Thursday, April 9, 2015

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သမိုင်းဝင် ဆင်မြတ်ရှင် ဘုရားအမည်ဖြင့် အလှူခံများ တွေ့ရှိကြပါက အရေးယူပေးပါရန် – ပေးစာ

 အထက်အကြောင်းအရာပါအရ ပတ်သက်၍ ပုလဲမြို့သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ဂေါပကအဖွဲ့သည် ကုသိုလ်ရှင်များ သိရှိရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ သမိုင်းဝင် ဆင်မြတ်ရှင် ဘုရားအတွက် အခြားသော မြို့နယ် အရပ်ရပ် ဒေသများသို့ ယခင်နှစ်များကလည်း အလှူခံ မထွက်ခဲ့ကြပါ။ လာမည့် နှစ်များတွင်လည်း အလှူခံ မထွက်ပါကြောင်း သိစေအပ်ပါသည်။

ယင်းကဲ့သို့ ကြေညာပြီးခဲ့သော်လည်း ဆက်သွယ် မေးမြန်း လာကြသည်ကို ထပ်မံသိရှိကြား သိလာရသဖြင့် အတုအယောင်များ ထပ်မံမဖြစ်ပေါ်စေရန် ရည်ရွယ်လျှက် ပုလဲမြို့၊ သမိုင်းဝင်
ဆင်မြတ်ရှင်ဘုရားအမည်ဖြင့် အလှူခံများ ဒေသအလိုက် တွေ့ရှိကြပါက တာဝန်သိ အများပြည်သူတို့က လုံးဝလက်မခံဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးကြပါရန်နှင့် တာဝန်ရှိသူများကလည်း တွေ့ရှိခြင်း၊ သတင်းရခြင်း ဖြစ်ပေါ် လာပါက ဥပဒေအရ ထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာ တိုင်ကြားအပ်ပါသည်။

ဂေါပကအဖွဲ့

ဦးခင်မောင်သန်း (အတွင်းရေးမှူး)


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment