လူမှုကွန်ရက် စာမျက်နှာတွင် အပြောင်အပျက်သဘော ဖော်ပြထားသည့် ယူ ၁၉ ဘောလုံးအား ကစားသမား ကျော်မင်းဦးကို မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူမည်ဆိုသည့် သတင်းကို မန္တလေးမြို့ အခြေစိုက် အစိုးရပိုင် သတင်းစာတစ်စောင်ဖြစ်သည့် ရတနာပုံ သတင်းစာက စိစစ်ခြင်းမရှိဘဲ ဘာသာပြန်ဆို ဖော်ပြခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရတနာပုံသတင်းစာ ဖုန်းနံပါတ် ၀၃၃၇၂၇၈၁ သို့ အကြိမ်ကြိမ် ဆက်သွယ် ခဲ့ရာတွင် ပထမအကြိမ်တွင် ဖုန်းကိုင် ခဲ့ပြီးနောက် ပိုင်း မြန်မာသံတော်ဆင့် ဖုန်းများကို လုံးဝမကိုင်တော့ပေ။
““အဲဒါတော့ ကျွန်တော်တို့လည်း မသိဘူးဗျ။ ဘာလဲဆိုတော့ အဲဒါက သတင်းထောက်ကို မေးမှရမှာ။ ကျွန်တော်က ဒီဘက်သတင်း တာဝန်ခံဆိုတော့ သူတို့ဟာတွေကတော့ စာတည်းမှူးချုပ် ဆီမှာပဲရှိတယ်။
စာတည်းမှူးချုပ်က တိုင်းမှာ ၄ လပတ် သွားနေရလို့”” ဟု သတင်းတာဝန်ခံဟု ဆိုသော်လည်း အမည်ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသူက ပြောကြား ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အပြောင်အပျက် သတင်းဖန်တီးခဲ့ သူ ပြည်ထောင်စုနေ့စဉ် သတင်းစာ၏ သတင်းထောက်မောင်မျိုးက ““ကျွန်တော့်ဝေါ်ပေါ်မှာ ရေးထားတဲ့ အကြောင်းတွေကို feeling နေရာ မှာ I lie ဆိုပြီး ထည့်ရေး ခဲ့ပါသေးတယ်။ အဲဒါကို ၀က်ဆိုဘ်ဝင်ဖွင့် ကြည့်ယုံနဲ့ လိမ်နေလား၊ တကယ်လားဆိုတာ သိနိုင် ပါတယ်။
အတော်များများကတော့ caption လောက်သာဖတ်ပြီး ရှယ်ထားတွေရှိ ပါတယ်။ တချို့ကတော့ ရှယ်ပြီးမှ မှားမှန်းသိပြီး ဖျက်လိုက်တာမျိုးလည်း ရှိပါတယ်။
ဒီနေ့မနက်မှာတော့ သတင်းစာတစ်စောင်က ဒါကိုသတင်း လုပ်ပြီး ရေးထားတာ တွေ့ပါတယ်။ မှန်ပါတယ်။ သေချာလေ့လာမှု မရှိဘဲ ရေးသားထားတာပါ။ သတင်းရင်းမြစ်ကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး””ဟု ပြောကြားခဲ့သည်။
အဆိုပါသတင်းကို ဖေ့စ်ဘွတ်ပေါ်ရှိ အပြောင်အပျက် ရေးသားနိုင်သော လင့်ခ်တစ်ခုပေါ်တွင် မောင်မျိုးက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကလစ်တစ်ချက်နှိပ် ရုံဖြင့် အပြောင်အပျက် သတင်းမှန်း သိနိုင်သည်။
““သတင်းထောက်တွေအနေနဲ့ သတင်းတစ်ခုကို သေချာမလေ့လာ ဘဲ ရေးတာက သတင်းထောက်တွေ အကုန် သိက္ခာကျစေတဲ့အပြင် သတင်းစာတိုက်ကိုလည်း သိက္ခာကျစေတယ်။ အဲဒါကြောင့် သတင်းထောက်တွေ အွန်လိုင်းမှာ ပြန့်နေတဲ့ သတင်းတွေကို စွတ်မယုံသင့်ဘူး။ ပြီးတော့ သတင်းထောက် တော်တော်များများက အလွယ်လုပ်တတ်တယ်။ အထူးသဖြင့် သတင်းစာပညာ အခြေခံတောင် မသိတဲ့ သတင်းထောက်တွေ။ ဥပမာ အခုဖြစ်တာကို ကြည့်ကြည့်။ ပုဂ္ဂလိက သတင်းစာသာမှားရင် ၀န်ကြီးဆိုသူက ထောက်ပြလိုက်မယ့် ဖြစ်ခြင်း။ ခုကျ ငြိမ်ချက်သား ကောင်းနေလေရဲ့။ ဘယ်လိုပြောပြော သတင်းစာ တစ်စောင်အနေနဲ့ မှားတယ်ဆိုရင် တောင်းပန် သင့်တယ်။ အဲဒါကိုတော့ တာဝန်ယူသင့်တယ်။ နောက်မမှားအောင်လည်း သတင်းမရေးခင် သေချာ စိစစ်သင့်တယ်””ဟုမောင်မျိုး
KKM
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment