ရန်ကုန်၊ ဇွန် ၃
ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဦးဆောင်ပုဂိ္ဂုလ်ကြီးဖြစ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာသာမိ တောင်ကလေး ဆရာတော်ကြီးထံသို့ အာဏာရကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းသည် မေလဆန်းတွင် သွားရောက်ဖူးမြော်ကြောင်း သိရှိရသည်။
တောင်ကလေးဆရာတော် ကြီးသည် သမ္မတဦးသိန်းစိန် အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်ရေး သားလျက်ရှိပြီး မြန်မာသံတော်ဆင့်ဂျာနယ်၌ “နောက်ဆုံး၂၀လအစိုးရ” ဆောင်းပါးနှင့်
သမ္မတဦးသိန်းစိန်အား စစ်ရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်မရှိကြောင်း ဆောင်း ပါးများ ဆက်တိုက်ဖော်ပြခဲ့ကာ ၂၀၁၄၊ ဇွန် ၁၉ တွင် သာသနာရေးပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူခြင်း သည်လည်း တရားမျှတမှု မရှိ ကြောင်း တရားဝင် ထုတ်ဖော်ရေးသား ခဲ့ပြီးနောက် သာသနာရေးညွှန်ချုပ် (ယခု အမြဲတမ်းအတွင်းဝန်) ဦးခိုင်အောင် ကိုယ်တိုင် ဘားအံမြို့ တောင်ကလေးဆရာတော်ကျောင်း တိုက်သို့ သွားရောက်ခဲ့ပြီး ထိုသို့အစို ရအပေါ် ဝေဖန် ရေးသားချက်များအား နာမည်မခံရန်နှင့် အစိုးရကို ထိခိုက်မရေးသားရန် ခြိမ်းခြောက်သည့် သဘောဆောင်ကာ ပြောဆိုခဲ့ကြောင်း တောင်ကလေးဆရာတော်ကြီးက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။…
ယင်းဖြစ်စဉ်များအတွင်း တောင်ကလေးဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်ကို ယုံကြည်လေးစားသူ တပ်မတော်အရာရှိကြီး များနှင့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်အမှု ဆောင်များရှိကြောင်း ပါတီဗဟို အတိုင်ပင်ခံ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် အသိပေးခဲ့သည်။
သို့သော်လည်း သမ္မတရုံးသည် တောင်ကလေးဆရာတော်ကြီး အပေါ်ကျေနပ်မှုမရှိဘဲ သာသနာရေးဝန်ကြီး ဦးဆန်းဆင့် အရေးယူမခံ ရမီ ၂၀၁၄၊ ဧပြီလတွင် သင်္ကြန်တွင်း ဘုန်းကြီးဝတ်၍ တရားစခန်းဝင်ရန်အတွက် ဘားအံမြို့၊ တောင်ကလေး ဆရာတော် ကျောင်းတိုက်သို့ သွားရောက်မည်ကို သမ္မတရုံးကတားမြစ်၍ ရှမ်းပြည် နယ်သို့သွားကာ သင်္ကြန်တွင်း ဒုလ္လဘရဟန်း ၀တ်ခဲ့ရကြောင်း၊ မိမိတို့က ကရင်လူမျိုးများဖြစ်၍ ကရင်ပြည်နယ်မှ တောင်ကလေးဆရာတော်ကြီးထံ ယခင်ဝတ်နေကျ အတိုင်း နှစ်စဉ်ရဟန်းသွား ၀တ်ခြင်းဖြစ်ကြောင်း၊ သမ္မတ ရုံးက တို့အစိုးရကို ဒီလောက် ဝေဖန်နေတဲ့ ဘုန်းကြီးကျောင်း၊ မသွားရဘူးဆို၍ မသွားခဲ့ ရကြောင်း ဦးဆန်းဆင့် ၏ဇနီး ဒေါ်ခင်မာလေး က မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။
ယခုအခါ ၂၀၁၅ရွေးကောက် ပွဲ မကျင်းပမီ ၆လအလို၌ ကရင်ပြည်နယ် လူထုနှင့် လက်နက်ကိုင် အဖွဲ့အစည်း များအပေါ် သြဇာညောင်း သည့် တောင်ကလေးဆရာတော်ကြီးထံ အာဏာရ ကြံ့ခိုင်ရေး ပါတီ ထိပ်တန်း ခေါင်းဆောင်ဦးမောင်မောင်သိမ်း သွားရောက်ခြင်း သည် နိုင်ငံရေးအရ အဓိပ္ပာယ် သက်ရောက်ေ နကြောင်း၊ ယခင် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ခါနီး၌ ကရင်ပြည်နယ် ကြံ့ခိုင်ရေးတာဝန်ခံ ၀န်ကြီးများဖြစ်ကြသော ဦးကျော်ဆန်း၊ သူရဦးမြင့်မောင်တို့ ဆရာတော်ကြီး ထံလာရောက်၍ ဆရာတော့်အားကိုရယူခဲ့ပြီး ဆရာတော် ကြီး သြ၀ါဒခံ အနိုင်ရ ဖလုံ- စဝေါ်ဒီမိုကရက် တစ်ပါတီထောက်ခံမှုရယူကာ တပ် မတော်ကိုယ်စားလှယ် ဗိုလ်မှူး ချုပ်ဇော်မင်း ၀န်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း အစိုးရအဖွဲ့ဝင်တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြား ခဲ့သည်။
ယခုကြံ့ခိုင်ရေးပါတီ ဗဟို ကော်မတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း မေလအတွင်း က တောင်ကလေးဆရာ တော်အား သွားရောက်ဖူးမြော်ခြင်း နှင့်စပ်လျဉ်း၍ ““ဆရာတပည့်လို မျိုးသွားရောက်ဖူးမြော်တာပါ။ အရင် အလုပ်လုပ်ခဲ့တုန်းက ဆရာတော်က စီနီယာဖြစ်ခဲ့လို့ အခုလို ဆရာတပည့်တစ်ယောက်အနေနဲ့ သွားတာပါ။ ပါတီစည်းရုံးရေးအတွက် မဟုတ်ပါဘူး။ ပါတီကိစ္စ မပါပါ ဘူး””ဟု ဦးမောင်မောင်သိမ်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““တောင်ကလေးဆရာတော်ကြီးထံသို့ ဆက်သွယ်၍ အဆိုပါ ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦး လာရောက်သည့် ကိစ်္စမေးမြန်းခဲ့ရာ ““ဆရာတော်က ပြောပါတယ်။ နိုင်ငံရေးကိစ္စ မပါပါဘူး။ ရိုးရိုးပဲ လာတာပါ။ ဦးမောင်မောင်သိမ်းက ကြံ့ခိုင်ရေးမှာ ပြစ်ချက်မရှိ၊ သူ့မှာ လုပ်ပိုင်ခွင့်တွေရှိ တယ်””ဟု တောင်ကလေးေ ကျာင်းတိုက် ဂေါပကအဖွဲ့မှ ကိုကျော်ထွန်း က မြန်မာသံတော်ဆင့်သို့ ပြော သည်။၂၀၁၃၊ နိုဝင်ဘာ ၂ရက်ထုတ် မြန်မာ သံတော်ဆင့် အတွဲ (၂)၊ အမှတ်(၃၄)တွင်““နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆၄ ကို ဖောက်ဖျက် ကျူးလွန်သူဖြစ် သည်။ မိမိသမ္မတ ဖြစ်ပြီးမှ မိမိ၏ပါတီနှင့် နေပြည်တော်တွင် ဆက်သွယ်မှု လုပ်သည်။ သတင်းစာ၊ ဂျာနယ်များတွင်အတိအလင်း ဖော်ပြထားသည်။
(၁) ရခိုင်ပြည်နယ်အရေးအခင်း၊
(၂) မိတီ်္ထလာအရေးအခင်း၊
(၃) လက်ပံတောင်းတောင် အရေးအခင်း၊
(၄) ကချင်ပြည်နယ်အရေး ကိစ္စတို့တွင် ဥပဒေအရ ပေးအပ်သော တာဝန်ရှိသူဖြစ်သည်။ ထို အရေးအခင်း ကာလများတွင် သေကျေ ပျက်စီးကြရသည်ကြောင့် သမ္မတဖြစ်သူမှာ တိုက်ရိုက်တာဝန် ရှိသည်။ ဤသို့ အကြွင်းမရှိ တာဝန်ရှိသူဖြစ်နေပါလျက် ပြည်ထောင်စု လွှတ်တော် အမတ်မင်းများ သမ္မတ ကိုအရေးယူပြစ် တင်စွပ်စွဲမှု မပြုခြင်းသည် အလိုတူအလိုပါကြသူ များဟု ထင်ရှားသည်။
ဤသို့သော သမ္မတ
ဤသို့သော လူထုကို ကိုယ်စားပြုသော အမတ်မင်းမျိုး
ဤသို့သော အခြေခံဥပဒေမျိုး ပြည်သူများ ဒုက္ခမဖြစ်ဘဲ ရှိနိုင်ပါ့ မလားမောင် တို့ရဲ့…””ဟူ၍ တောင် ကလေး ဆရာတော်ကြီး (ကလောင် အမည်-အဲးခိုး)က အတိအလင်းရေးသားခဲ့သည်။
MH-0011
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


No comments:
Post a Comment