Saturday, June 6, 2015

လှေစီးဒုက္ခသည်များ -မှတ်တမ်းဓာတ်ပုံများကို ဖျက်ဆီးကာ ရိုက်ကူးသည့် သတင်းထောက်များကို တပ်မတော်(ရေ) ခံဝန်ထိုးခိုင်း

 ပုသိမ်၊ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး လိပ်ကျွန်းတွင် မြန်မာ့ တပ်မ တော်(ရေ)မှ ယာယီစောင့် ရှောက် ထားသော လှေစီးဒုက္ခသည်များအား မေလ (၃၁)ရက်တွင်ပြည် တွင်းပြည်ပ မီဒီယာများမှ သတင်းနှင့် မှတ်တမ်းဓာတ်ပုံများကို သွားရောက်ရိုက်ကူး ရယူခဲ့ခြင်းကို တပ်မတော်(ရေ )မှ ဟန့်တားခဲ့သည့် အတွက်ရိုက်ယူ ထားပြီးသား ဓာတ်ပုံများ ပြန်ဖျက်ပေးခဲ့ရပြီး ထပ်မံ၍ ဓာတ်ပုံများ ရိုက်ယူခြင်းမပြု ရန် ကတိပြုလက်မှတ်များ ရေးထိုးခဲ့ရကြောင်း သတင်းရယူခဲ့သည့် မီဒီယာသမားများက မေလ ၂ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောဆိုကြသည်။

အဆိုပါ လှေစီးဒုက္ခသည်များကို မေလ(၂၉)ရက်က ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာအနီး ပင်လယ် ပြင်တွင် အမျိုးသား (၆၀၈)ဦး၊ အမျိုးသမီး (၇၄)ဦး၊ ကလေး (၄၅)ဦး ပါဝင်သည့်လှေ တစ်စီးမျှောပါနေသည် ကို မြန်မာ့
တပ်မတော်မှတွေ့ရှိ ကယ်ဆယ်ခဲ့ခြင်း ဖြစ်ပြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ပမ္မ၀တီ ရေတပ်စခန်းဌာနချုပ်နှင့် ရေမိုင် (၃၅)မိုင်အကွာရှိ သမီးလှ ကျွန်း(ခ)လိပ်ကျွန်းအနီး ပင်လယ်ပြင်တွင် ယာယီထိန်းသိမ်း စောင့်ရှောက် ထား စဉ် နိုင်ငံခြားသတင်းဌာနများဖြစ်သော EPA ,AP, AFP, Reuters သတင်းဌာနများ၏ နိုင်ငံခြားသတင်းထောက် (၃)ဦး၊ ပြည်တွင်း သတင်းထောက်(၅)ဦးတို့မှ ယင်းနေရာသို့ စက်လှေငှား၍ သွားရောက်ကာ သတင်းနှင့်မှတ် တမ်းဓာတ်ပုံများ ရယူခဲ့ခြင်းကို မြန်မာ့တပ်မတော် (ရေ)မှ တွေ့ရှိကာ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ပြီး၊ ရိုက် ကူးရယူ ထားပြီးသော သတင်းဓာတ်ပုံများအား ဖျက်ဆီးစေခဲ့ကာ နောက်ထပ် ထပ်မံရိုက်ကူးခြင်း မပြုရန် ကတိပြုလက် မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်သည်။…

““ကျွန်တော်တို့တွေ မေ(၃၀)မှာ ဟိုင်းကြီးကျွန်းကိုရောက်တော့ သတင်းယူဖို့ သက်ဆိုင်ရာနဲ့ ချိတ်တယ်၊ နောက် အချိန် စောင့်ရင်း စောင့်ရင်းနဲ့၊ မစောင့်နိုင်တော့လို့၊ ဟိုင်းကြီးကျွန်းအနီးမှာရှိတဲ့ ခမောက် မှော်ရွာက ငါးဖမ်းစက်လှေတစ်စီး ငှားပြီး လှေစီးဒုက္ခသည်တွေထား တဲ့ နေရာကိုသွားခဲ့တယ်၊ အဲဒီမှာ လှေစီးဒုက္ခသည်တွေ နဲ့သူတို့ စီးလာတဲ့လှေကိုတွေ့တယ်၊ နောက်ရေ တပ်ကသင်္ဘောတွေလဲ တွေ့တယ်။ ကျွန်တော်တို့လည်း ရသ မျှသတင်း ဓာတ်ပုံတွေရိုက်ယူပြီး၊ ပြန်လှည့် လာတော့ ရေတပ် သင်္ဘောပေါ်က လှမ်းခေါ်တယ်၊ နောက် ကျွန် တော်တို့ ကင်မရာတွေ ပေးဆိုလို့ပေးလိုက်ရတယ်၊ နောက် Reuters က ကိုစိုးဇေယျထွန်းကိုခေါ်လို့ သူတို့ သင်္ဘောပေါ်တက်သွားတယ်၊ အထက်က ညွှန်ကြားချက်အရဆိုပြီး ကျွန်တော်တို့ ကင်မရာထဲကပုံကို ဖျက်ခိုင်း တယ်၊ ဖျက်ပေးလိုက်ရတယ်၊ နောက်ထပ်ပြန်လာပြီး ဓာတ်ပုံ မရိုက်ဖို့ကိုလည်း၊ ကတိပြုလက် မှတ်ထိုးလိုက် ရတယ်၊ နောက်တော့ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်””ဟု ပင်လယ်ပြင်သို့ ကိုယ်တိုင် သွားရောက်ခဲ့ သည့် EPA သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုငြိမ်းချမ်းနိုင်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုင်းကြီးကျွန်း ရေတပ်စခန်းသို့ ဆက်သွယ်မေးမြန်းရာ မိမိတို့အနေဖြင့် မည်သည့် သတင်းထောက် တစ်ဦးတစ်ယောက်ကိုမျှ ထိန်းသိမ်းထားခြင်းမျိုး၊ ရိုက်ပြီးသား ဓာတ်ပုံတွေ ပြန်ဖျက်ခိုင်းခြင်း မျိုး၊ လက်မှတ်ရေးထိုးခိုင်းခြင်းမျိုး၊ လုပ်ဆောင်ခဲ့ခြင်းမရှိပါဟု ဟိုင်းကြီးကျွန်းမြို့၊ ပမ္မ၀တီရေတပ် စခန်းဌာနချုပ် တွင် လက်ရှိတာဝန်ထမ်း ဆောင်ဆဲအမည်မဖော်လိုသူ ဗိုလ်မှူးတစ်ဦးမှ မြန်မာသံတော်ဆင့်သို့ ပြန်လည်ဖြေ ကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်အား သွား ရောက်တွေ့ဆုံ မေးမြန်းရာ““ဒီလှေစီး ဒုက္ခသည်တွေကိစ္စက ရေတပ်က ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အန်ကယ်တို့ ဘာမှတိတိ ကျကျမသိရဘူးလေ၊ သိရသလောက်ကတော့ အဖွဲ့အစည်းတချို့ ကလည်း ဆန္ဒပြ မယ်ကြားတယ်၊ ဒီတော့ရခိုင်ဘက်ကို ပို့မယ် ကြားတယ်၊ ဟိုမှာက ကောင်စစ်ဝန်ရုံးတို့ စတဲ့သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ ရှိတော့အဆင်ပြေတာပေါ့””ဟုသာ ပြန်လည်ပြောဆိုသည်။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment