မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ယူနန်ပြည်နယ်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေခြင်း မှာ မြန်မာအစိုးရအား အသိပေး အကြောင်းကြားပြီး မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
ယင်းသို့ တရုတ်စစ်တပ်ဘက်မှ စစ်ရေးလေ့ကျင့်မှု မှာ နှစ်နိုင်ငံ နယ်စပ်ပြဿနာ တင်းမာမှုများ ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံ များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက စိုးရိမ်မကင်း ဖြစ်နေချိန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ သဘောထားကို မေးမြန်း ခဲ့ရာ ယခုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။
”အခု ကိုးကန့်နဲ့ ဖြစ်တဲ့ကိစ္စမှာ ကျွန်တော်တို့ အကြောင်းကြားတာ လုပ်တယ်။ အလားတူပဲ သူတို့ဘက် ကလည်း ကိုးကန့်နဲ့ဖြစ်နေတဲ့စစ်ပွဲ
တရုတ်ဘက်မှ ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ကြည်းတပ်နှင့် လေတပ်တို့ ပူးပေါင်း လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်ရာ ဒေသတွင် လေယာဉ်များ ပျံသန်းခွင့်ပြုမည် မဟုတ်သလို မော်တော် ယာဉ်များ သွားလာပါကလည်း လမ်းကြောင်း ထိန်းချုပ်မှုများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း တရုတ်စစ်တပ်က ကြေညာထားသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ရာ ဒေသသို့ ဒေသခံများကိုလည်း သွားလာခွင့်ပြု မည် မဟုတ်ဘဲ စစ်ရေး လေ့ကျင့်မှု နှင့် ပတ်သက်ပြီး မြန်မာဘက်သို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု ကာလမည်မျှ ကြာမြင့်မည်ကိုမူ ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။
ယခုကဲ့သို့ တရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ် အနီးတွင် စစ်ရေးလေ့ကျင့်မှု များ ပြုလုပ်ခြင်းကို ပြီးခဲ့သည့် မတ်လ အတွင်းက မြန်မာအစိုးရသို့ အကြောင်းကြားကာ ပြုလုပ်ခဲ့ဖူးကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။
ဇွန်လ ၂ ရက်က စတင်ပြုလုပ်သည့် တရုတ်တပ်များ၏ စစ်ရေးလေ့ကျင့်မှုတွင် စစ်ရေးလေ့ကျင့်မည့် စစ်သား ဦးရေ၊ သုံးစွဲမည့် လက်နက်အမျိုးအစားနှင့် မည်သည့်အချိန်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမည်ကိုမူ တရုတ် စစ်တပ်ဘက်မှ ထုတ်ပြန်ထားခြင်း မရှိပေ။
တရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ် အနီးတွင် စစ်ရေးလေ့ကျင့်မှု များ ပြုလုပ်လာခြင်း မှာ မြန်မာနှင့် ဖုန်ကြားရှင် ခေါင်းဆောင်သည့် ကိုးကန့်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပိုင်း ပြုလုပ်လာခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲများအတွင်း မြန်မာအစိုးရ တပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များ တရုတ်ဘက်သို့ ကျရောက်သဖြင့် ထိခိုက် ပျက်စီးမှုများနှင့် လူသေမှုများ ဖြစ်ပွားခဲ့သေး သည်။
နှစ်နိုင်ငံ နယ်စပ်အနီးတွင် တရုတ်ဘက်မှ ယခုကဲ့သို့ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လာခြင်းမှာ မြန်မာ စစ်တပ်၏ လက်နက်ကြီး ကျည်ကြောင့် တရုတ်နိုင်ငံသားများ သေဆုံးရခြင်းအပေါ် တရုတ်ပြည်သူများ မကျေနပ်ခြင်း ကို ဖြေလျှော့သည့်အနေဖြင့် တရုတ်အစိုးရက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာခြင်း ဖြစ်နိုင် သလို နှစ်နိုင်ငံနယ်စပ် တွင် တင်းမာမှု ရှိလာသည့် အခြေအနေကို ပြသနေခြင်း ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
”အခုဟာကတော့ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ကတော့ တရုတ်အစိုးရဟာ ဒီဘက် နယ်စပ် တွေမှာ လုပ်လေ့လုပ်ထ သိပ်မရှိပါဘူး။ အခုကျမှလုပ်တာပါ။ အရင်တုန်းက လုပ်တယ် ဆိုတာကလည်း အသေးအမွှားတွေပါ။ တောင်ရှိတဲ့နေရာမှာ လာပြီး လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်လောက်ပဲ။ အခုဟာက တမင်ကို နေရာ ရွေးချယ်မှုကော၊ အချိန်ရွေးချယ်မှုကောအရ ဗမာပြည်စစ်အစိုးရကို ဇောင်းပေးတယ်ဆိုတာ ရှင်းနေပါ တယ်။ တရုတ်ပြည်တွင်းမှာ ပြည်သူလူထု ကျေနပ်အားရအောင် လုပ်ပြတယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာတွေ့နေရတဲ့ တရုတ်တွေကလည်း ဒီလို လုပ်တာကို အားရတယ်၊ သဘောကျတယ်၊ သာမန် အရပ်သားတွေက။ သူတို့အစိုးရကလည်း သူတို့ အရပ်သား ကျေနပ်အောင် လုပ်ပေးတယ်၊ အရပ်သားကလည်း ကျေနပ်တယ်။ ဗမာပြည်အစိုးရ ဘက်ကနေပြီးတော့ တရုတ်အစိုးရ အပေါ်မှာ ရိုးရိုးသားသား မဖြေရှင်း ခဲ့တဲ့ကိစ္စ၊ တရုတ်အစိုးရကို သွားပြီးတော့ တိုးတိုးတိတ်တိတ် လျော်ကြေးပေးပြီးတော့ နောက်ဟာတွေ ကျတော့လည်း ဘူးကွယ်ပြီး ငြင်းတဲ့ဟာတွေကို တရုတ်ဘက်က မကျေနပ်ဘူးဆိုတာ ဖော်ပြတာ။ နိုင်ငံရေး ဆက်ဆံရေးတွေမှာ အခုအခြေအနေ ရောက်တယ်ဆိုတာ သံတမန် သဘောအရ ပြောမယ်ဆိုရင် အတော်မြင့်မားပါတယ်။ အဲဒီတော့ နယ်စပ်မှာ တင်းမာတယ် ဆိုတာမျိုးပြောရင် ရပါတယ်” ဟု တရုတ်နိုင်ငံတွင် နေထိုင်လျက်ရှိသူ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြောဆိုသည်။
၎င်းက ဆက်လက်ပြီး ”ဗမာ အစိုးရဟာ ကိုးကန့်ကိစ္စကို တမင်ဖန်တီးနေတယ်။ ဖန်တီးတဲ့အခါမှာ အဲဒီက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုလည်း သိရဲ့သားနဲ့ ဗမာအစိုးရက ပျော်ပျော်ကြီး လုပ်နေတဲ့ သဘောမျိုး ရှိပါတယ်။ တရုတ်ပြည်ဘက်က ကြည့်လို့ရှိရင် သူတို့ဘက်က အင်မတန် ထိခိုက်တာ တွေ့ရတယ်။ လူတွေ သေတယ်၊ အများကြီးလည်း ဒုက္ခရောက်တယ်။ သူတို့ကလည်း ဒါကို မကြိုက်ဘူး။ တရုတ်မကြိုက်မှန်းလည်း သိရဲ့သားနဲ့လုပ်တာ။ တရုတ်ကလည်း အရှေ့ဘက်ပိုင်းမှာ စစ်ရေးအရ တော်တော် တင်းတင်းမာမာ ဖြစ်နေ တယ်။ ကျွန်းစုတွေကိစ္စတို့၊ အမေရိကန်နဲ့ ပြဿနာဖြစ်နေတဲ့ အခါမှာ အနောက်ကျောက ဒီလို ဖြစ်တယ်ဆိုရင် သူတို့လည်း စိတ်ပူမှာပဲဗျ။ အမေရိကန်ရဲ့ ခြေရာလက်ရာပါသလား၊ ဗမာအစိုးရက အမေရိကန်ကို မျက်နှာ လုပ်တာလား ဆက်စပ်တွေးမှာပဲ။ တရုတ်က ပေါ့ပေါ့ထားလိမ့်မယ်လို့ မထင်ဘူးဗျ။ မှားတာ၊ မှန်တာ အသာ ထား။ ဗမာပြည်သူလူထု အတွက်ကတော့ မကောင်းတဲ့ကိစ္စပဲ” ဟုဆိုသည်။
ဝိုင်းမော်
- မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့်နေသည့် တရုတ်တပ်မတော်မှ စစ်သားများအား တွေ့ရစဉ်။ Photo by http://www.scoopnest.com/
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment