Tuesday, June 2, 2015

နိုင်ငံရေးအကြမ်းဖက်မှု သို့မဟုတ် ဒီပဲယင်း ၁၂နှစ်ပြည့်

ရန်ကုန်၊ မေ ၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ကျည်ရွာအနီးမှာ တိုက်ခိုက်ခံခဲ့ရမှုဟာ အခုလာမယ့် မေလ ၃၀ ရက်ဆိုရင် ၁၂ နှစ်ပြည့်မြောက်တော့ မှာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က ဖြစ်ပျက်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံ တိုက်ခိုက်ခံရမှုမှာ ဘယ်သူတွေပါ ၀င်တယ်၊ ဘယ်သူကတော့ တာဝန်အရှိဆုံးဆိုတာကို အခုအချိန်အထိ တိတိကျကျဖော်ထုတ်နိုင်ခြင်း လည်း မရှိသေးပါ ဘူး။

ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေးအတွက် ရန်ကုန်ကနေ ၂၀၀၃ ခုနှစ် မေလ ၆ရက်က စတင်ထွက်ခွာ ခဲ့ပြီး အထက် မြန်မာပြည် ခရီးစဉ်ဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ကသာ၊ မန္တလေးတိုင်း မိုးကုတ်နဲ့မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာတို့ကို ရောက်ရှိခဲ့ပြီး ပြည်သူတွေ က သောင်းသောင်း ဖြဖြကြိုဆိုခဲ့ကြပါတယ်။…

အဲဒီနောက် မေလ ၃၀ရက်မှာတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းက ကျည်ရွာကို ရောက်တဲ့အခါမှာတော့ အခုအချိန် အထိ မဖော်ထုတ်နိုင်သေးတဲ့ အမည်မသိ အဖွဲ့အစည်းတစ်ခုက ထောင်နဲ့ချီတဲ့ လူတွေဟာ ဒေါ်အောင်ဆန်းစြု ကည်တို့ရဲ့ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားစဉ်က ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ယာဉ်တန်းကို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီ အခင်း ဖြစ်ပွားရာမှာပါဝင်ခဲ့တဲ့ လက်ရှိ NLD နာယက သူရဦးတင်ဦးက ဖိုးစိုင်း(ဂျာနယ်လစ်) ရေးသားပြုစုတဲ့ ““ပြည်သူ ချစ်သော ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး””စာအုပ်မှာ အခုလို ပြောပြထားပါတယ်။

““မော်တော်ဆိုင်ကယ်နဲ့ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်လိုက်ကြီး ရောက်လာတ ယ်။ ကျည်ရွာမှာရှိနေတဲ့ ကားတွေကို နောက်ကလိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့ လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့လုံခြုံရေးကို ကျွန်တော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျွန်တော်တို့ကားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကားကို ၀ိုင်းပြီးတော့ လုံခြုံရေးယူပေးတယ်။ ဘဘ ကို ကားပေါ်ကမဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲမနေနိုင်ဘူး။

လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်က ဆင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရှိ တဲ့နေရာကိုသွားတယ်။ ဒေါ်အောင် ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့ နေရာနဲ့ ကိုက်၂၀- ၂၅ လောက်ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူကအလယ်ခန်းမှာ ရှိတယ်။ ဘဘက ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီ လို့ပြော တော့ သူသိတယ်။ ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကိုသွားစေချင်တယ်။ ကားကိုဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျွန်တော်က သွားခိုင်းတာကို သူက မသွားဘူးလို့ပြောတယ်။ နောက်ကအရိုက် အနှက်ခံနေရတဲ့သူတွေ၊ သူ့ကိုကြိုဆိုတဲ့လူတွေကို ရိုက်တာနှက်တာတွေကို သူလက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူနေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။ စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာ ပေါ့ ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊ နောက်ပိုင်းက အခြေအနေသိအောင်ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲဆိုတော့ မီးအနီ ရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲအော် ကြဟစ်ကြနဲ့ ကမ္ဘာပျက်သ လိုပါပဲ။ လမ်းဘေးက ဖုန်တွေကလည်းထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြောပြ တယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူးပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတစ် ကားကို စပြီး ရိုက်နေပြီ။ ရိုက်တဲ့အသံတွေ စပြီးကြားနေရပြီ။ ၀ုန်းဝုန်းနဲ့ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကို လည်းရိုက်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ရဲ့တံခါးပေါက်ထိပ်နားကို ရောက် လာတော့၊ ကိုတိုး (ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့လူငယ်)က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့သဘော ရှိတယ်။ အဲဒီအချိန်မှာ ကိုတိုးက အော် လိုက်တယ်။

ဘာအော်လိုက်လဲဆိုတော့ ဒီကားဟာ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင် ဆန်းစုကြည် ရဲ့ကား၊ ဘဘကလည်း မှင်တက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊ မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့ အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့ ရပ်သွားတယ်။ သင်္ကန်း ၀တ် ရွယ်တူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ်၊ တုတ်နဲ့သူတို့က ရှေ့ကဗျာ။ နောက် ကကောင်တွေက ညာ သံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးဆီးထားတယ်။ နောက်လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ၀ါးရင်းတုတ်တွေကို ကိုင်ထားတယ်။ နောက်က နေအော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယ အကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ် သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘတွက်ထားတယ်။ ဘဘက တုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်ကရိုက်တာ ပဲဆိုပြီး ရှောင်လိုက်တဲ့ အခါ ဘဘလဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ်လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ ရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက် သွားတယ်။ ကျွန်တော်ကတော့ အဲဒီလိုထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ၀မ်းသာသွားတယ်။ ရိုက် တော့ရိုက် တယ်၊ မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ၀မ်းသာသွားမိတယ်။ ဘဘက ဘဘ ကားဆီပြေး သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက် ရင်းလိုက်သွားတော့ မမီဘူး။ သူ တို့ပါးစပ်က ဆဲတာ ဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကျတော့ ဘဘစီးလာတဲ့ ကားကိုလှည့်ပြီးတော့ ရိုက်တာပေါ့နော်။ ဘဘကားကလည်း မောင်းထွက် သွားတော့မမီလိုက်ဘူး””လို့ သူရ ဦးတင်ဦးက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ဒီလို အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် အဲဒီဖြိုခွင်းမှုမှ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံခဲ့ရပြီး ပါတီရုံးအချို့လည်း ယာယီပိတ်သိမ်းခံ ခဲ့ရတယ်။

မေလ ၃၁ ရက်မှာ အစိုးရဘက်က အလုပ်သမားဝန်ကြီးဦးတင်ဝင်း နဲ့ ထောက်လှမ်းရေးဗိုလ်မှူးချုပ် သန်းထွန်းတို့ ဦးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယင်းဒီပဲယင်းဖြစ်စဉ်ကြောင့် လူ ၄ ဦးသေဆုံးကာ၊ ၅၀ ဦးဒဏ်ရာရရှိခဲ့ တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့်လည်း သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ အမည်စာရင်း ကိုမူထုတ်ပြန်နိုင်ခဲ့ခြင်း မရှိ ပါဘူး။

ဒါပေမဲ့လည်း ယခင်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) က ၂၀၀၄ အတွင်းက ထုတ်ဝေတဲ့ ““ဒီ ပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မရှင် ဒုတိယအကြိမ် ပဏာမအစီရင်ခံစာ””မှာ သေဆုံးသူပေါင်း ၂၈၂ ဦးအထိရှိကြောင်း စာရင်းပြုစုရာမှာ ပါဝင်သူ ၀န်ထမ်းတစ်ဦးရဲ့ ပြန်လည်ပြောပြချက်ကို ကိုးကားဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ ဒေါ်အောင်ဆန်းစုကြည်ပါ ယာဉ်တန်းကို တိုက်ခိုက်ရာမှာ ရိုက်နှက်မှုတွေကို အနီးကပ်ကြီး ကြပ်ပေးသူမှာ ဗိုလ်ချုပ်စိုးဝင်းနဲ့ ဗိုလ်ချုပ်ရဲမြင့် (ယခင်မန္တလေးတိုင်း တိုင်းမှူး)၊ နမခတိုင်းမှူး ဗိုလ်ချုပ်စိုးနိုင် (တိုက်ရိုက်ကွပ်ကဲ)၊ ရွှေဘိုခရိုင် ခအဖ ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးသိန်းဟန်နဲ့ အဖွဲ့ဝင်တွေ၊ မြို့နယ် မအဖဥက္ကဋ္ဌ ဦးတင်အုံးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းဝင်းနဲ့ ရဲဘော်တွေဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။။

ယာဉ်တန်းကို ရိုက်နှက်သူတွေမှာ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်တွေရဲ့ ရဲ၊ ပြည်ခိုင်ဖြိုးနဲ့ စွမ်း အားရှင်အဖွဲ့များ၊ ဒီပဲယင်းမြို့နယ်မှ ရဲ၊ အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြည်ခိုင်ဖြိုးအဖွဲ့ဝင်၊ မြို့နယ် စွမ်းအားရှင်အဖွဲ့၊ မြို့နယ် လ၀က၊ ပြန်ဆက်နဲ့ သမဦးစီးတို့မှ ၀န်ထမ်းတွေ ပါဝင်သည်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

သို့သော် အစိုးရဘက်ကမူ ဒီပဲယင်းအကြမ်းဖက်ဖြိုခွဲခံရမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှု တာဝန် ခံမှုအပြည့်နဲ့ တရားခံကို ဖော်ထုတ်ပေးခဲ့ခြင်း မရှိပေမယ့် လည်း အဲဒီအချိန်က အစိုးရအဖွဲ့အတွင်းရေးမှူး(၁)ဖြစ်တဲ့ ဗိုလ် ချုပ်ကြီးဟောင်း ခင်ညွန့်ကတော့ သူရေးတဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀အထွေထွေ” စာအုပ်မှာတော့ အခုလို ရေးသား ထားတာ ရှိပါတယ်။

ဒီပဲယင်းအဖြစ်အပျက်နှင့် ကျွန်တော်

ဒီအဖြစ်အပျက်နှင့် ပတ်သက်၍ ကျွန်တော်မသိပါဟု ပြောလျှင် ကျွန်တော် လိမ်ညာရာ ရောက်ပါမည်။ ကျွန် တော်က အတွင်းရေးမှူး(၁)ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ်ဖြစ်တာကြောင့် ကျွန်တော်မသိ၍ မဖြစ် သိပါသည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေးမော်တော်ဆိုင် ကယ် အုပ်စုကြီးဖြင့်လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့် အချိန် ဖြစ်ပါသည်။ ဒီလို အုတ်အော် သောင်းတင်း ဖြစ်ပေါ်နေသည့် အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ် ပါသည်။

အဲဒီလိုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှထွက်ခွာပြီး လမ်းတစ်လျှောက် စည်းရုံး ရေးတရားတွေဟော ရင်းနှင့် မုံရွာမြို့လည်းရောက်ရော ဥက္ကဋ္ဌ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က ကျွန်တော်တို့ လူကြီးပိုင်း ၅ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ခေါ်လိုက်ပါသည်။ ကျွန်တော်တို့ လူလည်းစုံရော တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါတယ်။ ထိုအချိန် တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့်တင်ပြမှုကို လူကြီးက သဘောမတူပါ၊ အဲဒါကလည်း ကျွန်တော့်အတွက် ကောင်း သည်ဟုမြင်ပါသည်။ အဲဒီမှာတင်ပဲ ဒီကိစ္စ နှင့်ပတ်သက်၍ ကျွန်တော့်ကို တာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင် အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုလိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်။

ကျွန်တော့်မှာလည်း တာဝန်ရှိပါသည်

ထိုအချိန် တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေ တော့မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ၊ တိုင်းမှူး၏ ကွပ်ကဲမှုအောက် မှာရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျွန်တော်သိနေရတာ အမှန်ပဲ ဖြစ်ပါသည်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီး တစ်ခုလုံးမှာ ကျွန်တော် ဦးဆောင်ပါဝင်ဆောင်ရွက်ရခြင်း မဟုတ်သော်ငြားလည်း ကျွန်တော်သည် အစိုးရ အဖွဲ့ ၀င် ထိပ်ပိုင်း ခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် ကျွန်တော့်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဝင်ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း၊ အသိပေးခြင်းဖြင့် လုပ်ငန်းတစ်ခုကို အကောင်အထည် ဖော်ရ တာ ဖြစ်တာကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ် ဖြစ်၊ ဖြစ်ပေါ်လာသည့် အကြောင်းတရားနှင့် အကျိုးဆက်များ အပေါ်မှာ အစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိကြတာပါပဲ၊ အားလုံးက တာဝန်ခံကြရမှာ ဖြစ်ပါတယ်ဟူ၍ ပြော လိုပါသည်””လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အမည် နဲ့ရေးသားတဲ့ ““ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀အထွေထွေ””စာအုပ်မှာ ရေးသား ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်မှ ယင်းအကြမ်းဖက်ဖြိုခွဲခံရမှုနဲ့ ပတ်သက် ပြီး အစိုးရအပေါ်မည်သည့် အာဃာတထားခြင်းမျိုး မရှိဘဲ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးတို့ အတွက်သာ စဉ်ဆက်မပြတ် ပြန်လည်တောင်းဆိုခဲ့ပါတယ်။

ဒီပဲယင်း အကြမ်းဖက်ဖြိုခွဲခံရမှု ဖြစ်စဉ်ဟာ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ အကြမ်းဖက် နည်းနဲ့ ဖြေရှင်းလေ့ရှိတဲ့ စစ်အာဏာရှင်ရဲ့ စရိုက်လက္ခဏာကို ဖော်လှစ်ပြသနေတဲ့ သက်သေ သာဓကတစ်ခုပဲ ဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက် အဆက်ဆက်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းအရ တွေ့ဆုံ ညှိနှိုင်း အဖြေ ရှာဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ နိုင်ငံရေး ပါတီ၊ နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့ပေမယ့်လည်း လျစ်လျူရှုခဲ့ ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ စစ်ဗိုလ်ဟောင်းအများစုပါဝင်တဲ့ အခု ဦးသိန်းစိန်အစိုးရသစ် လက်ထက်မှာ လည်း ဒီအလေ့အထတွေက ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

အခုအစိုးရလက်ထက်မှာလည်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ သဘော တူညီပြီးမှ ၄ ပွင့်ဆိုင်တွေ့ ဆုံမှု ကတိက၀တ်တွေကို ချိုးဖောက်ပြီး လက်ပံတန်းမှာ ကျောင်းသားများနဲ့ ၀န်းရံပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ၊ မြို့လယ်ကောင်မှာ လက်ပတ်နီဝတ်တွေကိုသုံးပြီး အကြမ်းဖက်ဖြိုခွင်းတာ၊ လက်ပံေ တာင်း တောင်ကြေး နီစီမံကိန်းပြဿနာမှာ အကြမ်းဖက်ဖြိုခွင်းလို့ ရဟန်းရှင်လူ ပြည်သူတွေ သေကျေ ဒဏ်ရာ ရခဲ့တာ စတဲ့စတဲ့ဖြစ်ရပ်က ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ လက်ရှိအချိန်ထိတိုင် နိုင်ငံရေးနဲ့ ဆက်နွှယ် တဲ့ အကြမ်းဖက်မှုတွေကို အစိုးရက ကျူးလွန်နေဆဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

လက်ရှိမှာလည်း လွှတ်တော်က သဘောတူထားတဲ့ ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲမှုတွေ ရှိနေပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ ဒီပဲယင်းလိုမျိုး နိုင်ငံရေး အကြမ်းဖက်မှုတွေ ဆက်လက် ပေါ်ပေါက်နေဦးမယ်ဆိုရင်တော့ တိုင်းပြည်နစ်သထက် နစ်ဦးမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးပြဿနာနဲ့ နိုင်ငံ ရေးအကျပ်အတည်းတွေကို ယဉ်ကျေးတဲ့ နိုင်ငံရေးနည်း လမ်းအားဖြင့် တွေ့ ဆုံဆွေး နွေးညှိနှိုင်း အဖြေရှာပြီး ဖြေရှင်းနိုင်ပါစေလို့ ဒီပဲယင်း အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment