Thursday, April 9, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ရိုးတစ်လျှောက်တွင် တရားမဝင်သစ်တန်ချိန် ၁၀၀၀ကျော် ဖမ်းဆီးရမိ

ရွှေလီမြစ်ရိုးမြောက် ဘက်ခြမ်းနှင့်တောင် ဘက်ခြမ်း တစ်လျှောက်တွင် တရားမဝင် သစ်ရှာဖွေ ဖမ်းဆီးရေး လုပ်ငန်း များဆောင် ရွက်ခဲ့ရာ သစ်မျိုးစုံ တန်ချိန် ၁,၀၂၃ တန် ဖမ်းဆီး ရရှိခဲ့သည်ဟု သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

jvhsgoigiegeri
မြန်မာနိုင်ငံအလယ်ပိုင်းရှိ တစ်နိုင်တစ်ပိုင် သစ်ထုတ်လုပ်ရေးစခန်းတစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)



ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် မိုးမိတ် အခြေချ စစ်ဗျုဟာမှ တာဝန်ရှိ သူများ ပါဝင် သည့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက်မှ ၄ ရက်အထိ ရှမ်းပြည် နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်နှင့် မဘိန်းမြို့နယ်များတွင် တရားမဝင်သစ် ရှာဖွေဖမ်းဆီး ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တရားမဝင် သစ်လုံးခွဲသား စုစုပေါင်းတန်ချိန် ၁,၀၂၃တန် ဖမ်းဆီးရမိခဲ့ပြီး ချိန်း ဆောစက်လွှ ၁၄ လက်တို့ကို ဖမ်းဆီးရမိခဲ့သည်။

မိုးမိတ်မြို့နယ်နှင့် မဘိန်းမြို့နယ်အတွင်းရှိ ရွှေလီမြစ်ရိုး မြောက်ဘက်နှင့် တောင်ဘက်ခြမ်းတစ် လျှောက်တွင် တရားမဝင် ကျွန်း၊ ပိတောက်၊ တမလန်းနှင့် အင် ကြင်း သစ်လုံး၊ သစ်ခွဲသား စုစုပေါင်း ၃,၂၉၇ လုံး၊ တန်ချိန် ၈၂၆ ဒသမ ၁ နှင့် ချိန်းဆော ၁၄ လက်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မဘိန်းမြို့နယ်၊ လ၀ါကျေးရွာအနီး ဆူးပုတ်ကြိုးဝိုင်းအတွင်းရှိ တောင်စောင်းနယ်မြေတစ် လျှောက်တွင် တရားမဝင်သစ်များကို ရှာဖွေဖမ်းဆီးရာ ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်လုံးနှင့် ခွဲသား စုစု ပေါင်း ၁,၀၀၃ လုံး၊ ၁၉၇ တန်ခန့်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသများမှ သစ်များကိုတရုတ်သို့ တရားမဝင် တင်ပို့မှုများပြားလျက်ရှိပြီး အဆိုပါဒေသများတွင် ပွင့်လင်း ရာသီရောက် ချိန်၌ ရှောင်ကွင်းလမ်းကြောင်းများ အသုံးပြုကာ တရား မဝင် သစ်များ သယ်ဆောင်မှု များပြားနေသည်ဟုလည်း တရားမဝင် ကုန်ပစ္စည်းများ တားဆီးရေးရွေ့ လျားအဖွဲ့ Mobile Team မှ တာဝန် ရှိသူများ ကပြောဆို ထားသည်။

ယခုနှစ်နှစ် ဆန်းပိုင်း တွင်လည်း ကချင်ပြည်နယ်ရှိ နယ်မြေခံ  အာဏာပိုင်  အဖွဲ့  အစည်းများက နယ်မြေ ရှင်းလင်းရေးဆောင်  ရွက်စဉ်တွင်  သစ်မျိုး  စုံအလုံး ၅၀၀ကျော်နှင့် သစ်ခိုးထုတ်ယာဉ် အစီး ၄၀၀ကျော် တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး သစ်ခိုးထုတ်မှုတွင် ပါဝင်သည့် တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဆီး ရမိခဲ့ သည်။

Credit - Mizzima News

No comments:

Post a Comment