Tuesday, November 11, 2014

ဦးအောင်သောင်းအား အမည်ပျက် စာရင်းသွင်းခြင်းကို ပြည်ထောင်စု လွှတ်တော် ရှုတ်ချ

အမေရိကန်နိုင်ငံ က ဦးအောင်သောင်းအား ပိတ်ဆို့ မှု၊ အရေးယူမှုအပေါ် ပြည်ထောင် စု လွှတ်တော်က အမေရိကန် အစိုးရကို ကန့်ကွက်ရှုတ်ချ ကြောင်း ကြေညာချက်ထုတ်ပြန် သည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်သောင်း အားထိုကဲ့သို့အရေးယူပိတ်ဆို့ ခြင်းသည် လွှတ်တော်နှင့်လွှတ် တော်ရှိ ရေးရာကော်မတီများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အပြင် တိုးတက်စပြုနေသည့် အမေရိကန်-မြန်မာ ဆက်ဆံရေးကိုပါ ထိခိုက်စေသဖြင့် ကန့်ကွက် ကြောင်းနှင့် ၎င်းဖြစ်ရပ်ပေါ်ပေါက် လာစေရန် ဖန်တီးလုပ်ကိုင်မှုများ ကို ရှုတ်ချကြောင်း  အဆိုတင်
သွင်းမှုအပေါ် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုခဲ့ပြီး အဆိုပါကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

‘‘ပုဂ္ဂိုလ်ရေးတော့ နည်းနည်း တော့မဆန်တာပေါ့နော်။ လွှတ် တော်ထဲထက်အပြင်မှာရှင်းရင် ပိုကောင်းတာပေါ့။ ဒီကိစ္စဟာ ထောက်ခံလို့လည်း မကောင်း၊ ကန့်ကွက်လို့လည်း မကောင်း ပေါ့။ ပြည်သူတွေအနေနဲ့ကလည်း လွှတ်တော်ကို အထင်လွဲသွားနိုင်တယ်။
ဦးအောင်သောင်းကလည်း သူ့ပိုင်ဆိုင်မှုတွေကို ပွင့်လင်းမြင်သာစွာ အစစ်ဆေးခံနိုင်တဲ့အနေအထားမရှိတော့ ပြည်သူလူထုကလည်း ဒီကိစ္စကို သိပ်ဘဝင်ကျမှာမဟုတ်ဘူး’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။

ယခုလ ၁၀ ရက် နံနက်တွင် ပြုလုပ်သော ပြည်သူ့လွှတ် တော် အစည်းအဝေး၌ ပြည်ခိုင် ဖြိုးပါတီမှ လွှတ်တော်ကိုယ်စား လှယ် ဦးတင်မောင်ဝင်းက အထက်ပါအဆိုကိုတင်သွင်းရာ ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့ပြီး မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော် အစည်းအဝေး၌ သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းကပင် ယင်းအဆိုကိုထပ်မံတင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် မည်သူ့ကိုမျှ အကျိုးပြုနိုင်ခြင်းမရှိဘဲ ထိုကဲ့သို့ပိတ်ဆို့မှုသည် မိမိတို့နိုင်ငံအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမေရိကန်နိုင်ငံမှ ယင်းကဲ့သို့ ပိတ်ဆို့ခြင်းနှင့်ပတ်သက်၍ ‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့လုပ်ပြီးမှ အန်တီတို့သိတယ်။ လုံးဝအန်တီနဲ့ တိုင်ပင်ပြီးလုပ်တာလည်းမဟုတ် ဘူး။ ဒါက NLD နဲ့လုံးဝမဆိုင်ဘူး။ ဒီလိုဟာမျိုးတွေဟာ ရှေ့မှာဆက် ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးသွားဖို့ လုပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာတွေကို အန်တီတို့ က သိပ်ပြီးစိတ်မပါဘူး။ ဒါဟာ ဘယ်သူ့ကိုမှအကျိုးမပြုဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဦးအောင်သောင်းသည် လူ့  အခွင့်အရေး ချိုးဖောက်ခြင်း၊ လက်ရှိမြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေးများကို နှေးကွေးအောင် ဟန့် တားခြင်း၊ လူထုအတွင်းအကျင့် ပျက်ခြစားမှုတွင် ပါဝင်ပတ်သက် နေခြင်းဟူသော အကြောင်းပြ ချက်များဖြင့် အမေရိကန် ဘဏ္ဍာ ရေးဝန်ကြီးဌာနက တားမြစ်ပိတ်ဆို့သည့်စာရင်းတွင် ထည့်သွင်းထားကြောင်း ယခုလ ၃ ရက်က မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
 
Credit - 7DAY DAILY

No comments:

Post a Comment