Saturday, June 6, 2015

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် နှစ်နှစ် အတွင်း တိုင်ကြားစာ ၁၀ စောင်ကျော် စုံစမ်းစစ်ဆေးနိုင်

Written by  အောင်ကိုဦး

မန္တလေး၊ ဇွန် ၆ ။       ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တစ်နိုင်ငံလုံး ရောက်ရှိလာသော တိုင်ကြားစာ ၁၃၀၀ ကျော် အနက် နှစ်နှစ်ကျော် အတွင်း ၁၃ စောင်ကို စုံစမ်း စစ်ဆေးခြင်းပြုခဲ့သည်ဟု  ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်က ပြောသည်။

၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှ စပြီး ယင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ စတင် ဖွဲ့စည်းစဉ်က လာဘ်လာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် အဖြစ် ဖွဲ့စည်းခဲ့ပြီးနောက် ပိုင်းတွင်  အဂတိလိုက်စား
မှုတိုက်ဖျက်ရေး ကော်မရှင် အဖြစ် ပြောင်းလဲခဲ့ရာ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ရောက်ရှိလာသော  တိုင်ကြားစာ ၁၃၆၅ - စောင် အနက် ၂၀၁၅ မေလအထိ ၁၃-စောင်ကို စုံစမ်းစစ်ဆေးခြင်းပြုခဲ့ခြင်း
ဖြစ်သည်ဟု ၄င်းတို့၏ စာရင်းများ အရ သိရသည်။

“တိုင်စာဆိုတာ ကျွန်တော်တို့ အတွက် ကုန်ကြမ်းတွေပါ။တိုင်စာတွေမှာ မပြည့်စုံတာတွေရှိသလို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေကို လွှဲပေးရတာမျိုး လည်း ရှိတယ်။ဥပဒေနဲ့ ညိစွန်းရင် အရေးယူမယ်။ဘယ်သူမှ ဆွေမျိုးဆိုတာမရှိဘူး။”ဟု  ဦးကျော်မြင့်က ပြောသည်။

အဆိုပါ တိုင်ကြားစာများတွင် ကော်မရှင်မှ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၁၃-စောင်၊တိုင်းဒေသကြီး/ ပြည် နယ်များသို့ လွဲပြောင်းပေးအပ်တိုင်ကြားစာ ၃၂၀-၊ ဥပဒေနှင့်မသက်ဆိုင်သည့် တိုင်ကြားစာ ၂၆၇-စောင် ၊တရားရုံးတွင် စစ်ဆေးဆဲ တိုင်ကြားစာ ၇၃-စောင်၊အရေးကြီးသက်သေခံမပါသည့် တိုင်ကြားစာ ၂၆၃ စောင် ရှိ စသဖြင့် ရှိသည်ဟုဆိုသည်။

တိုင်ကြားစာလက်ခံရရှိမှုမှာ မေလကုန်အထိ နေပြည်တော် ၃၆-စောင်၊မန္တလေးတိုင်းတွင် ၂၃၃-စောင်၊ုရန်ကုန် တိုင်းတွင် ၃၇၄ စောင်၊စစ်ကိုင်း ၁၄၅ စောင်၊မကွေး တိုင်းတွင်  ၃၆ စောင်၊ပဲခူးတွင် ၁၅၉-စောင်၊ဧရာဝတီတိုင်း တွင် ၁၅၀ စသည်ဖြင့် စုစုပေါင်း ၁၃၆၅-စောင် လက်ခံ ရရှိခဲ့ခြင်းဖြစ်သည်။

 “တိုင်ကြားစာတွေမှာ တချို့က သက်သေ အခိုင်အမာမပါဘူး။တိုင်ကြားစာမှာ တိုင်ကြားသူရဲ့ လက်မှတ်၊မှတ်ပုံ တင် ဆက်သွယ်ရန်လိပ်စာတွေပါရမယ်။တချို့ဆိုရင် သူတို့တိုင်တာတွေကို မဟုတ်မှန်းသိလို့  ပြန်လည် ရုပ် သိမ်းတာ ရှိတယ်။ တချို့တိုင်တဲ့သူတွေက လူတောင်မရှိပါဘူး။ဒီဘက်က ဖြေရှင်းလို့ ရနိုင်တာတွေရှိသလို
ပြည်နယ်တိုင်းတွေကို လွဲပေးလိုက်တာလည်းရှိတယ်။”ဟု ဦးကျော်မြင့်က ဆက်လက်ပြောဆိုသည်။

တိုင်ကြားသည့် အကြောင်းအရာများမှာ အဂတိလိုက်စားကြောင်း ဖေါ်ပြသည့် တိုင်စာ ၄၄-စောင်၊စီမံခန့်ခွဲရေး/ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်မှု တိုင်စာ ၂၇၄-စောင်၊မြေယာနှင့် လယ်ယာမြေစီမံခန့်ခွဲရေး ကိစ္စ ၂၉၅၊ မြေသိမ်းမှု တိုင်စာ ၈၉၊တရားမမှု ၈၇ ။ပြစ်မှုတိုင်စာ ၆၃ စောင် စသည်ဖြင့် အမျိုးမျိုးရှိသည်။ 

အဂတိလိုက်စားမှု စစ်ဆေးပေါ်ပေါက်ပါက အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေ ပုဒ်မ ၄(၂)အရ ထောင် ဒဏ် ၇-နစ်အထိ ချမှတ်ခံရနိုင်ပြီး ပြစ်မှုကျူး လွန်ရာ တွင် ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များအား ပြည်သူ ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဦးကျော်မြင့်က ပြောသည်။

ယင်းကော်မရှင်အဖွဲ့ကို ၂၀၁၃-ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၃- အရ လာဘ်ပေးလဘ်ယူကိစ္စများ ကိုအရေးယူနိုင် ရန်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၄၊ ဇူလိုင်လတွင်ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၃၂-ဖြင့်အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖြစ်ပြောင်းလဲ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment