ရန်ကုန်၊ ဧပြီ ၈
သမိုင်းဝင် ကျိုက္ကဆံအားကစားကွင်းကို စီးပွားရေး စီမံကိန်းအဖြစ် စီစဉ်နေမှုအား ကန့်ကွက်သည့်အဆိုကို ဧပြီ လ ၂ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ရာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ဇယား(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း၌ မပါဝင်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကန့်ကွက် သည့်အတွက် လွှတ်တော်က ပယ်ချလိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဇယား(၂)၌ အားကစားကဏ္ဍ မပါဟုဆိုကာ ကန့်ကွက်ခဲ့သော်လည်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၌ အားကစားဝန်ကြီးဌာနအတွက် ဘတ်ဂျက်တောင်းခံမှုများ ရှိခဲ့ပြီး
အားကစားကွင်းကိစ္စနှင့် ပတ်သက်၍ တောက်လျှောက်မေး ခွန်း မေးမြန်းဆွေးနွေးမှုများ ရှိခဲ့သော ကြောင့် ယခုကဲ့သို့ အဆိုတင်သွင်းခဲ့ရာ ပယ်ချခံရခြင်း ဖြစ်သည်။
““အားကစားကွင်းနဲ့ ပတ်သက်တာတွေ အကုန်လုံးဆွေးနွေး ခွင့်ရခဲ့တယ်။ ဘာလို့လဲဆိုတော့ ဘတ်ဂျက်ထဲမှာ သူတို့ပါနေလို့။ ဇယား(၂)ထဲမှာ အဲဒီလိုရေးမထားဘူး။ လူမှုရေးကဏ္ဍလို့ပဲ ရေးထားတယ်။ လူမှုရေးကဏ္ဍထဲမှာ အား ကစားကပါတယ်ဆိုပြီး တောက်လျှောက် ဆွေးနွေး လာခဲ့ကြတယ်။ ဒီတစ်ကြိမ် ဒီကိစ္စကျတော့မှပဲ သူ တို့ဇယား(၂)ထဲမှာ မပါဘူး။ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အန်တီတို့ပြောတာ။ အန်တီပြန်မပြောနိုင် တဲ့အနေအထားမှာ ပြောတာ သူတို့ အလှည့်ကို ဖြတ်ပြောလို့မှ မရတာ။ လွှတ်တော် ကိုယ်စားလှယ်ကြီး က သေသေ ချာချာ မလေ့လာဘဲနဲ့ ပြောနေပါတယ်ဆိုပြီး အန်တီ့ကို ပြန်တီးတာ””ဟု ဒေါက်တာညိညို သင်း က မြန်မာ သံတော်ဆင့်သို့ ပြောသည်။…
ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံအဆောက်အအုံ အဆင့်မြှင့်တင်ရေးနှင့် စီးပွားရေး ဗဟိုဧရိယာ အကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံမှ Raysum အိမ်ရာအဆောက်အအုံ ကုမ္ပဏီ၊ Ikeya ကော်ပိုရေးရှင်းနှင့် Mariana ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့ပါဝင်ပြီး စင်ကာပူနိုင်ငံ၌ မှတ်ပုံတင်ထားသော Kyaik Ka San Land Development ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဖေဖော် ၀ါရီ ၃ ရက်ထုတ် နိုင်ငံပိုင် သတင်း စာများတွင် ဖော်ပြပါရှိခဲ့သည်။ အဆိုပါအဆိုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၌ ဆွေးနွေးသင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ ရာ ဆွေးနွေးသင့်သည် ဟူသောဘက်က ရှုံးနိမ်ခဲ့သည်။
““နောက်ဆုံးမဲခွဲတော့ အန်တီရယ်၊ ဦးကျော်ရယ်၊ ဒေါ်သန်းသန်းမြင့်ရယ်၊ ဦးမြင့်ကြည်ရယ် ဒီ ၄ယောက် ပဲ ထောက်ခံတယ်။ အံ့သြစရာပဲ။ အစိုးရအဖွဲ့က သဘောမတူဘူးဆိုတာနဲ့ မထောက်ခံရဲတာ။ ဒီလောက်ေ တာင်မှ လူထု အကျိုးစီးပွားအတွက်ကို မရပ်ရဲဘူးလားပေါ့။ ပြီးရင်တော့ သူတို့ လာပြောဦး မယ်။ ဒေါ်ညိုညို သင်း စိတ်မ ကောင်းပါဘူး။ ကျွန်တော်တို့ ကလူကြီးခိုင်းလို့ လုပ်ရတာပါ။ ကွယ်ရာကျတော့ လာငိုပြတဲ့ လူတွေ အများကြီး ပဲ”” ဒေါက်တာညိုညိုသင်းက ဆက်လက်ဝေဖန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သမိုင်း၌ ယခုကဲ့သို့အဆို ပယ်ချခံရခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပထမ အကြိမ်က ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူအ သုံးပြုရန် ကိစ္စဖြစ်သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment