ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရော်ဘာတင်ပို့မှုထပ်မံကျဆင်းသွားကြောင်း
စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်သည်။ တစ်နှစ်လုံး အတိုင်းအတာဖြင့်ရော်ဘာ
တင်ပို့မှု တန်ချိန် ခုနစ်သောင်း ၀န်းကျင်သာ ရှိခဲ့ခြင်းကြောင့် ယခင်နှစ်
တင်ပို့မှုအောက် တန်ချိန် တစ်သောင်း သုံးထောင်ဝန်းကျင် ကျဆင်းလာ သည်ဟုလည်း
အဆိုပါ ဝန်ကြီးဌာနစာရင်းများ တွင်ဖော်ပြသည်။

တစ်နိုင်တစ်ပိုင် ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ
မြန်မာနိုင်ငံရောဘာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က “ဈေးမရတော့ တင်ပို့မှုလည်း ကျလာတာပေါ့။ အရင်နှစ်က တန်ချိန် ၈၃,၀၀၀လောက်ရှိ ခဲ့တာ၊ ဒီနှစ်မှာ တန်ချိန် ၇၀,၀၀၀ ကျော်ကျော် လေးပဲရှိတယ်။ ဈေးမရရင်တော့ တင်ပို့မှုက ပြန်ကောင်းလာမယ်လို့တော့ မမြင်ဘူး”ဟု ဆိုသည်။
လက်ရှိ နှစ်ကုန်ချိန်အထိ ပြည်တွင်းရော်ဘာ R3 တစ်တန်လျှင် ကန်ဒေါ်လာ ၁,၂၀၀ ဝန်းကျင်အထိ ကျဆင်းနေသည်ဟုလည်း အဆိုပါအသင်းက ရှင်းပြသည်။
နိုင်ငံတကာဈေးနှုန်းအောက် ကန်ဒေါ်လာ ၄၀၀ ဝန်းကျင် ကျဆင်းနေ သည့်မြန်မာ့ရော်ဘာ လုပ်ငန်း တိုးတက်ရေး အတွက်နိုင်ငံတကာရော်ဘာ စိုက်ပျိုး သည့်နိုင်ငံ များမှ နည်းပညာ အကူအညီများနှင့် စိုက်ပျိုးရေး စီမံခန့်ခွဲနည်းများ ရယူလုပ်ဆောင်သည်ဟုလည်း အဆိုပါ အသင်း ကပြောသည်။
ဦးခိုင်မြင့်က “ရတဲ့ အကူအညီတွေတော့ ယူနေတာပဲ။ ဂျပန်၊ နော်ဝေ၊ ဆွစ်ဇလန်က ရော်ဘာစိုက်ခင်း တွေကို ဘယ်လိုစီမံခန့်ခွဲလုပ်ကိုင်ရတဲ့ စနစ်တွေ ကိုယူ တယ်။ ရော်ဘာစိုက်ပျိုးတဲ့ နိုင်ငံ ၁၈ ခုက နည်းပညာ တွေရယူတယ်။ ကိုယ့်အစိုးရဆီကတော့ ဘာမှကို မရသေးတာ”ဟု ဆိုသည်။
ပြည်တွင်းရော်ဘာသုံး စွဲမှုတွင်လည်း စက်မှုကုန်ကြမ်းနှင့် ကားတာယာ ထုတ်လုပ်သည့် စက်ရုံသည် ပုဂ္ဂလိကနှင့် အစိုးရ လုပ်ငန်းပေါင်း မှလေးရုံ ဝန်းကျင်သာ ရှိနေခြင်းကြောင့် ရော်ဘာဈေးကွက်မှာ နိုင်ငံတကာကိုသာ ဦးတည်နေရသည်ဟုလည်း လုပ်ငန်းရှင်များက ရှင်းပြသည်။
လက်ရှိရော်ဘာထွက်ကုန် ၉၀ ရာခိုင်နှုန်းအား တရုတ်နိုင်ငံသို့သာ တင်ပို့နေရခြင်းဖြစ် သည်။မြန်မာ့ရော်ဘာ မှာဈေးကွက် အလားအလာ ရှိနေပြီးပြည်တွင်း ရာ သီဥတု အခြေအနေမှာလည်း ရော်ဘာအကြိုက် ရာသီမျိုး ဖြစ်သော်လည်း စိုက်ပျိုးသူများမှာ မျိုးကောင်း သည့်ရော်ဘာပျိုးပင် ခက်ခဲနေခြင်း ၊ရော်ဘာ ကုန် ကြမ်း ထုတ်ယူမှုအပိုင်းတွင် ခေတ်မီစွာ မလုပ်ကိုင်နိုင်ခြင်းတို့ကြောင့် နိုင်ငံတကာရော် ဘာဈေးအောက်ရောက်နေသည် ဟုလည်းရော်ဘာ လုပ်ငန်းရှင် များ ကပြောသည်။
Credit - Mizzima News
No comments:
Post a Comment