Saturday, June 6, 2015

ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် လက်ရွေးစင်ဘောလုံးအသင်း ၁၅ ဆင့် တက်

Written by  သောကြာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှ ဇွန်လ အတွက် ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ဇွန် ၄ ရက်က ထုတ်ပြန်ခဲ့ရာ မြန်မာ့ လက်ရွေးစင်ဘောလုံး အသင်းကြီးမှာ ကမ္ဘာ့အဆင့် ၁၄၃ ရရှိကာ အဆင့် ၁၅ ဆင့်ထိ မြင့်တက်လာခဲ့သည်။

kvjkghfdlkbjgfl
ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသော မြန်မာအသင်း။ ဓာတ်ပုံ - MFF



မြန်မာ အသင်းသည် ပြီးခဲ့သည့် မေလအတွက် ဖီဖာကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် ၁၅၈ ရရှိခဲ့ပြီး ဇွန်လ၌မူ ကမ္ဘာ့အဆင့် ၁၄၃ ရရှိခဲ့သောကြောင့် အဆင့် ၁၅ ဆင့်ထိ ခုန်တက်လာခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွက် ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ ဗီယက်နမ်အသင်းသည် ကမ္ဘာ့အဆင့် ၁၂၇ ၊ ထိုင်းအသင်းမှာ ကမ္ဘာ့အဆင့် ၁၂၉၊ ဖိလစ်ပိုင် အသင်းမှာ ကမ္ဘာ့ အဆင့် ၁၃၇ ၊ မြန်မာအသင်းမှာ ကမ္ဘာ့အဆင့် ၁၄၃၊ တီမောအသင်းမှာ ကမ္ဘာ့အဆင့် ၁၄၆၊ စင်ကာပူအသင်းမှာ ကမ္ဘာ့အဆင့် ၁၅၄။ အင်ဒိုနီးရှားအသင်းမှာ ကမ္ဘာ့ အဆင့် ၁၅၅၊ မလေးရှားအသင်းမှာ ကမ္ဘာ့အဆင့် ၁၆၂၊ လာအိုအသင်းမှာ ကမ္ဘာ့အဆင့် ၁၇၅၊ ကမ္ဘောဒီးယားအသင်းမှာ ကမ္ဘာအဆင့် ၁၇၈ ၊ ဘရူနိုင်းအသင်းမှာ
ကမ္ဘာအဆင့် ၁၈၄ တို့ ရရှိခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်ကစားရန် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ် သည်။

လက်ရွေးစင် အသင်းကြီး သည်ခြေစစ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် ဇွန် ၅ ရက်က ကမ္ဘောဒီးယား အသင်းနှင့် ခြေစမ်းကစားခဲ့ သည်။ မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယ အဆင့် အုပ်စု(G)တွင် တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအသင်းတို့နှင့် တစ်အုပ်စုနည်း ကျရောက်နေ သည်။

မြန်မာအသင်းသည် ဇွန် ၁၁ ရက်တွင် လာအိုအသင်း၊ ဇွန် ၁၆ ရက်တွင် တောင်ကိုရီးယား အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါခြေစစ်ပွဲစဉ်များ အားလုံးကို ထိုင်းနိုင်ငံတွင် ကစားမည်ဖြစ်သည်။

ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် အာဆီယံဇုန်

စဉ်။ နိုင်ငံ ကမ္ဘာ့အဆင့်
၁။ ဗီယက်နမ် ၁၂၇
၂။ ထိုင်း ၁၂၉
၃။ ဖိလစ်ပိုင် ၁၃၇
၎။ မြန်မာ ၁၄၃
၅။ တီမော ၁၄၆
၆။ စင်ကာပူ ၁၅၄
၇။ အင်ဒိုနီးရှား ၁၅၅
၈။ မလေးရှား ၁၆၂
၉။ လာအို ၁၇၅
၁၀။ ကမ္ဘောဒီးယား ၁၇၈
၁၁။ ဘရူနိုင်း ၁၈၀

















Credit - Mizzima News

No comments:

Post a Comment