မြန်မာနိုင်ငံတွင်
ယာယီကယ်တင်ထားသော လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂနှင့်
နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဖိအားပေးမှုများကို ကန့်ကွက်ကြောင်း ဇွန် ၅
ရက်တွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က သတင်းထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်း
ဟိုင်းကြီးကျွန်းမှ ရခိုင်ပြည်နယ် မောင်တောမြို့သို့ ပို့ဆောင်ထားသည့်
လှေစီးဒုက္ခသည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ရေမျောကမ်းတင် ဒုက္ခသည်များကို စိစစ်၍ သက်ဆိုင်ရာ မူရင်းနိုင်ငံများသို့ တရားဝင်လွှဲပြောင်း ပေးအပ်ခြင်းသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု၏ အခွင့်အရေးဖြစ်ပြီး နိုင်ငံသား အဖြစ် လက်ခံခြင်း လက်မခံခြင်းမှာလည်း ယင်းနိုင်ငံ၏ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်သာ သက်ဆိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
“ဘင်္ဂါလီ လှေစီး ဒုက္ခသည်များကို ကူညီရေးထက် ‘ရိုဟင်ဂျာ ဒုက္ခသည်များ’ဟု တံဆိပ်ကပ်ကာ ‘တိုင်းပြည်မဲ့ ရိုဟင်ဂျာများ’ ကို ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန် အမေရိကန် သမ္မတက တောင်းဆို၍ ‘ခုတ်ရာတခြား၊ ရှရာတလွဲ’ မြန်မာနိုင်ငံအပေါ် ဖိအားပေးနေခြင်းသည် နိုင်ငံတကာ မိသားစုဝင် မြန်မာနိုင်ငံ အပေါ် ဆီလျော်ခြင်း မရှိသော လုပ်ရပ်ဟု ရှုမြင်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ အခွင့်အရေးအရ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဖိအားများကို ဆန့်ကျင်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
လှေစီးဒုက္ခသည်များကို မြန်မာနိုင်ငံက မေလ ၂၁ ရက်နှင့် ၂၉ ရက်များတွင် တွေ့ရှိခဲ့ပြီး ယာယီ ကယ်တင်ထားခြင်းဖြစ်ကာ ရခိုင်ပြည်နယ် နယ်နိမိတ် ဧရိယာဖြစ်သော မောင်တောမြို့နှင့် ရေမိုင်လေးမိုင် အကွာတွင် ဖမ်းဆီးမိသည့် ဒုက္ခသည် နှစ်ရာ အနက် ၁၅၀ ကို ပထမအသုတ် အနေဖြင့် ဇွန် ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။
ဧရာဝတီတိုင်းအတွင်း တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ် နယ်နိမိတ်ဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ယာယီစစ်ဆေးနေသည့် ဒုက္ခသည်များကိုမူ တစ်ပတ်အတွင်း ပြန်ပို့နိုင်ရန် စီစဉ်နေသည် ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောထားသည်။
Credit - Mizzima News
No comments:
Post a Comment