Written by
မျိုးသာထက်
သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းလေးနှစ်ပြည့် သည့်နေ့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များကြား တစ်နိုင်ငံ လုံးအပစ်ရပ် စာချုပ်မူကြမ်း အ တည်ပြု လက်မှတ်ရေး ထိုးကြသည်။ ငြိမ်းချမ်းရေးလိုလားသော ပြည်သူများမှာ ၀မ်းသာကြသည်။ စစ်သားများက ငြိမ်းချမ်းရေးကို အလိုလား ဆုံးဟုပြောဆို မှု များကို ကြားရတတ်သော်လည်း တကယ်တမ်း ဒုက္ခများကြသည်မှာ လက်နက်မဲ့ပြည်သူများသာဖြစ်သည်။ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ် အိုများမှာ စစ်၏ဆိုးကျိုးကို အဆိုးရွားဆုံး ခံစားရသူများဖြစ်သည်။
မကြာသေးမီကပင် သမ္မတဦးသိန်းစိန်အစိုးရသည် အမျိုးသား ပညာရေး ဥပဒေ ကိုပြင်ဆင်လိုသည့် သပိတ်မှောက်ကျောင်း သားများကိုအကြမ်း ဖက်နှိမ် နင်းခဲ့ သည်။သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တချို့မှာ ပုဒ်မများစွာ၊ အမှုများစွာဖြင့်တရားစွဲဆိုခံထားရသည်။ ချုပ်နှောင်ခံထားရသည်။အစိုးရ သည်ကျောင်း သားများအပေါ် တွင်ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့ပြီး ရန်လိုသည့် အသွင်ဖြင့် နှိမ်နင်းခဲ့သဖြင့် အစိုးရအပေါ် တွင်ပြည်တွင်းပြည်ပ၏ ယုံကြည်မှုများ ရုတ်ချည်းကျ ဆင်းသွား ချိန်တွင် သမ္မတ ဦးသိန်းစိန် အစိုးရသည် ငြိမ်းချမ်းရေး စာချုပ် ပထမပိုင်း (၀ါ) အပစ်ရပ် စာချုပ်မူကြမ်းကို အပြီးသတ် လိုက်ခြင်းဖြစ်သည်။
ကျောင်းသားများကို အစိုးရက ရန်သူသဖွယ် တိုက်ခိုက် နှိမ်နင်းစဉ်က မိဘပြည်သူ များသည် မျက်ရည်သုတ် လက်သီးဆုပ်ပြီး စိတ်ထိခိုက် ပူဆွေးဝမ်း နည်းခဲ့ရ သည်။ ယခုတစ်ဖန်တစ်နိုင်ငံလုံးအပစ်ရပ်ပြီး မြန်မာပြည်ငြိမ်းချမ်းရေး လက်တကမ်းသို့ ရောက်လာတော့မည်လား အတွေးဖြင့် မတ်၃၁ စာချုပ်မူကြမ်း သဘော တူလက်မှတ် ထိုးပွဲကို ကြိုဆိုရပြန် သည်။ပြည်သူ များသည် အခုငိုလိုက် တစ်ခါ ရယ်လိုက်၊ အခု အစိုးရကို ကြိတ်မနိုင်ခဲမရ ဆဲလိုက်ဆိုလိုက်၊ အခုတစ်ခါ အစိုးရ သည် မိဘပြည်သူ အကျိုးကို ကြည့်လေ မည်လား ဟုတွေးလိုက်တောလိုက် ရင်မောဖိုလှိုက်နှင့် အရူးတစ်ယောက် လိုဖြစ်ရသည်။
မိဘပြည်သူ များသည် အရူး မဟုတ်ပါ။ သမ္မတ ဦးသိန်းစိန် အစိုးရ ၏နိုင်ငံရေး ကစားကွက် များအတိုင်း အသုံးတော် ခံနေကြ သူများ မဟုတ်ပါ။ ငြိမ်းချမ်းရေး အတွက် မီဒီယာများက အားတက်သရော ဖော်ပြကြသည်ကို ၀မ်းသာအားရ ဖတ်ရမှတ်ရ၊ ကြားရသိရသဖြင့် မြန်မာပြည်အနာဂတ်ရေးတွေး ကာပြည်သူများမှာ ၀မ်းသာကြပါသည်။ သို့သော် အခြားတစ်ဖက်တွင်လည်း အဆိုပါပြည်သူများ၏ သားသမီးများသည်လည်းကောင်း၊ မိဘဘိုးဘွား များသည်လည်းကောင်း ၊ဆွေ မျိုးသားချင်း များသည် လည်းကောင်း မိမိတို့ အခွင့်အရေး မိမိတို့တောင်း ဆိုရင်းဖြင့် ပင်ထောင်ကျ တန်းကျ၊ အထု အထောင်း အနှိပ် အစက်ခံရ၊ ထိုးရိုက် ကန်ကြောက် လှီးဖြတ် ပစ်ခတ်ခံရဖြင့် ဒုက္ခရောက်နေကြသည်၊ ဖမ်းဆီးခံထားရသည်၊ သတ်ဖြတ် ခံနေရကြသည်။
သမ္မတဦးသိန်းစိန်အစိုးရသည် မိမိတို့အစိုးရအောင်မြင်မှုအတွက် သက်သေခံအဖြစ် ပြဆိုနိုင်ရန် ငြိမ်းချမ်းရေးကို မောင်ပိုင်စီးထားသည်မျိုး မလုပ်သင့်ပါ။ ငြိမ်း ချမ်းရေး သည်ပြည်သူများ အတွက်သာဖြစ်ရပါမည်။ ငြိမ်းချမ်းရေးအတွက်ပြောရေးဆိုခွင့် ရှိသူများနှင့် ရပိုင်ခွင့်ရှိသူများမှာပြည်သူများသာဖြစ်ပြီး ငြိမ်းချမ်းရေး ကိုအလိုချင်ဆုံး၊ ငြိမ်းချမ်းရေးအရသာကို အသိဆုံးနှင့် ခံစားပိုင်ခွင့်ရှိသူများမှာလည်း ပြည်သူများသာ ဖြစ်ပါသည်။ ပြည်သူပိုင်ငြိမ်းချမ်းရေးကို အစိုးရမှတ်တိုင် မလုပ်စေချင်ပါ။ တိုင်းရင်းသားလက်နက်ကိုင်များကလည်း ပြည်သူ့ဆန္ဒအမှန်ကို အကောင်မွန်ဆုံးနှင့် အမြန်ဆုံး ဖော်ဆောင်ပေးရန် တာဝန်ရှိပါသည်။
ပြည်သူ့ကိုယ် စားမြန်မာနိုင် ငံတော်ငြိမ်း ချမ်းစေရန်ဆောင် ရွက်မှုများကို ပြည်သူများက အသိ အမှတ်ပြု ကြသော် လည်းပြည်သူများ မျက်စိလည်ရုံ ငြိမ်း ချမ်းရေးဆောင် ရွက်ချက်များ ကိုမူပြည်သူ များက မနှစ်မြို့ကြပါ။ သမိုင်းဝင်ဆောင် ရွက်ချက်အဖြစ် သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့ ဗိုလ်ဝင်ခံချင်လည်း ခံကြပါ၊ တိုင်းရင်းသားခေါင်းဆောင်များက ၀မ်းပန်းတသာ အားတက်သရော ရှိနေမည်ဆိုလည်း ရှိကြပါ။
အစဉ် အဆက်နှစ်ဘက် လက်နက် ကိုင်ခဲ့ကြ သူများသည် မိဘပြည် သူများ၏ သားဆိုး သမီးဆိုး ဖြစ်နေစေဦးတော့ ၊အောင်မြင်သော ထိရောက်သော ရလဒ် ပါသော ငြိမ်းချမ်းရေးဆောင် ရွက်မှုများ အကျိုးဖြစ်ထွန်း မှုများကို ဂုဏ်ယူ ၀မ်းမြောက် စွာဖြင့်မြင်တွေ့ လိုသည် ချည်းဖြစ်ပါသည်။ သို့သော် မိဘပြည်သူများ သည် အရူးများ မဟုတ်ပါ၊ ထို့ကြောင့် ပြည်သူများကို အရူးမလုပ်ရန် ပြည်သူများကိုယ်စား မဇ္ဈိမက တောင်းဆိုသည်။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မူကြမ်းမှ သည် မြန်မာတစ်ပြည်လုံး ထာဝရငြိမ်းချမ်းရေးကို လက်တွေ့မျက်တွေ့ ခံစားနိုင်ပါရန် နောက်မပြန် နောက်မလန်ဘဲ အကွေ့အ၀ှိုက် အတိုးအဆုတ် အလျှော့ အတင်း အနည်းဆုံးဖြင့် အမှန်ဆုံး အမြန်ဆုံး အရိုးသားဆုံးနှင့် အသန့်ရှင်းဆုံး ဆက်လက်ဆောင်ရွက်ကြပါရန်လည်း မဇ္ဈိမက တိုက်တွန်းသည်။
Credit - Mizzima News
No comments:
Post a Comment