Sunday, May 31, 2015

တပ်မတော် ဗိုလ်ချုပ်ကြီး နှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ၁၃ဦး ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီသို့ ၀င်ရောက်၍ ရွေးကောက်ပွဲဝင်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာများလျာထား

ရန်ကုန်၊ မေ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှစ၍ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် အထိ ၁၈ ဦးရှိသည့်အနက် ထိပ်ပိုင်း ၅ဦးကိုချန်၍ ကျန် ၁၃ဦးကို ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီသို့ ပို့ဆောင်အားဖြည့် ကာ ရွေးကောက်ပွဲ ၀င်ရောက်မည်ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

““ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ၁၈ယောက်ရှိမယ်လေ။ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုချုပ်အပေါ် ၃ယောက် မပါဘူး။ ဗိုလ် ချုပ်ကြီး လှဌေးဝင်းကတော့ သူတို့သွားခိုင်းမယ် ထင်တယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် နေရာပေါ့။ ကိုခင်ဇော်ဦး ဆိုရင် တနင်္သာရီတိုင်း””ဟူ၍ အဆိုပါအမည် မဖော်လိုသော သမ္မတရုံးတာဝန်ရှိ သူက မေ ၂၄ရက်တွင် မြန်မာ သံတော်ဆင့်သို့ပြောကြားသည်။…

တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အကြီးအကဲများမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကာ ချုပ်)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ဒုချုပ်)၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ(ရေ)၊ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်(လေ)၊ ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ် ချုပ်ကြီးအောင်သန်းထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ် ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ် ချုပ်ကြီးညိုစော တို့ဖြစ်ကြပြီး ၎င်းပုဂိ္ဂုလ်များမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖွဲ့စည်း ခဲ့သော ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး အသင်းတွင် ဗဟိုနာယကအဖွဲ့ဝင်များအဖြစ် ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသူများ လည်းဖြစ် သည်။

သတင်းထွက်ပေါ်နေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီသို့ ၀င်ရောက် ၍ ရွေးကောက်ပွဲဝင်မည့် ဗိုလ်ချုပ် ကြီးများသည် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် လောင်းလျာထားသူများလည်း ပါဝင် ကြောင်း၊ ဗိုလ်ချုပ်ကြီးလှဌေးဝင်း ရွေးကောက်ပွဲကာလ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သော ကုမ္ပဏီဥက္ကဋ္ဌ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။ တပ်မတော်မှ ဗိုလ်ချုပ်ကြီး များ ရွေးကောက်ပွဲသို့ ပါဝင်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီး ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မဖြေကြားနိုင်ကြောင်းသာ ပြန် လည်ပြောကြားခဲ့သည်။

ထိုကဲ့သို့ တပ်မတော်မှပြည် ခိုင်ဖြိုးပါတီကို အတိအလင်း ထောက်ခံ အားပေးသည့် လုပ်ရပ် များမှာ တပ်မ တော်နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ကြားတွင်ရှိသော ကတိက၀တ်များ၊ အများပြည်သူတို့အား ထုတ်ဖော်ပြသ၍ မရသော တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ ဆက်နွှယ်မှု၊ နှစ်ကာလ အတိုင်းအတာ မှန်းဆ၍ မရသော ပြည်ခိုင်ဖြိုး ပါတီအပေါ် တပ်မတော်၏ ရပ်တည်ထောက်ခံမှုဖြစ်ကြောင်း တပ်မတော် အစိုးရလက်ထက် သြဇာ ကြီးခဲ့သူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် မြန်မာသံ တော်ဆင့်တွေ့ဆုံစဉ်က ရှင်းလင်း ပြောကြား ခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီကို လက်ရှိဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တပည့် များ ဖြစ်ကြသည့် တပ်မတော်ဗိုလ်ချုပ်မှူးကြီးမှစ၍ ဗိုလ်ချုပ်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီးများ ၀င်ရောက်ထောက် ခံဖွယ်ရှိမရှိနှင့် ကိုယ်တိုင်ရွေးကောက်ပွဲဝင်မည့် အစီအစဉ်တို့အတွက်ကိုလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““ဗိုလ်ချုပ်မှူးကြီး (ဦးသန်းရွှေ)ကတော့ အဘကိုဘာမှ မပြောဘူး။ အဘလည်း သူ့ကိုရွေး ကောက်ပွဲမ၀င်ချင်တော့ဘူး လို့ ပြောထားတယ်။ ပါတီက ၀င်စေချင်တာကိုး။ အဘမဲဆန္ဒနယ်က အဘကိုချစ် တယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

လူထုထောက်ခံမှု ကျဆင်းနေသော ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစိုးရအဖွဲ့နှင့် တပ်မတော်ကဲ့သို့သော အာ ဏာရအဖွဲ့အစည်းများကို ယခင်ကပင် အားကိုးရပ်တည်ခဲ့သည့် အစဉ်အလာအတိုင်း လုပ်ဆောင်သွားမည် ဆိုပါက အများပြည်သူက ပို၍မုန်းတီးသွားနိုင်ဖွယ်ရာရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီကေဒါ အချို့က မြန်မာသံတော် ဆင့်သို့ ပြောကြားကြသည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment