Wednesday, June 3, 2015

ရွေးကောက်ပွဲ တရားမျှရေးနဲ့ အပစ်ရပ်ရေးအပေါ် NCCT ခေါင်းဆောင် နိုင်ဟံသာ ပြောကြားချက်

ကရင်ပြည်နယ် လော်ခီးလာ (လေးဝါး)တွင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေး တက်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာကို ၂၀၁၅ ရွေးကောက်ပွဲအပေါ် အမြင်နဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လုပ်ဆောင်ချက်အပေါ် ၎င်းရဲ့ အမြင်ကို မဇ္ဈိမ ဓာတ်ပုံအယ်ဒီတာ ဟောင်ဆာ (ရာမည)က မေးမြန်းထားပါတယ်။

NHT p



"ဒီလာမည့်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီ (ကြံ့ခိုင်ရေး)အနေနဲ့ သူတို့အနေနဲ့ တမျိုးမျိုးတော့ နိုင်အောင်သူတို့ ကြိုးစားအားထုတ်ကြမှာပဲ။ ဒါပေမယ့် သူတို့အားထုတ်နဲ့ နည်းလမ်က ရွေးကောက်ပွဲမရောက်သေးတော့ ဘယ်လိုပုံသူတို့ လုပ်မှာလဲဆိုတာတော့ မမြင်ရသေးတော့ မသိသေးဘူးပေါ့။ ဒါပေမယ့် တဖက်မှာ မီဒီယာတွေကလည်း လွပ်လပ်လာတယ် လူတွေကလည်း စောင့်ကြည့်လာတယ်ဆိုတော့ အရင်ကလို လိမ်လည်တာမျိုးတော့ မဖြစ်နိုင်တော့ပါဘူး။ အပစ်အခတ်ရပ်စဲရေးမှာလည်း အဆိုးအနေနဲ့ အကုန်လုံးမြင်လို့မရဘူး ဘာကြောင့်လဲဆိုတော့ အခုအစိုးရမှာ ဒီစာချုပ်ရေးထိုးတာ မပြီးပြတ်သေးပေမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိုလိုလားတဲ့သူတွေ ဒီထက်မက များရင်လည်း များနိုင်တယ်။ အဆိုးဘက်ရှိသလို အကောင်းဘက်လည်း ရှိတတ်ပါတယ်။ ပြီးတော့ အခုခေတ်က ဘာပဲလုပ်လုပ် လူတွေကစောင့်ကြည့်နေကြတယ်။ နားစွံ့နေကြတယ်။ တခုတော့ရှိတယ် အပစ်အခတ်မရပ်သ၍ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်သ၍ ဘယ်လိုမှ တိုင်းပြည်အေးချမ်းမှူရရှိမှာမဟုတ်ဘူး. လက်ရှိအစိုးရအနေနဲ့ ဒီကိစ္စကို လုံးဝပြစ်ပယ်လို့မရသလို အစိုးရသစ်လက်ထက်မှာလည်း ဘယ်လိုမှ ပြစ်ပယ်လို့ မရဘူးလို့ မြင်တယ်"

Credit - Mizzima News

No comments:

Post a Comment