~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက် ပွဲကြီး ဖြစ်စေရ မည်ဟု ရွေးကာက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကရော သမ္မတ ဦးသိန်းစိန်ကပါ ကတိခံဝန်ချက် အမျိုးမျိုး ပေးခဲ့လေ သည်။ နိုင်ငံရေး လေ့လာသုံးသပ်သူများ၊ နိုင်ငံရေး ပါတီများတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ ကိုသံသယ ဖြစ်နေသူများ ရှိလေသည် မလွတ်လပ်နိုင်၊ တရားမမျှတနိုင်၊ ၂၀၁၀ ကလို လုပ်ရပ်များ ရှိနိုင်သည်ဟု ထင်ကြေး အမျိုးမျိုး ပေးနေသော်လည်း တာဝန်ရှိသူများကမူ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက် ပွဲ ဖြစ်စေရ ပါမည်ဟု ကတိများပေးနေလေ၏။ တစ်ခါသေဖူး
ပျဉ်ဖိုးနားလည်သော ပြည်သူများကမူ ယုံတစ်ဝက်မယုံ တစ်ဝက် ဖြစ်နေသည်။ တချို့မှာမူ လုံးဝမယုံကြပေ။ မိမိကမူ ထိုရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ဖြစ် မည်ဟု လုံးဝယုံကြည်ပါသည်။ လွတ်လပ်ပြီး တရားမျှတေ သာ ရွေးကောက်ပွဲ ဖြစ်ဖို့မှာ ယခုအစိုးရအတွက် အလွန်အရေးကြီးလေ သည်။ သို့သော် ထိုရွေးကောက်ပွဲအတွက် အခိုင်အမာ ကတိပေးရမည့် အချက်ကိုမူ မည်သူကမျှ ယခုအချိန်ထိ နှုတ်က မထွက်ကြသေးပေ။
မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့တော်တွင် ပြည်ထောင်စုအစိုးရ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံခဲ့ကြလေသည်။ ထိုသို့တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်နှင့် အတူ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးလည်း ပါဝင်တွေ့ဆုံခဲ့လေသည်။ နိုင်ငံရေးပါတီ ၇၁ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အခက်အခဲ မရှိနိုင်ကြောင်း ပြောဆိုခဲ့သလို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးမည်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၆၀ အလိုတွင် မဲဆွယ် စည်းရုံးခွင့်များ ပေးမည်ဟုလည်း အခိုင်အမာ ကတိပေး ပြောဆိုသွား သည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ကလည်း တက်လာသော အစိုးရသစ် အနေဖြင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ လိုသည်။၊ မတည်ဆောက်ပါက မည်သည့် အစိုးရပင် ဖြစ်ဖြစ် သူကိုယ်တိုင် ဆန္ဒပြမည်ဟုပင် တက်တက်ကြွကြွ ပြောဆိုလာလေသည်။ ရွေးကောက်ပွဲအတွက် မီးရှူးမီးပန်းများက လေထုထဲတွင်ရော၊ ကောင်းကင်ယံတွင်ပါ တလက်လက် တောက်နေလေသည် သမ္မတနှင့် ယခုနိုင်ငံရေးပါတီများကို တွေ့ဆုံနေ သောလူများသည် ပြည်ခိုင်ဖြိုးပါတီမှဖြစ်သည်။ နောက် ၅ လ လောက်အကြာတွင် ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပပေတော့မည်။ လက်ရှိအစိုးရနှင့် ပြည်ခိုင်ဖြိုး ပါတီမှာ လူထုကြား အငြင်းပွားနေသော ၂၀၁၅ ရွေးကောက်ပွဲကြီးကို ကျင်းပပေးပါမည်ဟု အာမဘန္တေ ခံလာလေ သည်။
ထို့အတူ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ တိုင်းပြည်တစ်နံတစ်လျား လူထုစည်းရုံးရေး ဆင်းနေသော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကလည်း NLD ပါတီသာ အစိုးရဖွဲ့နိုင်ပါက ပြည်သူများက သူတို့ ကံကြမ္မာကို သူတို့ ဖန်တီးနိုင်အောင် လုပ်ဆောင်ပေးပါမည်ဟု ကတိပေးသွား၏။ ထိုသည်မှာလည်း နိုင်ငံရေးမီးရှူးမီးပန်း တစ်ချက်ဖောက်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ မြန်မာနိုင်ငံနိုင်ငံရေး သမိုင်း တစ်လျှောက် နိုင်ငံရေး ပါတီများက သူတို့ပါတီ အနိုင်ရပါက ဘာလုပ်ပေးမည်၊ ညာလုပ်ပေးမည်ဟု မီးရှူးမီးပန်းဖောက်ခြင်း မှာရိုးနေပြီ ဖြစ်သည်။ ဖဆပလ၀န်ကြီးချုပ် ဦးနုဆိုလျှင် လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ ၀င်ငွေ ၈၀၀ ရရှိစေမည် ဟု မိုးတစ်လုံး၊ လေတစ်လုံး ပြောဆိုခဲ့သော် လည်း ပြည်သူလူထုမှာ ဖွတ်ကျောပြာစု ဖြစ်နေခဲ့ သည်။ ပြည်တွင်း စစ်မီးမှာ တောက်လောင်နေဆဲ ဖြစ်ကာ မည်သည့်တာဝန်ရှိ သူကမျှ စေတနာပါပါ မငြှိမ်းသတ်နိုင်ခဲ့ပေ။ ၁၉၆၀ ပြည့်နှစ် သန့်ရှင်းတည်မြဲ အကွဲအပြဲ ကြီးမားစဉ် ရွေးကောက်ပွဲ လုပ်ပေးသည့် အခါ၌လည်း နှစ်ဖက်စလုံးက အာမခံချက် အမျိုးမျိုးပေး၏။
သို့သော်လည်း အစိုးရဖွဲ့ပြီး ဘာမှမည်မည်ရရ အကောင်အထည် မဖော်နိုင်။ ပြည်ထောင်စုပါတီမှာ မရောင်ရာ ဆီလူး၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်ဖို့မစဉ်းစားနှင့် အာဏာသိမ်း ခံရကာ တိုင်းပြည်မှာ ချောက်ထဲ စုံးစုံးမြုပ်သွားခဲ့ရသည်။ ယခုအထိ နာလန်မထူနိုင်သေးသလိ၊ု ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသော အစိုးရ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် လည်းကြုံကြိုက် ခဲ့ရလေတော့သည်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ လိမ်ညာလှည့်ဖြားမှုကို ပြည်သူမှာ အော့နှလုံးနာခဲ့ကြပြီး ယခုအထိ ရှေ့စကားနောက် စကားမညီသော သူများအဖြစ် သတ်မှတ်ခဲ့ကြသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အာဏာရသူများ ၏ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တတ်သူများ Gentleman’s Agreement ချိုးဖောက်သူများ ဖြစ်သောေ ကြာင့် ပြည်သူလူထုက သူတို့ကို မီးရှူးမီးပန်း ပစ်ဖောက်ခဲ့သူများဟု သဘောထားခဲ့ကြသည်။ ရွေးကောက်ပွဲ အနိုင်ရဖို့ ဒီမိုကရေစီ လမ်းကြောင်းကို သွားပါမည်။
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ပါမည်ဟု ဘယ်လိုပင် ကတိပေးပေး လူအများက ဆဋ္ဌအာရုံရ၍ သဘောပေါက် နေကြဟုဆိုရမည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် တက်လာသော စစ်ဗိုလ်ချုပ်ဟောင်းများ၏ စစ်တစ်ပိုင်းအစိုးရမှာ ထိုကဲ့သို့ ကတိများပေးခဲ့၏။ သို့သော် လက်တွေ့ကျကျ ဘာမျှ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ အကျင့်ပျက် ခြစားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ပပျောက်အောင် လုပ်ပေးပါမည် ဆိုသော်လည်း ယခုအထိ ဘာမှမထူး သေးပေ။ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိသည်ဆိုပြီး တစ်ဖက်မှ ခွင့်ပြုချက်ရမှ ဆန္ဒပြရမည်။ ထိုသို့မဟုတ်လျှင် ပုဒ်မ ၁၈ ဖြင့် အရေးယူမည်ဆိုပြီး ပိတ်ထားလေသည်။ ပုဒ်မ ၁၈ သည် ယခုအစိုးရအတွက် ပြက်လုံး တစ်ခုအဖြစ် အရုပ်ဆိုး အကျည်းတန်စေပါသည်။ ယခု အစိုးရ ၅ နှစ် သက်တမ်းအတွင်း အစောပိုင်းက ယုံလောက်စရာ ရှိသော်လည်း နောက်ပိုင်း ယုံကြည်မှု ပျက်ပြား သွားစေသည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေးအတွက် သမ္မတက ကြိုးစားခဲ့ပါသည်။ သို့သော်စစ်ပွဲများမှာ ယခုထက်ထိ သေနတ်သံ များ ညံကာယမ်းငွေ့များ လှိုင်နေခဲ့ပါသည်။ ထိုအချိန်တွင် ကိုးကန့်လို ဖုန်ကြားရှင်၏ အဖွဲ့မှာလည်း ရုတ်တရက် ပေါ်ပေါက်လာကာ အပစ်အခတ် ရပ်စဲရေးအတွက် အတားအဆီး ဖြစ်လာပါတော့သည်။ စစ်တပ်ကလည်းက ချင်၊ ပလောင် စသည်တို့နှင့် စစ်ပွဲဖြစ်နေဆဲပင်။ ထိုအခြေအနေတွင် အပစ်အခတ်ရပ်စဲရေး ဖြစ်လာပါ့မလားဟု သံသယ ၀င်လာကြပါတော့သည်။
ထိုအချိန်တွင် ၂၀၁၅ ရွေးကောက်ပွဲကြီးအတွက် ကတိက၀တ်များနှင့် လှုပ်ရှားမှုများမှာလည်း ဖြစ်ပေါ်လာသည်။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်သော ၅၉(စ)ကို မပြင်လျှင် ရွေးကောက်ပွဲကို သပိတ်မှောက်တော့မည် သဘောမျိုး ပြောဆိုလာသည်ကိုပင် တွေ့ရပါသည်။ ယခုခါ၌ အာဏာကို ဆုပ်ကိုင် ထားသူများကြားရော၊ အာဏာကိုရယူဖို့ ကြိုးစားနေသော အတိုက်အခံများကြားရော ဘာမှရေရေရာရာ မရှိကြ၊ လစ်ဘရယ် ဒီမိုကရေစီစနစ်၏ ခေါက်ရိုးကျိုးနေသော လှည့်စားချက်များ၊ အလိမ် အညာများဖြင့်သာ မြန်မာနိုင်ငံကို ဆက်လက် စခန်းသွားမည့်ပုံ ပေါ်နေပါသည်။ တပ်ချုပ်ကြီးဖြစ်သော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းဆီ ချီတက်စေရမည်၊ နောက်ကြောင်း ပြန်မလှည့်ပါဟုဆိုပြီး တစ်ဖက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မပေး နိုင်သေး ဟုဆိုနေ၏။
ထိုသို့ဆိုလျှင် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်မည်ဆိုသည်မှာ ယုတ္တိမတန်တော့။ လွှတ်တော်တွင် စစ်တပ်က လွှမ်းမိုးထားခြင်းနှင့် ဒီမိုကရေစီ လမ်းကြောင်းမှာ တခြားစီဖြစ်နေ၏။ မဆလ ဝေါဟာရအရ ၀ိရောဓိ ဖြစ်နေပါသည်။ ဒီမိုကရေစီ လမ်းကြောင်းကိုသာ အမှန်တကယ် လျှောက်မည်ဆိုလျှင် လွှတ်တော်တွင်းမှ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရပေမည်။ ထိုသို့မလုပ်ဘဲ ဒီမိုကရေစီ လမ်းကြောင်း သွားမည်ဆိုခြင်းမှာ လူရယ်စရာ ဖြစ်နေပါတော့သည်။ ယခုအချိန်ထိ စစ်အာဏာရှင်များနှင့် စစ်အစိုးရတွင် ပါဝင် ခဲ့သော စစ်ဗိုလ်တစ်ဖြစ်လဲ အရပ်သားခေါင်းဆောင်များမှာ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတ စေရမည် ဟု ပြောဆိုနေကြသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ သို့သော် သမ္မတ ရော၊ ကာကွယ်ရေး ဦးစီးချုပ်ရော၊ လွှတ်တော် ဥက္ကဋ္ဌကြီးများရော၊ ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ်ကြီး များရော ကတိမပေးသည်မှာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပပြီး NLD သာ အနိုင်ရလျှင် အမှန်တကယ် အာဏာ အပ်နှင်းပါမည်၊ အစိုးရဖွဲ့စေပါမည် ဟု ကတိမပေးခြင်း ဖြစ်ပါသည်။
ထိုကတိကိုလည်း ဘယ်နိုင်ငံရေးသမား၊ ဘယ်ပါတီကမျှ မတောင်းခဲ့သလို ဘယ်ဗိုလ်ချုပ်၊ ဘယ်သမ္မတ ကမျှလည်း မပေးခဲ့ပေ။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း ထိုအတိုင်းပင်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ပေးသည်။ I Keep my promise ဟု နိုင်ငံတကာ မီဒီယာများကို ဗိုလ်စောမောင်က ဘိုလိုပြော၍ပင် ကတိပေးခဲ့သည်။ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျား ပြန်မည်ဟုပင်ဆိုသည်။ သို့သော် စစ်သား ရင့်မာကြီးများ ဖြစ်ပြီး ကတိမတည်ခဲ့ကြပေ။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးတင်ဦးတို့ရော၊ NLD ခေါင်းဆောင်များ ရော ခြေဖျားများထောက်၊ ဖင်တကြွကြွ ဖြစ်နေခဲ့သော်လည်း အစိုးရမဖွဲ့နိုင်ကြဘဲ ထောင်ထဲ ရောက် ကုန်ကြ တော့သည်။
၂၀၁၀ ရွေးကောက်ပွဲမှာမှု ကတိမတည်စရာမရှိ။ သူ့ဖဲသူဝေကာ ကုလားဖန် ထိုးခဲ့ကြသောကြောင့် ပြည်သူ လူထုမှာ ဒုက္ခပင်လယ် ဆက်ဝေခဲ့ကြရတော့သည်။ ယခုလည်း၂၀၁၅ ရွေးကောက်ပွဲအတွက် မိုးသံ၊ လေသံများ ထစ်ချုန်းလာသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဟုလည်း ကတိပေးထားသည်။ သို့သော် အနိုင်ရသောပါတီကို ၁၉၉၀ ပြည့်ရွေးကောက်ပွဲလို မလုပ်ဘဲ အာဏာအပ်ပါမည် ဟုကတိပေး ရပေမည်။ အစိုးရဖွဲ့နိုင်လောက်သော ပါတီတစ်ရပ်က ဦးဆောင်ပြီး ညွှန့်ပေါင်း အစိုးရဖွဲ့မည် ဆိုလျှင် စစ်တပ်ကရော လက်ခံနိုင်ပါမည်လား။ စစ်တပ်က အာဏာမသိမ်းပါဟု အာမဘန္တေခံပြီး ကတိပေးနိုင်ပါမည် လား။ ယခုအချိန်ကတည်းက ရွေးကောက်ပွဲ မလုပ်ခင်တွင် အတိုက်အခံပါတီများက ကတိတောင်း သင့်လေသည်။ ထိုသို့ မဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲကလို လုပ်ပြီးခင်ဗျားတို့မှ ကတိမတောင်းတာဟု အောက်ကလိအာ စကားလုပ်လျှင် မခက်ပေဘူးလား။
မကြာခင်ကပင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ဖို့ ချီတက်သော ကျောင်းသားများနှင့် အစိုးရတို့ တွေ့ဆုံ ကာ တောင်းဆိုချက်များအတိုင်း လုပ်ပေးဖို့ ကတိပေးပါ သည်။ လက်မှတ်လည်း ရေးထိုးခဲ့သည်။ သို့သော် နောက် ဆုံးစက္ကူစုတ်လို ဖြစ်သွားကာ ကတိပျက်သွား၏။ ကတိပေးထားပါလျက်နှင့် ရိုက်နှက် ဖမ်းဆီးကာ တရားစွဲခဲ့သည်။ ကတိပေးကာ လက်မှတ်ရေးထိုး ခဲ့သည်ကို ဘာမှမပြောကြတော့ပေ။ မင်းမှာသစ္စာ၊ လူမှာကတိဆိုသော အလွန် တန်ဖိုးကြီးသော စကားမှာ အဖျက်ခံရ လေသည်။ ယခုလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပ ပေးပေလိမ့်မည်။ သို့သော် တစ်ဖက်ကဖွင့်ပြီး တစ်ဖက်ကို ပိတ်တတ်သော စစ်ဗိုလ်များ၏ကတိကို ဆန်းစစ်ကြဖို့လိုသည်။ အတိုက်အခံများ အနေဖြင့် အထူးသဖြင့် NLD အနေဖြင့်၊ အထူးသဖြင့် ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် “တစ်ခါသေဖူး ပျဉ်ဖိုး နားလည်” ဖို့လို၏။ စစ်တပ်နှင့် သက်ဆိုင်သူများ၊ စစ်အာဏာရှင်များနှင့် ဆက်နွှယ်နေသူများ အာဏာမရဘဲ ဒီမိုကရေစီ ဘက်တော်သားများ အာဏာရဖို့အပေါ် စစ်ဗိုလ်ဟောင်းများကို ယခုထက်တိုင် အယုံအကြည် မရှိသေးပေ။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment