့ အတတ်ပညာ၊ အာဂန္တုကျင့်ဝတ်နဲ့ ဆိုင်တဲ့ ဧည့်ဝတ်ကျေပွန်မှု အတတ်ပညာတွေ တတ်ကြပြီလား။ အရောင်းအ၀ယ်နဲ့ပတ်သက်တဲ့ အတတ်ပညာ၊ ကိုင်း၊ ကျွန်း၊ လယ်၊ ခြံတွေနဲ့ ပတ်သက်တဲ့ အတတ်ပညာတွေ တိတိကျ ကျတတ်ကြရဲ့လား။ အုပ်ချုပ်မှု အလေ့အ ကျင့်နဲ့ ပတ်သက်လို့ မိသားစုအစည်းအဝေးတွေ၊ မြို့ရွာအုပ်ချုပ်မှု၊ တာဝန်ခံမှု အစည်းအဝေးတွေ ပြုလုပ်တိုင် ပင်ဆွေးနွေးဆုံး ဖြတ်တတ်ကြပြီလား။ ဒီသဘောတရားတွေ အားလုံးဟာ ဒီမိုကရေစီတိုင်းပြည်တိုင်း ကျင့်သုံး ဆောက်တည်ကြတဲ့ နိုင်ငံရေး ယဉ်ကျေးမှု အလေ့အကျင့်ပါပဲ။ ဒီအလေ့အကျင့်ရှိရင် ၀တ္တရားရှိတဲ့ အတိုင်းလုပ် ကိုင်ခွင့်ရကြပါတယ်။ အရှင်တို့ မြန်မာပြည်သူတွေ စိတ်နေသဘောထား မမှားဖို့ အရေးကြီးပါတယ်။

အရည်အချင်းပြည့်ဝဖို့

တကယ်တော့ အရှင်တို့တွေဟာအရှင်တို့ ကြံစည်စိတ်ကူးတဲ့အတိုင်းကို တာဝန်ယူပြီး လေ့ကျင့်ရမယ်။ မိမိ ဘ၀ အတွက် လွတ်လပ်မှုကို လိမ်လိမ်မာမာ အသုံးချတတ်ရမယ်။ အစုအဖွဲ့နဲ့ လုပ်ကိုင်တတ်ရမယ်။ ဆင်ခြင် တတ်ရမယ်။ စဉ်းစားတတ်ရမယ်။ အများကောင်းကျိုးကို ဆောင်ရွက်တတ်ရမယ်။ အုပ်ချုပ်ရေးမှာ ပါဝင်ဆောင် ရွက်တတ်ရမယ်။ အဲဒီလိုဆောင်ရွက်တတ်လာဖို့ မိမိတို့ကို-

(က) လမ်းညွှန်သူဆရာ၊

(ခ) အတိုင်ပင်ခံပုဂ်္ဂိုလ်၊

(ဂ) အကြံဉာဏ်ပေးသူ၊

(ဃ) မိတ်ဆွေလို ကူညီပေးသူရှိရမယ်။ ထားရမယ်။ ဘာလုပ်လုပ်ဆွေးနွေးရမယ်။ အကြောင်းအရာ ပြည့်စုံရ မယ်။ မိမိကိုယ်ကိုယ် အရည်အချင်းရှိအောင် လုပ်ရမယ်။ စိတ်သဘောထားကွဲပြားရင် ဖြေရှင်းတဲ့ နည်းလမ်းသိ ရမယ်။ ပြဿနာတွေကို လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်ရမယ်။ ဘာလုပ်လုပ်ပါ၊ မိမိရဲ့စွမ်းရည်ကို လွတ်လွတ်လပ် လပ် အသုံးပြုတတ်ရမယ်။ အမျိုးမျိုးလိုက်နာရေး စည်းကမ်းတွေကိုလည်း ချမှတ်တတ်ရမယ်။ အဖွဲ့အစည်းနဲ့ နေရင် အဖွဲ့အစည်းကို တာဝန်လွှဲအပ်တတ်ရမယ်။ တိကျမှု၊ မှန်ကန်မှု၊ လေးစားမှုရှိရမယ်။ အထူးသဖြင့် အကဲ ဖြတ်နိုင်တဲ့ အရည်အချင်း ပြည့်ရမယ်။

လက်တွေ့လိုက်နာကျင့်သုံးခွင့်

ဒီဥပမာလေးတစ်ခုနဲ့ စကားပြောကြပါစို့။ အိမ်တစ်အိမ်မှာ မိသားစုဝင် ၆ယောက် ရှိတယ်ဆိုပါစို့။ မိခင်ဖြစ်သူက သားသမီး ၄ယောက်ကိုခေါ်ပြီး စားပွဲခုံနားမှာ ဘုရားဖူးသွားမယ့် အကြောင်းပြောပြရင် သားသမီးတွေက သွား မယ့်သူ၊ နေမယ့်သူ အမျိုးမျိုး အသံကြားရမယ်။ သွားမယ့်သူက ခရီးစရိတ်ကုန်မယ့်အကြောင်း မိခင်ကိုတင်ပြ လေမှာပဲ။ မသွားတဲ့သူကသူ့မှာ ခရီးစရိတ်မကုန်ဘဲ အိမ်မှာနေရင်းနဲ့ စာဖတ်မယ်၊ စာရေးမယ်၊ သတင်းကြည့် မယ်၊ ရုပ်ရှင်ကြည့်မယ်စတဲ့ အမျိုးမျိုး စိတ်ထဲကရှိတဲ့အတိုင်း မိခင်ကို ပြောပြလေမှာပဲ။ တစု တစည်းတည်းခရီး ကို မသွားဖြစ်တဲ့ မိသားစုတစ်စုရဲ့ခြားနားချက် ပြဿနာဟာ (ကို) ဖြေရှင်းပေးရမှာက မိဘနှစ်ပါး ပါပဲ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ မိဘနှစ်ပါးက အဆင်ပြေအောင် စည်းရုံးဆွေးနွေး ခွင့်ပေးရမယ်။ ဆွေးနွေးခွင့်တစ်ခုပြီး တစ်ခုပြီးရင် နေထိုင်သွားလာမှုစနစ် တစ်ခုခု ရလာကြမှာ ပါပဲ။ အဲဒီ အဖြေကိုတန်ဖိုးထားပြီး အလေ့အကျင့် မကြာမကြာလုပ်ပေးပါ။ လက်တွေ့လိုက်နာကျင့်သုံးခွင့်တွေ ရလာမှာပါ။ အိမ်တွင်း ဒီမိုကရေစီပေါ့။

နိုင်ငံသားတစ်ယောက်ရဲ့ ဒီမိုကရေစီ

ဘာမဆို ကိုယ်တွေ့လက်တွေ့ကျင့်သုံးစေမှုနဲ့ ပတ်သက်ရင်ငယ်ငယ်က စတင်ထားတာ အကောင်းဆုံးပါပဲ။ လွတ်လပ်စွာ ပြောဆိုဆွေးနွေးတာ၊ လွတ်လပ်စွာ ဝေဖန်ပြောဆိုတာ၊ အစုအဖွဲ့အလိုက် ဆုံးဖြတ်ချက် လုပ်တာ တွေဟာ ငယ်ငယ်က လေ့ကျင့်ထားရတယ်။ ဘယ်သူမဆို တာဝန်ရိုသေတဲ့ အလုပ်ရှိရမယ်။ တာဝန်ရှိတဲ့ အလုပ်ကို လုပ်တတ်လာပြီဆိုရင်-

(၁) မိမိလုပ်တဲ့အလုပ်ကို တန်ဖိုးသိလာမယ်။

(၂) တန်ဖိုးမှုကို နားလည်ရင် ဂုဏ်ရှိလာမယ်။

(၃) မိမိနေထိုင်သည့် တိုင်းပြည်အကြောင်းကို နားလည်လာမယ်။

(၄) တိုင်းပြည်အင်အားအကြောင်းတွေ နားလည်လာမယ်။ ထိန်းသိမ်းတတ်လာမယ်။

(၅) သူကောင်းတစ်ယောက်လို ရပ်တည်လာမယ်။

(၆) ဘယ်လိုပြဿနာမျိုး ရင်ဆိုင်ရစေလည်း စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်တယ်။

(၇) ပြုပြင်ပြောင်းလဲတဲ့ အသိစိတ်ဓာတ်တွေ မြှင့်တက်လာမယ်။

(၈) မိမိအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်ရမယ်ဆိုတာကို နားလည်လာမယ်။ ဒါတွေ အားလုံး ဟာ နိုင်ငံသားတစ်ယောက်ရဲ့ သိထားသင့်တဲ့ ဒီမိုကရေစီပါပဲ။

အသိနဲ့ အကျင့်ရှိရမယ်

ခေတ်ကာလက အမျိုးမျိုးလည်ပတ် ပြောင်းလဲပေမယ့် လူမှုဘ၀နိုင်ငံရေးက ပုံမှန်လေးပဲရှိရမယ်။ အသိနဲ့ အကျင့်ဟာ ညီဖို့လိုပါတယ်။ အသိနဲ့အကျင့်ဟာ မညီညွတ်ဘဲရှိရင် တိုးတက်အောင်မြင်မှု မရှိနိုင်ပါ။ တိုးတက် အောင်မြင်တဲ့ တိုင်းပြည်တွေကို ကြည့်ပါ။ အစစအရာရာ တန်ဖိုးထားမှု လုပ်တယ်။

(၁) ပုဂ်္ဂိုလ်ကို လေးစားမှု၊ တန်ဖိုးထားမှု၊

(၂) အခွင့်အရေးပေးမှု၊ အခွင့်အလမ်းထားမှု၊

(၃) လုံခြုံမှု၊

(၄) လွတ်လပ်မှု၊

(၅) လွတ်လပ်စွာ ကြံစည်အားထုတ်မှု၊

(၆) ပညာသင်ကြားနိုင်မှု (ပညာသင်ကြားနိုင်ခွင့်)၊

(၇) အုပ်ချုပ်မှုနဲ့ အခွင့်အရေးပေးမှု၊

(၈) တရားမျှတမှုတွေဟာ လူမှုဘ၀နိုင်ငံရေး (ဒီမိုကရေစီ) အသွင်လက္ခဏာအချို့ပါပဲ။ ဒီသဘောတရားတွေ ဟာ လေ့ကျင့်ပျိုးထောင်မှုမရှိဘဲ မရနိုင်ပါ။ ချမ်းသာ ကြွယ်ဝစည်းလုံးတဲ့ တိုင်းပြည်ဟာ အသိ (အတတ်ပညာ)နဲ့ အကျင့်ကို စနစ်ကျကျ ပြုစုပျိုးထောင်ထားလို့ပါပဲ။

အလွဲသုံးစားခြင်း

ဒီနေ့ခေတ်ကာလမှာ နိုင်ငံရေးကို အပြိုင်အဆိုင်လုပ်နေကြတယ်။ တိုက်တယ်၊ ခိုက်တယ်၊ တော်လှန်တယ်၊ ဆန့် ကျင်တယ် အမျိုးမျိုးလုပ်ပြနိုင်တာကို ဒီမိုကရေစီ နိုင်ငံရေးဆိုပြီးတော့ အလွဲအမှား သုံးစားတာတွေ အများကြီး ပါပဲ။ များရာ နိုင်စတမ်းပုံစံမျိုးနဲ့ အာဏာတက်လုနေကြတယ်။ ဖက်တဲ့သူက ဖက်၊ ဖဲ့တဲ့သူက ဖဲ့၊ လှည့်တဲ့သူက လှည့်နဲ့ နိုင်ငံရေးကစားကွင်းချဲ့ပြီး အလုအယက် လုပ်ချင်နေကြတယ်။ ဘာသင်တန်း၊ ဘာစာတစ်အုပ်လေး တောင်မှ မဖတ်ဘဲ လုပ်ချင်တိုင်း လုပ်နေကြတယ်။ မှားလား၊ မှန်လား၊ ဟုတ်လား၊ မဟုတ်လား ပဓာနနဲ့ သာ မညမခွဲခြားဘဲ နိုင်ရင်ပြီးရောနဲ့ ထင်သလို လုပ်နေကြတယ်။ စိတ်ဓာတ် ကောင်းဆိုတာလည်း မမြင်ရ။ ထားရ ကောင်းမှန်းတောင် နားမလည်ကြဘဲ နိုင်ငံတော်အကြီးအကဲ၊ အထွတ်အခေါင် လုပ်ချင်ကိုင်ချင်ဖြစ်ချင် နေကြ တယ်။ ရာထူးရဖို့လု နေကြတယ်။ ဒီဟာတွေဟာ နိုင်ငံရေးကို တကယ်လုပ်ချင်တဲ့သူတွေရဲ့ စေတနာ သရုပ် မဟုတ်ပါ။ မကြံစည်ရခြင်းရဲ့ ပြယုဂ်ကို အယုတ်တမာစိတ်ထားနဲ့ ဒီမိုကရေစီကို အလွဲသုံးစားလုပ်တာပါပဲ။ အာဏာလုတာ ပါပဲ။

ဘယ်တော့မှမမေ့

လူမှုဘ၀နိုင်ငံရေး (ဒီမိုကရေစီ) မလေးစားတဲ့သူဟာ အကြောင်းဟုတ်လား။ အကျိုး ဟုတ်လား။ မစဉ်းစားမဝေ ဖန်ဘဲ ထင်သလို လုပ်တာတွေ အတော်တွေ့ရတယ်။ ရိုသေ မြတ်နိုးကြရတာ၊ စည်းကမ်းရှိရတာတွေ မစဉ်းစား ဘဲ တစ်ကိုယ်ကောင်း မကြံရတာတွေ ကြံစည်စိတ်ကူးလို့ တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခရောက်ခဲ့ဖူးတဲ့ အရှင်တို့ တိုင်းပြည်ကိုပဲကြည့်ပါ။ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံရေးအတွေးတွေကြောင့် အတွေးမှား၊ အကြံမှား၊ ရည်ရွယ် ချက်တွေ မှားကြရပြီး အကြီးဆုံး ဆုံးရှုံးမှုတွေ တစ်ပြည်လုံးခံစားရတယ်။ နိုင်ငံသားအချင်းချင်း (တိုင်းရင်းသား အချင်းချင်း)၊ သောင်းကျန်းသူ၊ သူပုန်၊ အဖျက်သမားစတဲ့ အယုတ်တမာ စိတ်ဓာတ်တွေ မွေးခိုင်းပြီး စစ်တလင်း ခင်းပြီး တိုင်းပြည်အာဏာကို လုယူဖျက်ဆီးပစ်ကြတဲ့ အာဏာရှင် စစ်ဝါဒီသမားတွေရဲ့ လက်ချက်ကြောင့် အရှင် တို့ဟာ အချင်းချင်းသတ်ကွင်းထဲမှာ သတ်ကြရတယ်။ မလျော်တဲ့နိုင်ငံရေး အတွေးတွေကြောင့် လူစုခွဲပစ်ပြီး ရက်စက်စွာ အကြီးမားဆုံး အမှားဆုံးကို ဖန်တီးခဲ့တဲ့ မဆလနိုင်ငံရေး လက်သည် ဖြစ်ခဲ့ရတယ်။ ဒီသမိုင်းဟာ မေ့ပစ်လို့မရတဲ့ သမိုင်းပါပဲ။ ဒါတွေပဲလား။ မလျော်သြဇာသုံးတဲ့ နယက၊ န၀တတစ်ခေတ်လုံးလုံးလည်း အကျင့် စာရိတ္တ၊ အကြံအစည်လူမှုရေး သိက္ခာ၊ နိုင်ငံသိက္ခာအမျိုးမျိုး အပျက်အစီးခံရတာကိုလည်း မမေ့နိုင်ပါ။ ဘယ် တော့မှလည်း မေ့လို့မရပါ။

ကောင်းမွန်တဲ့ နိုင်ငံရေး

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးအတွက် အလုပ်ကို ပဲလုပ်ပါ။ ပြည်သူကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်တဲ့အလုပ်ဟာ ဒီမိုကရေစီဝါဒီနဲ့ မညီညွတ်ပါ။ ဒီမညီညွတ်မှုကိုလုပ်တဲ့ သူဟာယခုခေတ် မှာဘာမှပြန် မတုံ့ပြန်ချင်ပေမယ့် ဥပဒေအတိုင်းတော့ စီရင်မှု၊ တုံ့ပြန်မှုတော့လုပ်ရမှာပါပဲ။ ဘာကြောင့်လဲဆိုရင် မတရားတာ လုပ်ထားလို့ပါပဲ။ ဒီမိုကရေစီကျင့်ထုံးမှာ မတရားတဲ့အာဏာကို ဖီဆန်လုပ်ရမှာပါပဲ။ ဒါဟာ တရား တဲ့ အလုပ်ပဲ။ ပြည်သူတွေကို အမျိုးမျိုးဆင်းရဲ ဒုက္ခရောက် အောင်ဖန်တီးပြီး အချိုသတ်တဲ့ပုံစံနဲ့ နိုင်ငံရေး အာ ဏာကို လက်ပြောင်း လက်လွှဲလုပ်တာဟာ မလျော်ပါ။ မကြံစည်ကောင်းတဲ့ အကြံအစည်တွေကို ကြံစည်အား ထုတ်ပြီး ပြည်သူတွေကို အစည်းပြေအောင် အားထုတ်နေတာဟာ ဒီမိုကရေစီ နိုင်ငံရေးမူဝါဒ အနှစ်သာရမဲ့ အောင်လုပ်နေတာပါပဲ။ အစည်းပြေအားထုတ်မှုဟာ နိုင်ငံရေးမဟုတ်ပါ။

သစ္စာတရားရှိရခြင်းကို နားလည်ရမှာပါ။ အာဏာလုပွဲဟာ နိုင်ငံရေးမဟုတ်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မလုပ်တာဟာ နိုင်ငံရေးမဟုတ်။ လမ်းစဉ်ကိုမလိုအပ်ဘဲ ဆန်းထွင်အားထုတ်တဲ့ အမှားဟာ နိုင်ငံရေး မဟုတ်ပါ။ အုပ်ချုပ်မှုအာဏာ အပ်နှင်းထားတာဟာ အာဏာအလွဲသုံးစား မဟုတ်ပါ။ အများ အထင်အမြင်သေးအောင် လုပ်တာဟာလည်း နိုင်ငံရေးမဟုတ်။ တရားဝင် အလုပ်ကိုခံယူတဲ့ တာဝန်အား(တာဝန်ကို)၊ ဂုဏ်သိက္ခာ မထိ ခိုက်အောင်လုပ်ပါ။ ဘယ်တော့မှ နိုင်ငံရေးကို မခြိမ်းခြောက်ပါနှင့်။ စိုးရိမ်ခြင်း၊ သံသယရှိခြင်းဟာ ယုံကြည်မှု အကျိုးမဖြစ်ပါ။ ယုံကြည်မှုအကျိုးမဖြစ်ရင် ဘာလာကောင်းမွန်တဲ့ နိုင်ငံရေးမဖြစ်ပါ။

(၁) လူကို မချုပ်ချယ်ပါနဲ့။

(၂) ပူးပေါင်းဆောင်ရွက်ပါ။

(၃) ကူညီကြပါ။

(၄) တွေးခေါ်ပါ။

(၅) တာဝန်ကိုနားလည်ပါ။

(၆) အခွင့်အရေးလက်မလွှတ်ပါနဲ့။

(ရ) တိုးတက်အောင်လုပ်ပါ။


ကိုယ်တွေ့ကျင့်သုံးရေး

လူမှုဘ၀ နိုင်ငံရေးခိုင်မြဲအောင် အရှင်တို့အားလုံးပြုပြင် လုပ်ကိုင်ကြရမယ်။ အခွင့်အလမ်းကို လေးစားပါ။ ပြဿ နာကို စိတ်အားဓာတ်အား ထက်ထက်သန်သန် ဖြေရှင်းပါ။ စိတ်အားလူ အားထားပါ။ လူရဲ့အခွင့်အရေး တိုး တက်မှု၊ ဆုတ်ယုတ်မှုတွေကို လေ့လာပါ။ စည်းလုံးတဲ့နေထိုင်မှု သော့ချက်ဟာ ပူးပေါင်းဆောင်ရွက်ခြင်းပါပဲ။ အခြား သူတွေရဲ့ အခွင့်အရေးတွေကိုလေးစားပါ။ တစ်ဦးတစ်ချင်း တာဝန်သိမှုကို မမေ့နဲ့။ မိမိ ပစ္စည်းကို လေး မြတ် တန်ဖိုးထားပါ။ ညီမျှတဲ့ အခွင့်အရေးထားပါ။ တိုင်းပြည်ဥပဒေကို လေးစားပါ။ အခြားသူတွေရဲ့ အခွင့် အရေးတွေကို ထောက်ထားပါ။ ယူဆချက်ကွဲပြားမှုကို ရိုသေပါ။ ပြည်သူကိုမဆန့်ကျင်ပါနဲ့။ ကောင်းကျိုး အတွက် တာဝန်ကိုသိပါ။ ပူးပေါင်းဆောင်ရွက်ပါ။ သဘောတူညီချက် အတိုင်းအုပ်ချုပ်ပါ။ မျှတစွာပြုမူဆောင် ရွက်ပါ။ ဝေဖန်တာကို လက်ခံပါ။ မှန်ကန်စွာ သဘောထားပါ။ (သဘောထား မှန်ကန်ပါစေ။) အများအကျိုး စိတ်ဝင်စားပါ။ ညီမျှတဲ့ အခွင့်အရေးရှိပါစေ။ စာရိတ္တကိုတန်ဖိုးထား။ တရားဥပဒေကို ရိုသေပါ။ ဥပဒေနဲ့ တိုင်း ပြည်ကိုတည်ထောင်ပါ။ လူမျိုးနဲ့တိုင်းပြည်ကို မတည်ထောင်ပါနဲ့။

အမျိုးသားစုဖြစ်လာရင်- အရှင်တို့ဟာ တိုင်းပြည်ရှိတဲ့ လူမျိုးတွေပါ။

(က) ချစ်ခင်ခြင်း၊

(ခ) သည်းခံခြင်း၊

(ဂ) သက်ညှာခြင်း၊

(ဃ) စည်းလုံးခြင်း၊

(င) ပူးပေါင်းခြင်း တရားတော်နဲ့အညီ ဆက်ဆံနေထိုင်မယ့် သူတွေပါ။ အများနဲ့နေရမှာပါ။ လူမျိုးစုဖြစ်လာရင် သွေးနီးသွေးဝေးတွေနဲ့ ဆက်ဆံနေထိုင်ရမှာပါပဲ။ ဘာသာ၊ စကားဓလေ့၊ ထုံးတမ်းတူညီကြသူမဟုတ် ပေမယ့် အစုအရုံးနဲ့နေကြရမှာပါပဲ။ အခွင့်အရေး၊ တရားဝတ်တရားတွေ ယူကြရမှာပါပဲ။ အုပ်ချုပ်ရေးစီမံခန့်ခွဲရေး ရှိလာ ရမှာပါပဲ။ တစ်ခါတစ်ရံ သင့်မြတ်ကြမယ်။ တစ်ခါတစ်ရံ မသင့်မတင့်ဖြစ်ကြမယ်။ တစ်ခါတစ်ရံ တိုက်ခိုက်ကြ မယ်။ တစ်ခါတစ်ရံညီညွတ်ကြမယ်ဆိုတဲ့ လောကဓံတရားနဲ့အတူ သတိထားဖို့လိုမှာပါပဲ။ တိုင်းပြည်ရှိတဲ့လူမျိုး ဖြစ်ရင်တော့ ယဉ်ကျေးမှု တိုးပွားလာမှာပါပဲ။ အမျိုးသား ဖွဲ့စည်းလာမှာပါပဲ။ မဖွဲ့စည်းရ၊ မစည်းရုံးရလို့ တားမြစ် ပိတ်ပင်လို့မရပါ။ ဒါကြောင့် အမျိုးသားဖြစ်လာရတာပါပဲ။ အမျိုးသားဖြစ်လာရင် အတိတ်အကြောင်း အရာ ကူညီကြပြီး တစ်မျိုးတည်းသော ဥပဒေနဲ့နေထိုင်ကြရမှာပါပဲ။ စိတ်ဓာတ်ချင်းလည်း တူညီကြရမှာပါပဲ။ အမျိုး သားစု၊ အမျိုးသားနိုင်ငံ ဖြစ်လာရင်တော့ ပြဿနာ မြားမြောင် ရှုပ်ထွေးလေမှာပါပဲ။

ကြိုးပမ်းအားထုတ်ရမယ်

ရှုပ်ထွေးတဲ့ပြဿနာကို မိမိတို့ တစ်မျိုးသားလုံးအတွက် သက်ညှာထောက်ထားကြပြီး တိုးတက်ကြီးပွား တည်တံ့ ခိုင်မြဲအောင်မြင်အောင် လုပ်ကြရမှာပါပဲ။ ယနေ့အတတ်ပညာဟာ ခေတ်သစ်အတတ်ပညာ သက်သက်ပါ။ တစ် ကမ္ဘာတည်း၊ တစ်ရွာပဲဆိုတဲ့ခေတ်ပါ။ လူမှုဆက်ဆံရေး၊ ကြီးပွားရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေ အားလုံးဟာ အမျိုးမျိုး များပြားလာပါတယ်။ အမြင်အမျိုးမျိုးနဲ့ အကြံစိတ်ကူး ဖြန့်ဖြူးနေကြတယ်။ ခက်ခဲတဲ့ပြဿနာ၊ လွယ် ကူတဲ့ ပြဿနာတွေ အမျိုးမျိုးပါပဲ။ အဲဒီပြဿနာတွေကို လူတစ်မျိုးတည်း၊ တစ်နိုင်ငံတည်း မဖြေရှင်းကြတော့ ဘဲ ပူးပေါင်းဆောင်ရွက် ဖြေရှင်းကြတယ်။ လူဆိုတာတောင့်တရခြင်း၊ ကြောင့်ကြရခြင်းကင်းဖို့လိုပါတယ်။ အေး ချမ်းသာယာစွာ နေထိုင်ရရေးအတွက် နိုင်ငံဖွဲ့စည်းပြီး ထီးထီးကြံ့ကြံ့ နေထိုင်ရဖို့အတွက် ကမ္ဘာ့ရေးရာကိုလေ့ လာပြီး ပြေပြေပြစ်ပြစ်နေတတ်ကြအောင် မိမိတို့ရဲ့ တိုင်းပြည်လမ်းစဉ်၊ တိုင်းပြည်မူဝါဒတွေကို ကမ္ဘာ့လမ်းစဉ်၊ ကမ္ဘာ့ဝါဒနဲ့ ကိုက်ညီအောင်လုပ်ကြရမယ်။

အရှင်တို့ရဲ့တိုင်းပြည်ဟာ ကမ္ဘာ့လမ်းစဉ်၊ ကမ္ဘာ့ဝါဒထဲက မိမိတို့ရဲ့တိုင်းပြည်အချုပ် အခြာအာဏာနဲ့ မားမား မတ်မတ် ရပ်တည်နိုင်ရမယ်။ ဆက်ဆံရေး အတတ်ပညာဆိုတာ လူနဲ့အတူ ပါလာတာမဟုတ်ပါ။ ပဋိသန္ဓေ ပညာအရည်အချင်းဟာ လူတိုင်းမလုံလောက်ပါ။ သင်ယူလေ့လာ မှတ်သားရမှာပါ။ ယနေ့ကမ္ဘာ့ရှေ့ဆောင်တဲ့ လူတွေဟာ လေ့ကျင့်သင်ယူကြတဲ့ လူတွေပါပဲ။ အရှင်တို့တွေလည်း ပညာတတ်သူဖြစ်ကြရမယ်။ အများနဲ့ အတူတူ ဆက်ဆံနေထိုင်ကြရမယ့် ခေတ်ဖြစ်လို့ အရှင်တို့ ပညာမတတ်လို့မဖြစ်ပါ။ သင်ယူသောပညာ၊ လေ့ ကျင့်သော ပညာ၊ ပကတိပဋိသန္ဓေပညာရပ်နဲ့ နောက်မကျတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်အောင် ကြိုးပမ်းအား ထုတ်ရမယ်။

အချည်းနှီးမဖြစ်နဲ့

အရှင်တို့ဟာ နိုင်ငံသား ပီသနေကြ ပြီလား။ အသိဉာဏ် ကြွယ်ဝနေကြပြီလား။ အတွေ့အကြုံ ဗဟုသုတလုံ လောက်ကြပြီလား။ ဘယ်အရာမဆို ကျွမ်းကျင်လိမ်မာ ဖို့လိုတယ်။ ပီသတဲ့ နိုင်ငံသားတိုင်းမှာ မတုန်လှုပ်ဘဲ ရဲရဲရင့်ရင့်နဲ့ မိမိတို့တိုင်းပြည် အကျိုးအတွက်ကို ပေးဆပ်ရဲကြတယ်။ တိုင်းပြည် အကျိုးဖြစ်ရင် မည်သည့်နေရာ မဆို ၀င်ရောက် ဆောင်ရွက်လုပ်ကိုင်ရမှာပဲ။ လွတ်လပ်တဲ့ အရှင်တို့တိုင်းပြည်ဟာ အခြားသော သူတစ်ပါး အင်အားနဲ့ ကပ်စားပြီး မနေပါနဲ့။ ရှက်ရမယ့် အကြောင်းရင်းတွေ မလုပ်ပါနဲ့။ နိုင်ငံသားမှန်ရင် ဆိုးတူကောင်း ဖက်ဖြစ်မယ်။ သာတူညီမျှရှိရမယ်။ ပြည်သူသို့မဟုတ် နိုင်ငံသားအာလုံးဟာ အသိဉာဏ်အားကောင်း ဖို့လို တယ်။ မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက် ပြုပြင်တတ်ရမယ်။ ယဉ်ကျေးသိမ်မွေ့ရမယ်။ စိတ်သဘောထား မြင့်မြတ်ရမယ်။ တိုင်းပြည်ရဲ့စည်းကမ်းကို မပြတ်ရို သေလေးစားရမယ်။ ကိုယ်၊ နှုတ်၊ စိတ် ၃ ပါးလုံးအမြဲ လှပ ရမယ်။ အများနဲ့နေရင် အမှားနည်းရမယ်။ အမှားမရှိအောင် စည်းကမ်းမြဲရမယ်။ စည်းကမ်းခိုင်မြဲမှ အကျင့်ခိုင်မြဲ မယ်။ ရှင်သန်မှုအားကောင်းမယ်။ ရှင်သန်နေမှ အကျိုးစီးပွားတိုးပွားမယ်။ အကျိုးစီးပွား တိုးပွားပေမယ့် အကျိုး မမြတ်ရင် လောကအတွက် အချည်းနှီးပဲ။

သိမြင်ပါ

အရာရာတိုင်းကို လေ့လာပါ။ အချည်းနှီး မဖြစ်သင့်ပါ။ လူတိုင်းအတွက် အကျိုးကျေးဇူးကောင်းနဲ့ အလုပ်လုပ်ကြ ပါ။ ရည်ရွယ်ချက်ကြီးမားပါ။ ထင်သလို မလုပ်ပါနဲ့၊ တာဝန်ရှိသလို တာဝန်သိကြပါ။ စောင့် စည်းသင့်စောင့် ထိန်းအပ်တဲ့ အကျင့်ကို ရိုးဖြောင့်မတ်စွာ ကျင့်သုံးဆောက်တည်ပါ။ အများအကျိုးကို မဖျက်ဆီးပါနဲ့။ ၊၊တရား ဥပ ဒေကို လိုက်နာပါ၊ ကျင့်ကြံအားထုတ်ပါ၊ အသိဉာဏ်ကောင်းနဲ့ ရိုးသားဖြောင့်မတ်ပါ။ တိုင်းပြည်အတွက် မိမိ စေ တနာနဲ့ပါဝင် ၀န်ထမ်းကြပါ။အလုပ်လုပ်ကြပါ ကောင်းခြင်း ဂုဏ်ကိုရှေးရှုပြီး မတွက်မကတ်ကြဘဲ ကောင်းကျိုး အတွက်ဆောင်ရွက်ပါ။ စေတနာပါပါနဲ့ ကောင်းကျိုးကို ဆောင်ရွက်ပါ။ တိုင်းပြည်ရဲ့ တန်ဖိုးကိုနားလည်ပါ။ မိမိ ကိုယ် တိုင်စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ အတိုင်း တိုင်းပြည် အကျိုးကိုရွက်ဆောင်ပါ။ တိုင်းပြည် ကောင်း ကျိုးကို အမြဲတမ်းရှေးရှုပါ။ ကိုယ်ကျိုးရှာတာ ဂုဏ်သိက္ခာ ပျက်စရာတွေကို တိုင်းပြည်အတွက်နဲ့ အပျက် မခံပါနဲ့။ နိုင်ငံသားပီသလို့ တိုင်းပြည်တာဝန်ကို ထမ်းရွက်မြဲပါစေ။ ညီညွတ်ပူးပေါင်းခြင်းကို မမေ့ပါနဲ့။ နိုင်ငံပိုင် ပစ္စည်း တွေကို တာဝန်သိနိုင်ငံသား တစ်ယောက်အဖြစ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ရမယ်။ မလွှဲသာ မရှောင်သာတဲ့ ၀တ္တရားတစ်ပါးလို သိမြင်ပါ။

ပိုင်းခြားတတ်ပါစေ

တာဝန်သိတဲ့ နိုင်ငံသားတစ်ယောက်ဟာ အများကို မဆန့်ကျင်ရပါ။ သဘောထား မသေးသိမ်ရပါ။ ၀န်တိုတာ၊ မရိုးဖြောင့်တာ မရှိရပါ။ မယုံကြည်လို့ ယုံကြည်ခြင်းစိတ် အမြဲတမ်းပြည့်ဝရမယ်။ အကျိုးတရားပျက် ပြားစေတာ အားလုံးကို ရှောင်ရှားရမယ်။ ပယ်ရှားရမယ်။ အတူတူ ကြိုးစားကြရမယ်။ အားထုတ်မှုမြဲကြရမယ်။ ညီညွတ် စုပေါင်းလုပ်ရမယ်။ တိုင်းပြည်ရဲ့ ကျက်သရေဖြစ်တဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ပေါင်းသင်း ဆက်ဆံရေးတွေကို ကာကွယ်၊ ပြုပြင်၊ ထိန်းသိမ်း စောင့်ရှောက်ကြရမယ်။ အရှင်တို့ဟာစဉ်းစားဉာဏ် နည်းပါးလို့မရပါ။ သူတစ်ပါးကို အားမကိုးရပါ။ အသိအလိမ္မာ ဉာဏ်ပညာ တရားနဲ့နေရမယ်။ အမှားအမှန် ဝေဖန်ပိုင်း ခြားတတ်ရမယ်။ နောက် ယောင်လိုက်တဲ့သူ မဖြစ်ရပါ။ စိတ်ကူးကြံဆ ရဲရမယ့်။ စွမ်းရည် သတ်္တိပြည့်ရမယ်။ ဒါကြောင့် ပညာရှိတွေက နံပါတ်(၁)၊ အသိဉာဏ်ပြည့်စုံခြင်းဟာ ပထမ သတ်မှတ်ပါတယ်။ အသိဉာဏ်ကင်းမဲ့ခြင်း၊ မသိနားမလည်ခြင်း ဟာ မိုက်မဲခြင်းပါပဲ။ မိုက်မဲခြင်းဟာ အရာအားလုံးကိုရှုံးပါတယ်။ ဆင်ခြင် စဉ်းစားပိုင်းခြားတတ်ပါစေ။

အားမထုတ်ရ

နိုင်ငံရေးလုပ်တဲ့သူဟာ ဆင်ခြင်စဉ်းစားဉာဏ် အားကောင်းရမယ်။ နှလုံးရည်ပညာ ရှိရမယ်။ အမှားအမှန် ဝေဖန် တတ်ရမည်။ အယူသီးမှု၊ တစ်ယူသန်မှု မရှိရပါ။ အဓမ္မကို အားမပေးရပါ။ အကြမ်းဖက် အတတ်ပညာကို အားမ ပေးရပါ။ ပင်ကို အတတ်ပညာရှိတဲ့ အတိုင်းကိုအခြေခံအရည်အချင်း နောက်မတူအောင် အမြဲတမ်း ဆည်းပူး လေ့လာရမယ်။ ချွတ်ယွင်းမှု မရှိစေရ။ အတ္တဟိတ-မိမိအကျိုးအတွက် အလိုမလိုက်ရပါ။ အများအကျိုး စီးပွား မဆုတ်ယုတ်အောင် ကာကွယ်စောင့်ရှောက်ရမယ်။ အရေးထားရမယ်။ အများအကျိုးနဲ့ မဆန့်ကျင်ရ၊ အများ မထိခိုက်ရ၊ မနစ်နာရပါ။ ဆန့်ကျင်, ထိခိုက်, နစ်နာမှု အားလုံးဟာ နိုင်ငံရေးသမားမလုပ်ရ၊ မကြံစည်ရ၊ မစု စောင်းရ။

ဘာမဆို စဉ်းစားဆင်ခြင်ဉာဏ် မကင်းမဲ့ရပါ။ မိမိသဘောကို အများအတွက် မနစ်နာရ၊ ရည်မှန်သည့် နှလုံးရည် ရှိရမယ်။ ပြစ်မှားကျူးလွန်မှု မရှိရ၊ ညံ့ဖျင်းတဲ့ အရင်းခံစိတ်ဓာတ်တွေမရှိရပါ။ နိုင်ငံရေးဆိုတာ အမှားမခံပါ။ ပြော မှားဆိုမှားလို့ မရပါ။ မဆင်ခြင် မစဉ်းစားဘဲမရပါ။ မှားမှားယွင်းယွင်း မရှိရပါ။လူအများ နစ်နာပျက်စီးခြင်း မလုပ် ရပါ။ ပဋိပက္ခကို ရှောင်ကြဉ်ရမယ်။ ကွဲပြားခြားနားအောင် ဆင်းရဲဒုက္ခရောက်အောင် အားမထုတ်ရပါ။

ဆက်လက်ဖော်ပြပါမည်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment