မြန်မာ လူမျိုးများ အတွက်မြန်မာနှစ်ဆန်း တစ်ရက်သည် အရေးကြီးသည့် အဓိပ္ပာယ်ဆောင်ပါ သည်။နှစ်ဟောင်းများ မကောင်းသည့် အညစ်အကြေး များကို သင်္ကြန်ရေဖြင့် ပက်ဖျန်းဆေးကြော ပြီးနှစ်သစ်သို့ ကူးကြရ မည်ဟူသည့် အခြေခံ သဘော တရားအပေါ် မူတည်ပြီး စဉ်းစားပါ ကဆေးကြောရ မည့် အညစ် အကြေး များက များလွန်းနေ သည်ဟု ဆိုရ ပါမည်။
ယခုပင် ကြည့်ပါ။ ယခုရက်ပိုင်းအတွင်း လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးဖြစ်သူက ခြောက်ပွင့်ဆိုင် စမည်မှာ သေချာပြီဟု ဆိုသည်နှင့် တစ်ချိန်တည်းလေးဆယ့် ရှစ်ပွင့် ဆိုင်ကကမန်းကတန်း ဝင်ခုလိုက် သည်။လေးဆယ့်ရှစ်ပွင့်ဆိုင် တက်ရောက်လာသူအချို့ကို နိုင်ငံရေး ကစားကွက်အရ အချို့ကိုဖေါ့ပြီး အချို့ကိုမူ အလေးတင်း လျက်ဖေါ်ပြ ခဲ့သည်။
ထုံးစံအတိုင်း ဘာတွေဆိုင်ကြ ဘာတွေပြောကြ ဆိုသည်ကိုမူ တိုင်းပြည်က အရိပ်အယောင်မျှပင် မသိရ။ တစ်ခါသက်ဆိုင်ရာက ထုတ်ပြန်ခဲ့ သည်ရှိ လျှင်လည်း တိုင်းပြည်လူ ထုက မယုံကြည်။ ခက်တော့လည်း ခက်သည်။
အရုပ်ဆိုးဆုံး ကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင် ခဲ့ပြီဟူသော စကားအပေါ်ငြင်းကြ ခုန်ကြရသည့် ကိစ္စဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင် တချို့ကမူ ဤသတင်းကို ကန့်ကွက် ကြသည်။ ကန့်ကွက်သည် ဆိုသည်ထက် ရှင်းလင်းချက်တွေ ဆက်တိုက် လုပ်ကြရသည်။
အစိုးရဘက်ကမူသမိုင်းတွင် တစ်ခါဖူးမျှအောင်မြင်အောင် မဆောင်ရွက်ဖူးသေးသည့် မဟာငြိမ်းချမ်းရေးအောင်မြင်မှု အဖြစ်လည်းကောင်း၊ တာဝန်ရှိသူများကို ငြိမ်းချမ်းရေး တမန်တော်များ အဖြစ်လည်းကောင်း တင်စားချီးမွမ်းသည့် စကားများပြောခဲ့သည်။
တိုင်းရင်းသား များကမူ လက်ရှိ သဘော တူညီချက်မှာ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး မူကြမ်းအပေါ် သဘောတူခြင်း သာဖြစ်ပြီး လက်တွေ့ အကောင် အထည်ဖော်ဖို့ရန်နောက်တဆင့် ဆက်လက်ဆွေးနွေးကြရဦးမည် ဖြစ်သဖြင့် အစိုးရကကြေညာသလို မဟုတ်သေးကြောင်းနောက်က လိုက်ရှင်းနေ ကြရသည်။ သူတို့ အချင်းချင်း ကြားတွင်လည်း ရှုပ်ကုန်ကြရ ရှင်းကြရသည်။
တစ်ခါလက်ပံတန်းကျောင်းသား လှုပ်ရှားမှုနောက် ဆက်တွဲ သတင်းများက မကောင်းလှ ပါ။ကျောင်းသား များကို တစ်ဦးချင်းစီ လိုက်လံ ဖမ်းဆီး တရားစွဲဆို ရုံး တင်နေဆဲဖြစ်သည်။ အကြမ်းဖက် ဖြိုခွဲစဉ်က တရား လက်မဲ့ပြုမူဆောင် ရွက်ခဲ့ကြ သည်ဟု တိုင်းပြည်က မျက်မြင် ယုံကြည် ထားသည့် အချက်ကိုမူ သက်ဆိုင် ရာက မည်သို့မျှပြန် လည်ဖြေ ရှင်းဆောင်ရွက်ပေးခြင်း မရှိသေး။
စစ်အစိုးရ လက်ထက်ကဒီပဲယင်း အရေးအခင်းတွင်သဘောထားမတိုက်ဆိုင်သည့် လူအုပ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းသာဖြစ်သည့် အဓိပ္ပာယ်မျိုး ထုတ်ပြန် ခဲ့ရုံမက ခံရသည့် ဘက်ကိုပင် ထပ်မံအရေး ယူထောင်ချလုပ် ခဲ့သလို ယခု လက်ပံတန်း အရေးအခင်း တွင်လည်းသည် အတိုင်းဖြစ်နေသည်ဟု ယူဆသူများ လည်း ရှိနေပြန်သည်။
အကြီးမားဆုံးနှင့် မည်သို့မျှဖြေလျှော့ခြင်းငှာ မစွမ်းနိုင်သည့် အချက်မှာလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုများ ကိစ္စဖြစ်သည်။ ဖွဲ့စည်းပုံပြင် ဆင်ရေး ကို စတင် အသံထွက်ခဲ့သည် က လက်ရှိအာဏာရ ပါတီပင်ဖြစ်သည်။ သို့သော် အရေးပါသည့် ဖွဲ့စည်းပုံပြင်ဆင်ချက်များက တစ်ခုမျှ မဆောင်ရွက်နိုင်သေး။ အထူးသဖြင့် ဒီမိုကရေစီသို့ ဦးတည်သည့် ဖွဲ့စည်းပုံပြင်ဆင်မှုများ တစ်ချက်မျှ ပင် မပြင်ဆင်နိုင်သေး။
တိုင်းပြည်တွင် လွှတ်တော်ကြီး ရှိနေသည့်တိုင် အစိုးရအဖွဲ့ကြီး ရှိနေသည့်တိုင် တရားရုံးချုပ် ကြီး ရှိနေသည့်တိုင် ကာလုံဟုခေါ်သော အဖွဲ့တစ်ခုက အားလုံး ထက်ပိုပြီး ခေါင်းတစ်လုံးပိုမြင့်သည့် နေရာတွင် ရှိနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ရှုပ်ထွေးမှုကြီးကို အရိပ်အယောင်မျှပင် မပြင်ဆင် မရှင်းလင်းနိုင်သေး။
သည်လို အရှုပ်အထွေး သည်လို အညစ်အကြေးများ ကိုနှစ်ကူးသင်္ကြန်ရေလောက်နှင့်ပြောင်အောင်ဆေးနိုင်ကြမည် မထင်ချေ။ သို့သော်ဆေးကြော ကြရမည့် သမိုင်းပေးတာဝန်ကတော့ ပြည်သူတို့ ပခုံးပေါ် ရှိမြဲရှိနေမည် ဖြစ်သည်။ မိမိတို့ပြည်သူများ သင်္ကြန်ရေအေးဖြင့် တိုင်းပြည် ရင်ဆိုင်နေ ရသောနိုင်ငံရေး အရှုပ် အထွေး အညစ်အကြေးများ ကိုဆေးကြောနိုင် ပါစေကြောင်း တိုက်တွန်း ဆုတောင်းပါသည်။
Credit - Mizzima News
No comments:
Post a Comment