ရှမ်းပြည်နယ်တောင်ပိုင်း
တောင်ကြီးမြို့ မှာ နိုင်ငံတော်အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မနဲ့
တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးတို့ကို ဒီနေ့
တောင်ကြီးခရိုင်တရားရုံးမှာ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။
အဲ့ဒီ ၂၀ ဦးထဲက ၁၂ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဒီကနေ့ တရားခံတွေ စတင်စစ်ဆေးခဲ့တာတွေကို ပြောပါတယ်။
"တရားခံတွေကိုစပြီးစစ်နေပြီ
ကျမတို့ခံစစ်ပေါ့၊ ဒီနေ့ကနေစပြီးစစ်နေပြီ၊ တနင်္လာကနေပြီးတော့ တနင်္လာ
ကြာသပတေးတိုင်း စစ်သွားမှာပေါ့၊ အဲ့ဒီတော့ တရားခံတွေကို စစ်ပြီးမှ
တရားခံတွေပြတဲ့သက်သေတွေကိုစ
စ်ရမှာ
သက်သေကတော့ ကျမလူ ၁၂ ယောက်မှာ အခုရေကြည့်လိုက်တာ ၉၈ ယောက်ရှိတယ်၊
အဲ့ဒီတော့ တစ်ယောက်ကို ၇ ယောက်သမားပါတယ်၊ ၁၀ ယောက်သမားပါတယ်ပေါ့"
သူတို့တွေဟာ ပြည်ပအစ္စလာမ်မစ် ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်တယ်ဆိုပြီး
ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ
ကျင်းပမယ့် အစ္စလာမ်ဘာသာဝင် ပလီဆရာတစ်ဦးရဲ့ မင်္ဂလာ ဆောင်ပွဲတစ်ခုကနေ စတင်
အဖမ်းခံထားရတာပါ။
ဒီကနေ့ တရားခွင်မှာ တရားခံ ၂၀ ဦးထဲက သတို့သား ပလီဆရာရဲ့ ဖခင် ဦးကောင်းရှင်တစ်ဦးကိုပဲ စတင်စစ် ဆေးခဲ့ပါတယ်။
ဒါ့အပြင် ရှေ့နေ ဒေါ်ခင်မိုးမိုးက သူလိုက်ပါဆောင်ရွက်ပေးနေတဲ့
၁၂ ဦးထဲက လက်ရှိအမှုနဲ့ လုံးဝ ပါဝင်သူ တွေ မဟုတ်ဘူးလို့ ယူဆရသူ ၇ ဦးကို
လွှတ်ပေးဖို့ ပြည်နယ်တရားရေးဌာနကို တင်ပြခဲ့ရာမှာ ပလပ်လိုက်တာကြောင့်
ပြည်ထောင်စုတရားလွှတ်တော်မှာ
တင်ပြလျှောက်ထားမယ်လို့လည်း
ပြောပါတယ်။
အဲ့ဒီအမှုရဲ့ ရုံးချိန်းကိုတော့ လာမယ့် ကြာသာပတေးနေ့မှာ ကျန်နေသေးတဲ့ တရားခံတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်
လို့ သိရပါတယ်။
Credit - RFA Burmese
No comments:
Post a Comment