မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၂၅)ကြိမ်မြောက်
အာဆီယံထိပ်သီးအ စည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများ ကို ယနေ့
စတင်ကျင်းပနေပြီဖြစ်ပြီး အာဆီယံမှ ခေါင်း ဆောင်များနှင့်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဘန်ကီမွန်း၊ အိန္ဒိယ၀န်ကြီးချုပ်
နရန်ဒရာမိုဒီတို့ နေပြည်တော်သို့ ရောက်ရှိနေပြီသည်။
အာဆီယံထိပ်သီးအစည်းအဝေး ပထမရက်ဖြစ် သည့် နိုဝင်ဘာ ၁၂ ရက်တွင် အာဆီယံ−အိန္ဒိယ ထိပ်သီး အစည်းအဝေးနှင့် အာဆီယံ−ရုရှား ထိပ်သီးအစည်း အဝေး၊
အာဆီယံ−သြစတြေးလျ၊ အာဆီယံ−ဂျပန်၊ မဲခေါင်−ဂျပန်ထိပ်သီး အစည်းအဝေးများကို မြန်မာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပနေပြီ ဖြစ်သည်။ ကနဦးအစည်းအဝေးများ ကိုတက်ရောက်ရန်
ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ အိန္ဒိယ ၀န်ကြီးချုပ်၊ ဗီယက်နမ်သမ္မတ၊ လာအိုသမ္မတ၊ အင်ဒိုနီးရှားသမ္မတ၊ စင်ကာပူဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်၊ မလေးရှားဝန်ကြီးချုပ်၊ ဘရူနိုင်းဘုရင်၊ ဖိလစ်ပိုင် သမ္မတနှင့်ကုလအထွေထွေအတွင်းရေးမှူး ချုပ် ဘန်ကီမွန်းတို့က နိုဝင်ဘာ ၁၁ ရက် ညကတည်းက စုံလင်စွာ ရောက်ရှိနေပြီဖြစ်ကြောင်း အာဆီယံရေးရာ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ယနေ့ကျင်းပမည့် ထိပ်သီး အစည်းအဝေးများအတွင်း သက် ဆိုင်ရာ နိုင်ငံများက အဆိုပြုထား သည့် ဆွေးနွေးစရာခေါင်းစဉ် များကို ထိပ်သီးအစည်းအဝေး မ တိုင်မီကတည်းက အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးတွင် အကြို ညှိနှိုင်းထားခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက် ညက ကျင်းပသော အာဆီယံစီးပွားရေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အာဆီယံ ဒေသတွင်း ဖွံ့ဖြိုးမှုကွာဟရေးနှင့် AEC ကို အပြည့်အ၀အထောက် အကူဖြစ်စေမည့် အားလုံးပါဝင် သည့် ပုံစံသစ်ကို ယနေ့ထိပ်သီး အစည်းအဝေးများတွင် အဓိက ထား ဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။
‘‘မနက်ဖြန်မှာ ဆွေးနွေးမှာ က ၂၀၁၅ AEC အပြည့်အ၀ အ ထောက်အကူဖြစ်စေမယ့်၊ အား လုံးပါဝင်မယ့် ဆက်သွယ်ပေါင်း စပ်ရေး ဖွံ့ဖြိုးမှုပုံစံသစ်ကို ယခု အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ် နှံမှု ထိပ်သီးအစည်းအဝေးမှာ အ ဓိကထား ဆွေးနွေးမှာဖြစ်တယ်။ အာဆီယံနိုင်ငံမှာ ဖွံ့ဖြိုးမှုကွာဟ ချက်တွေ၊ SME ဖွံ့ဖြိုးဖို့၊ ဆင်းရဲ မွဲတေမှုလျှော့ချဖို့ အာဆီယံနိုင်ငံ များကြား အဓိကထားပြီး ဆောင် ရွက်စေလိုပါတယ်’’ ဟု ၎င်းက ပြောသည်။
အာဆီယံ −အိန္ဒိယထိပ်သီးအစည်းအဝေး၊ အာဆီယံ−မဲခေါင်−ဂျပန်ထိပ်သီးအစည်းအဝေးနှစ်ခုက မြန်မာအတွက် အရေးကြီးကြောင်း နိုဝင်ဘာ ၁၁ ရက်က MICC တွင် ကျင်းပနေသည့် အာဆီယံစီးပွားရေးထိပ်သီးအစည်းအဝေး တက်ရောက်သူများက သုံးသပ်ကြသည်။
‘‘အိန္ဒိယကတော့ မြန်မာ ပြည်က အာဆီယံရဲ့ ဂိတ်ဝေးဖြစ် နေတယ်။ အဲဒီပရောဂျက် (ASEAN Highway) ကို လုပ်ချင်ပုံရတယ်။ ၀န်ကြီးချုပ်မိုဒီက စီးပွားရေးတက် လာဖို့ စိတ်အားထက်သန်တယ်။ အာဆီယံနဲ့ မပေါင်းလို့မရဘူး။ စီးပွားရေးဆက်သွယ်ရေးကို သူ အဓိကဆွေးနွေးလိမ့်မယ်’’ ဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌ ဦးသန်း လွင်က ပြောကြားသည်။
‘‘တရုတ်နဲ့က စီးပွားရေးနဲ့ ပတ်သက်လို့ အာရှအခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (AIIB)ကိစ္စကို ဆွေးနွေးလိမ့်မယ်။ ဒီဘဏ်မှာ တရုတ်က အရှေ့အ လယ်ပိုင်းကို ဆွဲဆောင်ထားတယ်။ အာဆီယံကို ပါဝင်စေလိုတယ်’’ ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက် အောင်က ပြောကြားသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးအ စည်းအဝေးနှင့် အာဆီယံအ ပေါင်းသုံး အစည်းအဝေးများအ တွက် သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ အမေရိကန်သမ္မ တ အိုဘားမား၊ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးအပါအ ၀င် ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တရုတ် နိုင်ငံမှ အကြီးအကဲများ နိုဝင်ဘာ ၁၂ ရက် (ယနေ့)တွင် အသီးသီး ရောက်ရှိကြမည်ဖြစ်သည်။
ထိပ်သီးအစည်းအဝေးများ တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင် အများစုမှာ တရုတ်နိုင်ငံ ဘေဂျင်းတွင် ပြုလုပ်နေသည့် အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံမှနေ၍ နေပြည်တော်သို့ တိုက်ရိုက်လာရောက်ကြခြင်းဖြစ်သည်။ ၎င်းတို့ မှာ အမေရိကန်သမ္မတဘားရက်အိုဘားမား၊ ဂျပန်ဝန်ကြီးချုပ် ရှင် ဇိုအာဘေး၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ စင်ကာ ပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အကွီနို (၃) တို့ဖြစ်သည်။
၂၀၁၅ အလွန်ကာလ အာဆီ ယံအသိုက်အ၀န်း၏ အနာဂတ်ဦး တည်ချက်များနှင့် ပတ်သက်၍ နက်နက်နဲနဲ ဆွေးနွေးမှုများ ပြု လုပ်ကြရန် ရှိသည်ဟု နိုဝင်ဘာ ၁၂ ရက်စွဲနှင့် အာဆီယံသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ဤထိပ်သီးအစည်းအဝေး မှနေ၍ အာဆီယံ အသိုက်အ၀န်း ၏ ၂၀၁၅ အလွန် vision အ တွက် နေပြည်တော်ကြေညာချက် ကို အတည်ပြုရန် မျှော်လင့်ထား ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် ခေါင်းဆောင်များ က ရာသီဥတုပြောင်းလဲမှုအပေါ် အာဆီယံ ပူးတွဲကြေညာချက် (၂၀၁၄)ကိုလည်း အတည်ပြုမည် ဖြစ်သည်။
ဘုံအကျိုးစီးပွားနှင့် သက်ဆိုင် သည့် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများသည် အစည်းအ ဝေးအစီအစဉ်၏ ထိပ်ပိုင်းတွင် နေရာယူလိမ့်မည်ဟု အာဆီယံ သတင်းထုတ်ပြန်ချက်က ဆို သည်။ အထူးသဖြင့် တောင်တ ရုတ်ပင်လယ်အရေးကဲ့သို့သော ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ် သိသိသာသာ သက်ရောက်သည့် အရေးကိစ္စ မျိုးကို ဆွေးနွေးကြမည်ဖြစ်သည်။
ကမ္ဘောဒီးယား ဟားရဲလဲဒ် ၏ ဖော်ပြချက်အရ ကိုရီးယားကျွန်းဆွယ်အရေး၊ အီရတ်နှင့် ဆီးရီးယားမှ IS အရေး၊ ယူကရိန်းပဋိပက္ခနှင့် လတ်တလောဖြစ်ပွားနေသည့် အီဘိုလာအရေးကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို နေပြည်တော် ထိပ်သီးအစည်းအ ဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ပြောသည်။
နိုင်ငံတကာလေ့လာသူများ စိတ်ဝင်စားနေသည့် အချက်မှာ အမေရိကန်သမ္မတ အိုဘားမားထိပ်သီးအ စည်းအဝေးများတွင် မည်သည့် သတင်းစကားပါက မည်သို့ စွမ်း ဆောင်ပြမလဲဆိုသော အချက် ဖြစ်သည်။
၁။ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ
၂။ အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာန တည်ထောင်ခြင်းအခမ်းအနား
၃။ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေး
၎။ (၁၂) ကြိမ်မြောက် အာဆီယံ-အိန္ဒိယအစည်းအဝေး
၅။ (၁၇) ကြိမ်မြောက် အာဆီယံ-ဂျပန်အစည်းအဝေး
၆။ (၆) ကြိမ်မြောက် အာဆီယံ-ကုလအစည်းအဝေး
၇။ အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲ
၈။ (၆) ကြိမ်မြောက် မဲခေါင်- ဂျပန်အစည်းအဝေး
၉။ သမ္မတ၏ ညစာစားပွဲ
၂။ (၂) ကြိမ်မြောက် အာဆီယံ-အမေရိကန် အစည်းအဝေး
၃။ (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် အစည်းအဝေး
၎။ (၁၇) ကြိမ်မြောက် အာဆီယံအပေါင်းသုံးနိုင်ငံဆွေးနွေးပွဲ
၅။ အာဆီယံခေါင်းဆောင်များနှင့်အာဆီယံစီးပွားရေးအကြံပေးကောင်စီ ဆွေးနွေးပွဲ
၆။အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ပွဲ
၇။အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ

ထိပ်သီးအစည်းအဝေးများ အစီအစဉ်
၁၂.၁၁.၂၀၁၄ (ပထမနေ့)
၁။ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ၂။ အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာန တည်ထောင်ခြင်းအခမ်းအနား
၃။ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေး
၎။ (၁၂) ကြိမ်မြောက် အာဆီယံ-အိန္ဒိယအစည်းအဝေး
၅။ (၁၇) ကြိမ်မြောက် အာဆီယံ-ဂျပန်အစည်းအဝေး
၆။ (၆) ကြိမ်မြောက် အာဆီယံ-ကုလအစည်းအဝေး
၇။ အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲ
၈။ (၆) ကြိမ်မြောက် မဲခေါင်- ဂျပန်အစည်းအဝေး
၉။ သမ္မတ၏ ညစာစားပွဲ
၁၃.၁၁.၂၀၁၄ (ဒုတိယနေ့)
၁။ (၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး၂။ (၂) ကြိမ်မြောက် အာဆီယံ-အမေရိကန် အစည်းအဝေး
၃။ (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် အစည်းအဝေး
၎။ (၁၇) ကြိမ်မြောက် အာဆီယံအပေါင်းသုံးနိုင်ငံဆွေးနွေးပွဲ
၅။ အာဆီယံခေါင်းဆောင်များနှင့်အာဆီယံစီးပွားရေးအကြံပေးကောင်စီ ဆွေးနွေးပွဲ
၆။အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ပွဲ
၇။အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ
Credit - 7DAY DAILY
No comments:
Post a Comment