အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၁၀ ရက်နေ့စတင်မည့်
တရုတ်နိုင်ငံခရီးစဉ်သည် ပါတီချင်းတွေ့ဆုံဆွေးနွေးမည့်
အရေးကြီးခရီးစဉ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ
ဟောင်လီက ပုံမှန်သတင်းစာရှင်းပွဲတွင်ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ခရီးစဉ် အတွင်း တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သူကဆိုသည်။
မစ္စတာ ဟောင်လီက "တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက NLD အပါအ၀င် ပါတီအားလုံးနဲ့ မိတ်ဆွေများသဖွယ် ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းသွား မှာပါ။ NLD ရဲ့ ဒီခရီးစဉ်ကြောင့် နှစ်ဘက်နားလည်မှုတွေ ပိုရှိလာမှာဖြစ်ပြီး နှစ်နိုင်ငံကြား ဘက်ပေါင်းစုံပေူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အထောက် အကူဖြစ်မယ် လို့ ကျနော်တို့ မျှော်လင့်ပါတယ်။" ဟု သတင်းထောက်များကို ဇွန်လ ၅ ရက်နေ့က ပြောသည်။
Credit - Mizzima News
No comments:
Post a Comment