Wednesday, April 8, 2015

အစိုးရအစီအစဉ်ဖြင့် ငြိမ်းချမ်းရေးထောက်ခံပွဲများ ပြုလုပ်ခြင်း ဒေသခံအချို့ဝေဖန်

ဧပြီ ၆ ရက်က အပစ်ရပ်စာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်ခြင်းအပေါ် တောင်ကြီးမြို့ဒေသခံအချို့က ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)


  ငြိမ်းချမ်းရေးထောက်ခံပွဲ များကို အစိုးရအစီအစဉ်ဖြင့် ပြု လုပ်နေခြင်းအပေါ် ဒေသခံအဖွဲ့ အစည်းအချို့က ဝေဖန်ပြောကြား လိုက်သည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်စာ ချုပ် (NCA)အတည်ပြု မူကြမ်းကို  ပဏာမအဆင့် သဘောတူညီ ကြောင်း လက်မှတ်ရေးထိုးနိုင်ခဲ့ သည့်အတွက် ထောက်ခံပွဲများကို အစိုးရအစီအစဉ်ဖြင့် ဒေသအနှံ့ တွင် ပြုလုပ်နေခြင်းဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နှစ်ကျော်အကြာ ဆွေးနွေးနေ သော NCA ကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က နိုင်ငံတော်သမ္မတ ရှေ့မှောက်တွင် ပဏာမအဆင့် သဘောတူညီကြောင်း လက်မှတ် ရေးထိုးခဲ့သည်။

 ယင်းနောက်တွင် ငြိမ်းချမ်း ရေးထောက်ခံပွဲများကို မွန်ပြည် နယ် မုဒုံ၊ သထုံ၊ ကျိုက်မရောမြို့ နှင့် ရှမ်းပြည်နယ် လားရှိုး၊ ကျောက်မဲ၊ လင်းခေးစသည့် မြို့ များတွင် ဆက်တိုက်ပြုလုပ်ခဲ့ သည်။ ဧပြီ ၆ ရက်ကလည်း ရှမ်း ပြည်နယ် နမ့်ခမ်းမြို့နှင့် မူဆယ် မြို့များတွင် ထောက်ခံပွဲများ ဆက်လက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ် တိုး တက်မှုကို ကြိုဆိုသော်လည်း ယင်းထောက်ခံပွဲများမှာ အစိုးရ အစီအစဉ်ဖြင့် ပြုလုပ်နေခြင်း ထက် လူထုဆန္ဒအစစ်အမှန်ဖြင့် သာ ပြုလုပ်သင့်ကြောင်း ဒေသခံ အချို့က ဝေဖန်ပြောဆိုခဲ့သည်။

‘‘မြို့နယ်အုပ်ချုပ်ရေးမှူးက နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ က တစ်ဆင့်ဘယ်နှယောက် ပါရ မယ်ဆိုတာ ခေါ်ချင်တယ်လို့ သိရ တယ်’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း ပါတီ) နမ့်ခမ်းမြို့နယ် ဒု ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဦးကပြောသည်။

ဦးစိုင်းမြင့်ဦးက ဆက်လက် ၍ ‘‘အရင်မဆလလက်ထက် အုပ် ချုပ်ဟန်နဲ့ တစ်ထေရာတည်းပဲ အမှန်တကယ် ဒါမျိုးဆိုတာ လူထု ရဲ့ ဆန္ဒနဲ့ပဲ လုပ်သင့်တာ’’ဟု ဆို သည်။

နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးတိုး တက်ရေး အထောက်အကူပြု ကော်မတီမှ ဦးစိုင်းအောင်ဝင်းက ထောက်ခံပွဲများနှင့် ပတ်သက်၍ ၎င်းတို့ကို အသိပေးအကြောင်း ကြားထားခြင်းမရှိကြောင်းပြော သည်။

ထောက်ခံပွဲများနှင့် ပတ် သက်၍ မူဆယ်မြို့နယ်မှ လူမှုရေးဆောင်ရွက်နေသူ ဒေသခံတစ် ဦးက ‘‘ကျွန်တော်တို့ အပိုင်းကျ တော့ မကြိုက်ဘူးပေါ့ဗျာ။ ကိုယ့် ဆန္ဒမပါဘဲ အမှန်တရားဆိုတာ မရနိုင်ဘူး’’ဟု မှတ်ချက်ပြုသည်။

NCA မှာ ပဏာမအဆင့် သဘောတူညီကြောင်း လက်မှတ် ရေးထိုးထားခြင်းဖြစ်သည်။ အပြီး သတ် လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ထိပ်သီး ညီ လာခံကို မေလတွင် ခေါ်ယူဆွေး နွေးမည်ဖြစ်သည်။ ယင်းထိပ်သီး ညီလာခံက NCA(အတည်ပြုမူ ကြမ်း)ကို သဘောတူညီမှုရရှိမှ သာ အပြီးသတ်လက်မှတ်ရေး ထိုးရန် အစိုးရနှင့် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်ကမူ NCAအပြီးသတ်လက်မှတ်ရေးထိုးနိုင် ရန် ဧပြီလအတွင်း ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ပြော ကြားထားသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့ နယ်တွင်လည်း လူထုကြိုဆို ထောက်ခံပွဲကို ဧပြီ ၆ ရက်က ပြု လုပ်ခဲ့ပြီး အမျိုးသားရေးဆရာ တော်ဟု လူသိများသည့် ဦးဝီရသူ က ငြိမ်းချမ်းရေးသြ၀ါဒချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။

မုဒုံမြို့နယ် ထောက်ခံပွဲကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သော ဦးထိန်ဝင်းက NCA လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းကို ထောက်ခံပြီး ယင်းမူကြမ်းကို စာချုပ်အဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း 7Day Daily အား ပြောကြား သည်။

Credit - 7DAY DAILY

No comments:

Post a Comment