ရှမ်းပြည်နယ်
အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း သစ်ထုတ်လုပ်နေသည့် ဝ
ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင် ၆ ဦးနှင့် အရပ်သား ၁၀
ဦးတို့အား အစိုးရ စစ်တပ် က ဖမ်းဆီး၍ တရားစွဲဆိုရန် စီစဉ်နေရာမှ နှစ်ဘက်
စစ်ရေးတင်မာမှုများ ရှိနေသည်ဟု ဝ အဖွဲ့က မဇ္ဈိမကို ပြောသည်။

ဗိုလ်ချူပ်မှူးးကြီးမင်းအောင်လှိုင် နှင့် "ဝ" မိုင်းလားကိုယ်စလယ်များတွေ့ဆုံစဉ်။
ဇွန်လ ၁ရက်က ဝ ထိန်းချုပ်နယ်မြေအတွင်း သစ်ခုတ်နေသောမြန်မာတိုင်းရင်းသား ၁၀ ဦး၊ပလောင် တိုင်းရင်းသား ၁ ဦး၊ ဝ လူမျိုး ၁ ဦးနှင့် တရုတ်လူမျိုး ၄ ဦးတို့အား ဖမ်းဆီးသွားခြင်းဖြစ် သည်ဟု UWSA မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။
“မလွှတ်သေးပါဘူး။ သူတို့ တရားစွဲမလို့ဆိုပြီး ပြောနေတယ်။ ၁ ရက်နေ့မှာလာပြီး ကျွန်တော်တို့ သစ်ခုတ်နေတဲ့ နေရာကို ဝိုင်းထားတယ်။ သူတို့ နေရာကတော့ နားကောင်းမှုဘုံကျောင်း ဘက် ကျွန်တော်နေရာ တိတိကျကျမသိဘူး။ မနေ့ကမှ သူတို့ တင်ပြလာလို့ သိရတယ်။ အားလုံး ၁၆ ယောက် ဖမ်းသွားတယ်။ ဒါပေမဲ့ အရပ်သား ဝန်ထမ်းတွေလည်း ပါတယ်လို့ပြော တယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ဇွန် ၃ ရက်ကမူ မြန်မာတိုင်းရင်းသား ၁၀ ဦးအား ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း ဇွန် ၅ ရက်က ဆက်သွယ်မေးမြန်းရာ လွှတ်ပေးခြင်း မရှိသေးဘဲ တောတစ်နေရာတွင် ဖမ်းဆီးထားကာ၊ ဝ တပ်ဖွဲ့ ၆ ဦးကို ရဲစခန်းတွင် ဖမ်းဆီးထားပြီး တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု သိရကြောင်း ဦးအောင်မြင့်က ပြောသည်။
“သစ်ခုတ်တာက ကျွန်တော်တို့ တောင်ပိုင်းဒေသမှာ ကိုယ့်ဒေသအတွင်းမှာက သစ်အရမ်း မခုတ်ရဘူး။ အစားထိုးသီးနှံတွေ စိုက်ပျိုးတာ အများကြီး လုပ်လို့ရတယ်။ ပြီးတော့ သစ်ကို မခုတ်ရဘူး။ ဒါက အဖွဲ့အစည်းကနေပြီးတော့ တာဝန်ပေးပြီးတော့ လုပ်တဲ့ လုပ်ငန်းပါ။ တပ်ဖွဲ့က ဖြစ်ဖြစ် အဖွဲ့ဝင် မိသားစုကပဲ ဖြစ်ဖြစ်၊ အရပ်ဘက်က ဖြစ်ဖြစ်။ အကယ်၍ ဆောက်လုပ်ရေး မှာလိုတယ်ပြောလို့ရှိရင် ဒီကနေပြီးတော့ ထုတ်လုပ်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒေသမှာ သစ်ပင်ကြီးတွေ ခုတ်လို့ မရဘူး။ စုစည်းပြီးတော့ စီစဉ်ထားတဲ့ သစ်ခုတ်တဲ့ ဒေသဖြစ် တယ်။ ဒါလည်း ကျွန်တော်တို့ ဒေသအတွင်းမှာ ဖြစ်တယ်။ အခု ခုတ်တာက တန် ၈၀ ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၅ ရက် နံနက်ပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးသိန်းဇော်အား အကြောင်းကြားသော် လည်း ဝန်ကြီး အစည်းအဝေး တက်နေသဖြင့် ၎င်း၏ ကိုယ်ရေးအရာရှိနှင့်သာ အဆက်အသွယ်ရပြီး နိုင်ငံတော်လူကြီးများထံသို့ တင်ပြပေးရန် အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဦးအောင်မြင့်က ပြောသည်။
UWSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲမှ အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကုန်ပိုင်းက အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။
ဝ အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးညှိနှိုင်းသော ထိပ်သီးအစည်းအဝေးကို ပြီးခဲ့သည့် မေလ ၁ ရက်မှ ၆ ရက် ထိ ခြောက်ရက်ကြာ ပြုလုပ်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးပြုလုပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် အပါ အဝင် ၁၂ ချက် တောင်းဆိုခဲ့သည်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကျင်းပနေသော ညီလာခံသို့ ဝ အဖွဲ့က တက်ရောက်ခြင်း မရှိသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် လေ့လာစောင့် ကြည့်နေသည်ဟု ဦးအောင်မြင့်က ပြောသည်။
Credit - Mizzima News
No comments:
Post a Comment