ပြည်တွင်း
နည်းပညာလုပ်ငန်းခွင်နယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် အရေအတွက် ၂,၅၀၀
ခန့် သာရှိနေပြီး နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ
နှစ်စဉ် အိုင်တီနည်းပညာ ဘွဲ့ရကျောင်းသား ၂,၈၀၀ ခန့် မွေးထုတ်ပေးနေသဖြင့်
အိုင်တီနည်းပညာ ကျောင်းသားများ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ နည်းပညာနယ်ပယ်တွင်
လုပ်ငန်းခွင် ဝင်ရောက်နေ သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေ
အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

အင်ဂျင်နီယာကောလိပ်
ကျောင်းသားကျောင်းသားများ၏ တီထွင်ထားသည့် စက်ပစ္စည်းကိရိယာများ
ပြပွဲတစ်ခုကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်က ရန်ကုန်မြို့ ချာထရီယံဟိုတယ်တွင်
ပြုလုပ်ကျင်းပစဉ်။ ဓာတ်ပုံ - ဟိန်းထက်
၎င်းက “နှစ်စဉ် မွေးထုတ်ပေးလာတာ ၁၀ နှစ် ဝန်းကျင်ရှိနေပြီ။ ဒီအချိန်မှာ စုစုပေါင်းဘွဲ့ရ ကျောင်းသား၂၅,၀၀၀ လောက် မွေးထုတ်ပေးပြီးပါပြီ။ ဒီအထဲကပြည်တွင်း နည်းပညာနယ်ပယ်မှာ လုပ်ကိုင်နေတာက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ပြည်ပရောက်သွားတာက ၁၀ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုရင် နည်းပညာနယ် ပယ် ပြင်ပရောက်နေတာက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်” ဟု တွက်ချက် ပြောဆိုသည်။
ကွန်ပျူတာ အသင်းချုပ်နှင့် သက်ဆိုင်ရာ ကွန်ပျူတာ အသင်းများက နည်းပညာ လုပ်ငန်းခွင် အတွင်းသို့ ဘွဲ့ရကျောင်းသားများ ဝင်ရောက် လုပ်ကိုင်နိုင်ရေး အတွက် အရည်အချင်းစစ် စာမေးပွဲများ ကျင်းပပေးနေသည် ဟု ဦးဇော်မင်းဦးက ပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ နည်းပညာ ကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက “လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်မယ့်ဟာတွေကို စစ်ဆေးတဲ့ စာမေး ပွဲတွေ ကျင်းပပေးပါတယ်။ သီအိုရီက ၆၀ ရာခိုင်နှုန်းလောက်အထိ ပါပါတယ်။ လက်တွေ့က ၄၀ ရာခိုင်နှုန်းလောက် ပါပါတယ်” ဟု ဆိုသည်။
ယင်း စာမေးပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာတွင် ဝင်ရောက်ဖြေဆိုသူ ၁၀၀ ကျော်ရှိသော်လည်း ၁၀ ယောက်ခန့်သာ အောင်မြင်သည်ဟု ဦးရဲကျော်သိန်းက ပြောသည်။
ယင်းအပြင် နှစ်စဉ် မွေးထုတ်ပေးနေသည့် ကျောင်းသားများအနက်မှ ၃၀ ရာခိုင်နှုန်းခန့်သာ လက်တွေ့လုပ်ငန်းခွင်အတွက် အသင့်ဖြစ်နေပြီး ကျန်ရှိသည့် ကျောင်း သားများမှာ ကျောင်းမှ သင်ကြားပေး လိုက်သည့် သီအိုရီနှင့် အသိပညာကို လက်တွေ့အသုံးချနိုင်ရေးအတွက် ဆက်လက်လေ့ကျင့်ရန် လိုအပ် သည်ဟုလည်း ဦးရဲကျော်သိန်းက သုံးသပ်ပြောကြားသည်။
ပြည်တွင်း၌ အိုင်တီနည်းပညာနယ်ပယ်ရှိ ကျောင်းသားများ လေ့လာနိုင်ရန် မြန်မာဘာသာနှင့် ဖော်ပြထားသည့် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတန်းများ ရှိရန်လို အပ်ပြီး ဘာသာရပ်ဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေးအတွက် အခြေခံအဆောက်အအုံများ ပြည့်စုံရန် လိုအပ်သည်ဟု ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့ ၏ နည်းပညာအရာရှိချုပ် ကိုစိုးသီဟနောင်က ပြောသည်။
၎င်းက “ဘွဲ့ရကျောင်းသားလူငယ်တွေအတွက် လေ့လာဖို့ မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ်စာတမ်းတွေ များများရှိဖို့ လိုအပ်တယ်။ နောက်တစ်ခုက ကျွန်တော် တို့ မြန်မာဘာသာနဲ့ ဆော့ဖ်ဝဲလ်ပိုင်း ဆိုင်ရာတွေ ရေးနေတာရှိတယ်။ သူတို့ လိုက်လုပ်ဖို့ကျတော့ အင်တာနက်ကွန်နက်ရှင် အခက်အခဲရှိတယ်။
12 GB လောက်ရှိတဲ့ ဆော့ဖ်ဝဲ သူတို့ဆီ ရောက်လာဖို့ ဖုန်းနဲ့ ဘယ်လိုဒေါင်းလုပ် လုပ်မလဲ” ဟု ဆိုသည်။ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူးက သက်ဆိုင်ရာဝန်ကြီးဌာန များသည် နည်းပညာလုပ်ငန်းခွင်အတွင် ကဏ္ဍအလိုက် လိုအပ်သည့် ပညာရှင်အရေအတွက်ကို စစ်တမ်းပြုလုပ်ပြီး လိုအပ်သည့် ပညာရှင်များ ရရှိစေရေးအတွက် စနစ်တကျ မွေးထုတ်နိုင်ရန် လိုအပ်သည်ဟု အကြံပြုပြောကြားသည်။
Credit - Mizzima News
No comments:
Post a Comment